ဗယ်လင်တိုင်း‌နေ့မှာ နှင်းဆီ၊ ချောကလက် ပေးတဲ့အဓိပ္ပါယ်နှင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဖေဖော်ဝါရီ ၁၅….

ဗယ်လင်တိုင်း‌နေ့မှာ နှင်းဆီ၊ ချောကလက် ပေးတဲ့အဓိပ္ပါယ်နှင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဖေဖော်ဝါရီ ၁၅….

ဗယ်လင်တိုင်းဆိုတာ၊ ဗယ်လင်တိုင်း ဆိုသူဟာ နတ်ကိုးကွယ်တဲ့ ရောမဘုရင် က ခရစ်ယန်တွေကို သုတ်သင်တဲ့ခေတ် အေဒီ ၄ ရာစု က ခရစ်ယန် ဘုန်းကြီးတပါး နာမည် ဖြစ်တယ် တဲ့။ သူ့ကိုအမှတ်တရပြုတဲ့နေ့တဲ့။

ယုံတမ်းတခုမှာ ရောမဘုရင် ကလားဒီးယစ်က စစ်သားတွေ အိမ်ထောင်မပြုရင်ကောင်းတယ်၊ နောက်ဆံတင်းတာတွေလျော့ပြီး စစ်ကို ‌ေ-သ‌ေ-သကြေကြေ တိုက်ကြလိမ့်မယ်လို့ ယူဆပြီး စစ်သားတွေ အိမ်ထောင်မပြုရ အမိန့်ထုတ်ပြန်တယ်။ ဒါကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ကန့်ကွက်ခဲ့လို့ ဘုရင်က အမျက်ရှတယ်။ သ-တ်ပစ်တယ်။

နောက်တခုမှာ ရောမဘုရင်ဟာ လူပျိုတွေချည်းပဲ စစ်သားအဖြစ် စုဆောင်းတယ်၊ စစ်မတိုက်ချင်သူတွေ စစ်ထဲမသွားရအောင် စုံတွဲတွေကို ဘုန်းတော်ကြီးဗယ်လင်တိုင်းက အိမ်ထောင်ပြုပေးတယ်။ ဘုရင်က စစ်သားဦးရေလျော့လာတော့ ဘုန်းကြီးကို စိတ်ဆိုးတယ်။ သ-တ်ပစ်တယ်။

တကယ်တော့ အဲ့ဒီ လေးရာစုနှစ်တုန်းက ဖေဖော်ဝါရီ ၁၃-၁၅ ရက် အတွင်း ရောမသားတွေဟာ မိန်းမတွေကို သားသမီးရအောင် ကြာပွတ်နဲ့ -ိုက်၊ နတ်ဘုရားတွေကို သားကောင်တွေ ယစ်ပူဇော်တဲ့ the Feast of Lupercalia နေ့ ဖြစ်တယ်တဲ့။ အဲ့ဒီပွဲမှာ လူတွေဟာ ဝတ်လစ်စလစ် နဲ မူးရူးပျော်ပါးကြတယ်။

အဲ့ဒီပွဲကို အစပြုပြီး နောင် နတ်မကိုးကွယ်တော့တဲ့ခေတ်မှာ စိန့်ဗယ်လင်တိုင်းနေ့ လို့ ပြောင်းသတ်မှတ်ပြီး ဆက်ကခုန်ကြတယ် လို့လည်း ဆိုကြတယ်။

အင်္ဂလန် နဲ့ ပြင်သစ်မှာ ငှက်မိတ်လိုက်ရာသီအစကို ဖေဖော်ဝါရီလ ၁၄ ရက် လို့ တရားဝင်သတ်မှတ်ပြီး ငှက်ပစ် မထွက်ကြဘူး။ အဲ့ဒီနေ့ဟာ စုံတွဲတွေရဲ့ နေ့လို့ နောက်ဖြစ်လာတယ် တဲ့။

ပထမဆုံး ဗယ်လင်တိုင်းနေ့ မှတ်တမ်းက ၁၄ ရာစုနှစ် Chaucer (1382) ရေးတဲ့ စာတမ်းပါတဲ့၊ “For this was on St. Valentine’s Day, when every bird cometh there to choose his mate.” လို့ရေးခဲ့ပါတယ်။

အရိုးရှည်ရှည် နှင်းဆီနီကို ဘာလို့ပေးကြတာလဲ၊ နှင်းဆီနီဟာ အချစ်ရဲ့ သင်္ကေတ ဖြစ်တယ်၊ ဂရိတွေရဲ့ အချစ် နတ်သမီး အက်ဖရိုဒိုက်နဲ့ ဆက်စပ်တယ်တဲ့။

ချောကလက် ဘာလို့ပေးလဲ။ ချောကလက်ဟာ အသဲကွဲတာကို ဖြေဖျောက်နိုင်တယ်လို့ ၁၉ ရာစု က ဆရာဝန်တွေက ယူဆကြတယ်။ ဒါကြောင့် ချောကလက်ပေးတယ်။ ချောကလက်မှာ စိတ်ကျရောဂါကို သက်သာစေတဲ့ ဓါတ်တမျိုးပါတယ်။

နိုင်ငံခြားမှာတော့ ဗယ်လင်တိုင်းကဒ်တွေ အများဆုံးရတာ ဆရာ၊ ဆရာမတွေဖြစ်တယ်တဲ့။ ကျောင်းသားတွေက သူတို့ချစ်တဲ့ ဆရာ ဆရာမတွေကို ဗယ်လင်တိုင်းနေ့မှာ thank you အနေနဲ့ ဝိုင်းပေးကြတာပါ။

ဗယ်လင်တိုင်း ဘယ်က စတယ် ဆိုတာ သေချာမပြောနိုင်ပေမဲ့ အပေါ်ကအကြောင်းကြောင်းထဲက တခုကနေ မြစ်ဖျားခံလာပုံရပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ဗယ်လင်တိုင်းနေ့ အကြောင်း သိလည်းမသိဘူး၊ တခါမှ လည်းမကြားခဲ့ဖူးဘူး၊ မြန်မာပြည် ကူးစက်လာတာ ဆယ်စုနှစ် ပျော့ပျော့တခုစာပဲရှိသေးတယ်။

Single Awareness Day လူပျို၊ အပျိုများ အမှတ်တရနေ့က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ဖြစ်တယ် တဲ့။ ကဲ ထပ်ကျင်းပကြဦးပေါ့။ ကိုကျော်စွာမင်း (ပုဂံ) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ဗယ္လင္တိုင္း‌ေန႔မွာ ႏွင္းဆီ၊ ေခ်ာကလက္ ေပးတဲ့အဓိပၸါယ္ႏွင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေဖေဖာ္ဝါရီ ၁၅….

ဗယ္လင္တိုင္းဆိုတာ၊ ဗယ္လင္တိုင္း ဆိုသူဟာ နတ္ကိုးကြယ္တဲ့ ေရာမဘုရင္ က ခရစ္ယန္ေတြကို သုတ္သင္တဲ့ေခတ္ ေအဒီ ၄ ရာစု က ခရစ္ယန္ ဘုန္းႀကီးတပါး နာမည္ ျဖစ္တယ္ တဲ့။ သူ႔ကိုအမွတ္တရျပဳတဲ့ေန႔တဲ့။

ယုံတမ္းတခုမွာ ေရာမဘုရင္ ကလားဒီးယစ္က စစ္သားေတြ အိမ္ေထာင္မျပဳရင္ေကာင္းတယ္၊ ေနာက္ဆံတင္းတာေတြေလ်ာ့ၿပီး စစ္ကို ‌ေ-သ‌ေ-သေၾကေၾက တိုက္ၾကလိမ့္မယ္လို႔ ယူဆၿပီး စစ္သားေတြ အိမ္ေထာင္မျပဳရ အမိန္႔ထုတ္ျပန္တယ္။ ဒါကို ဘုန္းေတာ္ႀကီး ဗယ္လင္တိုင္းက ကန္႔ကြက္ခဲ့လို႔ ဘုရင္က အမ်က္ရွတယ္။ သ-တ္ပစ္တယ္။

ေနာက္တခုမွာ ေရာမဘုရင္ဟာ လူပ်ိဳေတြခ်ည္းပဲ စစ္သားအျဖစ္ စုေဆာင္းတယ္၊ စစ္မတိုက္ခ်င္သူေတြ စစ္ထဲမသြားရေအာင္ စုံတြဲေတြကို ဘုန္းေတာ္ႀကီးဗယ္လင္တိုင္းက အိမ္ေထာင္ျပဳေပးတယ္။ ဘုရင္က စစ္သားဦးေရေလ်ာ့လာေတာ့ ဘုန္းႀကီးကို စိတ္ဆိုးတယ္။ သ-တ္ပစ္တယ္။

တကယ္ေတာ့ အဲ့ဒီ ေလးရာစုႏွစ္တုန္းက ေဖေဖာ္ဝါရီ ၁၃-၁၅ ရက္ အတြင္း ေရာမသားေတြဟာ မိန္းမေတြကို သားသမီးရေအာင္ ၾကာပြတ္နဲ႔ -ိုက္၊ နတ္ဘုရားေတြကို သားေကာင္ေတြ ယစ္ပူေဇာ္တဲ့ the Feast of Lupercalia ေန႔ ျဖစ္တယ္တဲ့။ အဲ့ဒီပြဲမွာ လူေတြဟာ ဝတ္လစ္စလစ္ နဲ မူး႐ူးေပ်ာ္ပါးၾကတယ္။

အဲ့ဒီပြဲကို အစျပဳၿပီး ေနာင္ နတ္မကိုးကြယ္ေတာ့တဲ့ေခတ္မွာ စိန္႔ဗယ္လင္တိုင္းေန႔ လို႔ ေျပာင္းသတ္မွတ္ၿပီး ဆက္ကခုန္ၾကတယ္ လို႔လည္း ဆိုၾကတယ္။

အဂၤလန္ နဲ႔ ျပင္သစ္မွာ ငွက္မိတ္လိုက္ရာသီအစကို ေဖေဖာ္ဝါရီလ ၁၄ ရက္ လို႔ တရားဝင္သတ္မွတ္ၿပီး ငွက္ပစ္ မထြက္ၾကဘူး။ အဲ့ဒီေန႔ဟာ စုံတြဲေတြရဲ့ ေန႔လို႔ ေနာက္ျဖစ္လာတယ္ တဲ့။

ပထမဆုံး ဗယ္လင္တိုင္းေန႔ မွတ္တမ္းက ၁၄ ရာစုႏွစ္ Chaucer (1382) ေရးတဲ့ စာတမ္းပါတဲ့၊ “For this was on St. Valentine’s Day, when every bird cometh there to choose his mate.” လို႔ေရးခဲ့ပါတယ္။

အရိုးရွည္ရွည္ ႏွင္းဆီနီကို ဘာလို႔ေပးၾကတာလဲ၊ ႏွင္းဆီနီဟာ အခ်စ္ရဲ့ သေကၤတ ျဖစ္တယ္၊ ဂရိေတြရဲ့ အခ်စ္ နတ္သမီး အက္ဖရိုဒိုက္နဲ႔ ဆက္စပ္တယ္တဲ့။

ေခ်ာကလက္ ဘာလို႔ေပးလဲ။ ေခ်ာကလက္ဟာ အသဲကြဲတာကို ေျဖေဖ်ာက္နိုင္တယ္လို႔ ၁၉ ရာစု က ဆရာဝန္ေတြက ယူဆၾကတယ္။ ဒါေၾကာင့္ ေခ်ာကလက္ေပးတယ္။ ေခ်ာကလက္မွာ စိတ္က်ေရာဂါကို သက္သာေစတဲ့ ဓါတ္တမ်ိဳးပါတယ္။

နိုင္ငံျခားမွာေတာ့ ဗယ္လင္တိုင္းကဒ္ေတြ အမ်ားဆုံးရတာ ဆရာ၊ ဆရာမေတြျဖစ္တယ္တဲ့။ ေက်ာင္းသားေတြက သူတို႔ခ်စ္တဲ့ ဆရာ ဆရာမေတြကို ဗယ္လင္တိုင္းေန႔မွာ thank you အေနနဲ႔ ဝိုင္းေပးၾကတာပါ။

ဗယ္လင္တိုင္း ဘယ္က စတယ္ ဆိုတာ ေသခ်ာမေျပာနိုင္ေပမဲ့ အေပၚကအေၾကာင္းေၾကာင္းထဲက တခုကေန ျမစ္ဖ်ားခံလာပုံရပါတယ္။ ကၽြန္ေတာ္တို႔ ငယ္စဥ္က ဗယ္လင္တိုင္းေန႔ အေၾကာင္း သိလည္းမသိဘူး၊ တခါမွ လည္းမၾကားခဲ့ဖူးဘူး၊ ျမန္မာျပည္ ကူးစက္လာတာ ဆယ္စုႏွစ္ ေပ်ာ့ေပ်ာ့တခုစာပဲရွိေသးတယ္။

Single Awareness Day လူပ်ိဳ၊ အပ်ိဳမ်ား အမွတ္တရေန႔က ေဖေဖၚဝါရီ ၁၅ ရက္ေန႔ျဖစ္တယ္ တဲ့။ ကဲ ထပ္က်င္းပၾကဦးေပါ့။ ကိုေက်ာ္စြာမင္း (ပုဂံ) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Be the first to comment

Leave a Reply

Your email address will not be published.


*