အိမ်နီးနားချင်းများ ရန်ဖြစ်နေတာကို ခိုးနားထောင်ရင်း အားမရလို့….
မကြာသေးမီရက်များအတွင်း လူမှုကွန်ရက်ပေါ်မှာ အိမ်နီးနားချင်းရဲ့အိမ်ကို ချောင်းကြည့်ရန် သစ်ပင်များလွှဲကာ ကြိုးစားလုပ်ခဲ့တဲ့ ခွေးတစ်ကောင်ရဲ့ သူဌေး ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ မျှဝေပြီး လူများ ရယ်မောကာ သဘောကျသွားကြပါတယ် ။
ဒါဟာ ခွေးလေးက ဘေးအိမ်ရဲ့ ဆူညံသံကြောင့် ခွေးလေးက စပ်စုချင်စိတ်နဲ့ ချောင်းကြည့်ခဲ့ပါတယ် ။ ဒါပေမဲ့ ကုလားထိုင် သို့မဟုတ် လှေကားမရှိတဲ့ အတွက်ကြောင့် ခွေးလေးက ချက်ချင်းပင် ခြေထောက်လေးချောင်းရဲ့ အားသာချက်ကို အသုံးပြုကာ နံရံနဲ့ သစ်ပင်ရဲ့ ပင်စည်ကို တွယ်ကပ်ခဲ့ပါတယ် ။
အစပိုင်းမှာတော့ ကောင်လေးက အိမ်နီးချင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အောက်ကိုသာ ရပ်ပြီး နားထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသံကြားရုံမျှဖြင့် မကျေနပ်ပုံရပြီး ခွေးကလေးက အမြင့်သို့တက်ရန် ဆုံးဖြတ်လိုက်ပါတယ် ။
ဒီခွေးလေးကို ပုံရိပ်တွေကို အင်တာနက်ပေါ်မှာ မျှဝေပြီးပြီးချင်း လူတိုင်းက မရယ်ဘဲနဲ့ကို မနေနိုင်အောင် ခွေးလေး စပ်စုစိန်လို့တောင် နာမည်ပြောင်ပေးလိုက်ကြပါသေးတယ် ။crd
Leave a Reply