
”ပညာ”ကို အဓိပ္ပာယ် (၂)မျိုး ဖွင့်ဆိုလိုက်သောအခါ ကောင်းလွန်းလို့ ပြန်လည်မျှ ဝေလိုက်ပါတယ်….
သိပ်ကောင်းတယ်ဗျာ။ ဖတ်ကြည့်ပါ။ မူရင်းစာရေးသူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။
” ပညာအား အဓိပ္ပါယ် ဖွင့်ဆိုပုံ နှစ်မျိုး ”
မနက်က လိုင်းဖွင့်လိုက်တာနဲ့ ဘွဲယူဓာတ်ပုံတစ်ပုံအရင်တွေ့တယ်။ ဓာတ်ပုံ ရိုက်ထားတာက ဘွဲ့ဝတ်စုံ ဝတ်ပြီး နွားလှည်း တံပိုးကို ထမ်းထားတဲ့ပုံပါ။
ဘွဲရလည်း ဘာမှ သုံးမရ ဘူး လို့ ရေးထားပါသေးတယ်။မိတ်ဆွေ တို့လဲ အဲ့ဒီ ပုံ တွေ့ပြီးပြီ ဖြစ်ကောင်းဖြစ်မှာပါမြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်းသုံးသော်လည်း အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdomဟူ၍ နှစ်မျိုးကွဲလေသည်။
Education ဆိုတာက ကျောင်းကနေသော်လည်းကောင်း မိဘဆီကနေသော် လည်ကောင်း သင်ယူတက်မြောက် ဘွဲ့ရလာတာကို ဆိုလိုတာပါအဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ်။
နောက်ပညာတစ်ခုက….အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ် ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ် စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ် Wise ဆိုတဲ့စာလုံးက လာတာပါ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာမှာ ဘာသာပြန်လုပ်တာ လခ (၁) သိန်းရပါတယ်ကျွန်တော့်အတွက် ဖူလုံ ပါတယ်ဒါပေမယ့် ကျွန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က ၈ ပတ် ကို ၃ သိန်းသွင်းရမယ်
IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့ကွျှန်တော့လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်မလုံလောက်ပါဘူးအဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီးကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါတယ်ကျွန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်ဖယ်ရီ ယူ ထားပါတယ်
တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရားရှေ့ထိပါ …ကျွန်တော် ကိုယ်တိုင်မောင်းပါတယ်ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်…တစ်နေ့ ၄ သောင်း ရပါတယ်
” Wisdom ရဲ့ အရေးကြီးပုံ”ကျွန်တော်တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ ” အငယ်လေး ” ဆိုတဲ့လူငယ် တစ်ယောက်ရှိတယ်အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်
ညနေမှာ ပြန်ခါနီးသူက ပိုနေတဲ့ ရေခဲရေကို လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့ လူချစ်ခံရတယ်ကျွန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့ သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်
သူနေ့တိုင် လာလာပြင်ပေးတယ်ကျွန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်ကျွန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကွျှမ်းကျင်လာတော့ ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့ပေးတယ်ကျွန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာပေါ့လိုရင်းပြောရရင် သူ ကားကြီး မောင်းနိုင်သွားတယ်
နောက်တော့ ကျွန်တော်ကို စပယ်ယာ လိုင်စင်လုပ်ပေးဖို့ ပူဆာတယ်ကျွန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့ ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ လာပြောရင် ကျွန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ
နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ်တခြားကားမှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့ Owner casher ဖြစ်လာတယ်…ငွေသိမ်းပေါ့အဲ့ဒီ အချိန်မှာ ကျွန်တော် IELTS စာမေးပွဲမှာ6.7 ရသွားတော့ ကားလောက ကနေကျွန်တော် ထွက်သွားတယ်
၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လိုက်ပါတယ်…ဒီနေ့ အချိန် ထိ အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ ကားသမားဘဝ နဲ့ အင်္ဂလိပ်စာဆရာ ဘဝ ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကွျှန်တော်ပျော်တယ်…ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို ကျွန်တော်နှစ်သက်ပါတယ်၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ ကျွန်တော် မြို့တော်ခန်းမရှေ့မှာ ဗီယက်နာမ် တစ်ယောက်ကို မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကွျှန်တော့ ဘေးမှာ လာရပ် ပြီး” ကိုကျော် ကွျှန်တော့ မှတ်မိလား ” ကွျှန်တော် အငယ်လေး ပါ”ဂိတ်ဘက်ရောက်ရင် ဝင်လာခဲ့ပါဦးဗျာ ကျေးဇူးဆပ်ချင်လို့ကျွန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ”
ကျွန်တော် ပြုံး မိ တယ်တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေးအခု လိုင်းကားတစ်စီး ပိုင်သွားတယ်သူ့မှာ education မရှိခဲ့ဘူးဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူးဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်သူက ဘဝ ကို Education မရှိပေမယ့် Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်….။
” Education ” ရဲ့ အရေးပါပုံ Education ကလည်း အရမ်းအရေးပါ ပါတယ် တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေးကို ” သင်ညာ ” တွေ ဆို ပြီး wisdom လောက် အရေးမပါဘူးလို့ ဆိုတာလည်း မကြာခဏ ဖတ်ရပါတယ်
ကျွန်တော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်ဆရာတစ်ယောက်က ပညာဆိုတာ ” ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်းအောင်ဖို့ထက် လူလိုနားလည်ဖို့လိုတယ် လို့ ဆိုတယ် ”သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြုသဘောဆို ချင်တာ။
ဒါပေမယ့် အဲ့ဒီ စကားကို ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က ” ယူ “သုံးရော” ဆယ်တန်းအောင်ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ”အမှန်က မိဘ ကျောင်းထားပါလျှက် ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေနိုင်တဲ့ကောင်က ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို ကာဘာလုပ်သွားတယ်
ကျွန်တော် ကားသမား ဘဝ မှာယုဇန ဥယဉ်မြို့တော်က ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်မျက်စိကို အဝတ်စည်းထားပြီး ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင် ဘယ်နေရာက မူလီဆိုတာ အလွှတ်ပြောနိုင်အောင် သူ့Subjectကို သူနိုင် နင်းတယ်အပြောအဆိုလည်း ညက်တယ်ကျွန်တော်ရဲ့ မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်
အချိန်တန်ဘွဲ့ရ လာတယ် education certificate ရှိတယ် စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့် ကားရဲ့ ပင်စတင်တောင် အပြင်မှာ မတွေ့ဘူးဖူးအဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ် သဘောင်္တက်တော့ စက်ကို အရမ်းကျွမ်းတဲ့ ညီညီ အောင်က ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ် လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့ အင်ဂျင်နီယာကျောင်းဆင်းက တတိယ အရာရှိ ဖြစ်သွားတယ် လခ သိန်း၂၀ဘာကွာသွားလဲ Education ကွာသွားတာပဲဒါကြောင့် Education ကလည်း ဘဝ ရပ်တည်ရေးအတွက် သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော ဘာပဲပြောပြော ပြောချင်တာပြော အသုံးဝင်တယ်တစ်ချို့ အရာရှိတွေ သိပ်မောက်မာ ရိုင်းစိုင်းတယ်လူကြီးကို လည်းဆဲ ချင်ဆဲတယ်Wisdomမရှိဘူးပေါ့ဒါပေမယ့် Education က ရှိနေတော့ ဘဝရပ်တည်လို့ရနေတယ်
တစ်ချို့လည်း Education မရှိပေမယ့် နေတက် ထိုင်တက်တော့ တဖြည်းဖြည်း အထက်ရောက်လာတယ် အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့ဘဝ မှာ Education သို့မဟုတ် Wisdomတစ်ခု ကောင်းကောင်းရှိရင် ဘဝ ရပ်တည်လို့ရတယ်
နှစ်ခု လုံးရှိရင် Perfect ဖြစ်သွားပါတယ်…..ဒါကြောင့် ကိုယ့်မှာ လိုနေတာ ကိုယ့် ကြိုးစားဖြည့်ပေါ့အလားတူပဲ Education ကသာ ကောင်းတယ်Wisdom ကသာ မှန်တယ်လို့ ဇောင်းပေးပြီ မပြောအပ်ပါဘူးဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော ၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ အကြားအမြင်ဗဟုသုတ များခြင်းအပြစ်ကင်းသော စက်မူ့လက်မူ့အတတ်ကို တတ်ခြင်းကိုယ်ကျင့်တရားကောင်းခြင်း အပြောအဆို ချိုသာယဉ်ကျေးခြင်း ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာမည်ပေ၏။crd
”ပညာ”ကို အဓိပၸာယ္ (၂)မ်ိဳး ဖြင့္ဆိုလိုက္ေသာအခါ ေကာင္းလြန္းလို႔ ျပန္လည္မၽွ ေဝလိုက္ပါတယ္….
သိပ္ေကာင္းတယ္ဗ်ာ။ ဖတ္ၾကည့္ပါ။ မူရင္းစာေရးသူ ကိုေက်ာ္မင္းထြန္းကိုအထူးေက်းဇူးတင္ပါတယ္။
” ပညာအား အဓိပၸါယ္ ဖြင့္ဆိုပုံ ႏွစ္မ်ိဳး ”
မနက္က လိုင္းဖြင့္လိုက္တာနဲ႔ ဘြဲယူဓာတ္ပုံတစ္ပုံအရင္ေတြ႕တယ္။ ဓာတ္ပုံ ရိုက္ထားတာက ဘြဲ႕ဝတ္စုံ ဝတ္ၿပီး ႏြားလွည္း တံပိုးကို ထမ္းထားတဲ့ပုံပါ။
ဘြဲရလည္း ဘာမွ သုံးမရ ဘူး လို႔ ေရးထားပါေသးတယ္။မိတ္ေဆြ တို႔လဲ အဲ့ဒီ ပုံ ေတြ႕ၿပီးၿပီ ျဖစ္ေကာင္းျဖစ္မွာပါျမန္မာစာလုံးတြင္ ပညာ ဟု တစ္လုံးတည္းသုံးေသာ္လည္း အဂၤလိပ္ ဘာသာတြင္မူ Education ႏွင့္ Wisdomဟူ၍ ႏွစ္မ်ိဳးကြဲေလသည္။
Education ဆိုတာက ေက်ာင္းကေနေသာ္လည္းေကာင္း မိဘဆီကေနေသာ္ လည္ေကာင္း သင္ယူတက္ေျမာက္ ဘြဲ႕ရလာတာကို ဆိုလိုတာပါအဲ့တာကို ပညာတက္ educated person လို႔ေခၚပါတယ္။
ေနာက္ပညာတစ္ခုက….အမွားအမွန္ကိုေကာင္းေကာင္း ေဝဖန္ ပိုင္းျခားနိုင္တဲ့ပညာပါဘယ္လို မေန သင့္ဘူး ဘယ္လိုေနသင့္တယ္ဘယ္လိုမေျပာသင့္ဘူး ဘယ္လိုေျပာသင့္တယ္ ဘယ္လိုမယူဆ သင့္ဘူး ဘယ္လို ယူဆသင့္တယ္ စသည့္ အမွားအမွန္ေဝဖန္နိုင္တာ ကိုေတာ့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ္ Wise ဆိုတဲ့စာလုံးက လာတာပါ လြန္ခဲ့တဲ့ ၁၂ ႏွစ္ေလာက္က ကၽြန္ေတာ္ စကိုင္းနက္မီဒီယာမွာ ဘာသာျပန္လုပ္တာ လခ (၁) သိန္းရပါတယ္ကၽြန္ေတာ့္အတြက္ ဖူလုံ ပါတယ္ဒါေပမယ့္ ကၽြန္ေတာ္ ဆက္တက္ခ်င္တဲ့ ၿဗိတိ ေကာင္စယ္က ၈ ပတ္ ကို ၃ သိန္းသြင္းရမယ္
IELTS ေျဖရင္လည္း ၁၄၅ ေဒၚလာ သြင္းရမယ္ဆိုေတာ့ကြၽွန္ေတာ့လက္ထဲမွာက ၁၀ သိန္းေလာက္ပဲရွိတယ္မလုံေလာက္ပါဘူးအဲ့ဒါနဲ႔ စကိုင္းနက္ ကေန အလုပ္ထြကိ လိုက္ၿပီး မထသ ၆၂ လိုင္းက ၅ခ /၆၈၀၃ကို isuzu ကားႀကီးကို တစ္လ ၆ သိန္းနဲ႔ ကန္ထရိုက္ယူလိုက္ပါတယ္
ေန႔လည္ဘက္မွာ ယဥ္ေမာင္းနဲ႔စပယ္ယာက လိုင္းဆြဲခိုင္းပါတယ္ကၽြန္ေတာ္က ေတာ့ သင္တန္းေတြ လိုက္တက္ပါတယ္ညေန ျပန္လာေတာ့ ေတာင္ဒဂုံက SGI ဆိုတဲ့အထည္ခ်ဴပ္ဖယ္ရီ ယူ ထားပါတယ္
ေတာင္ဒဂုံ စက္မူ႔ဇုန္ကေန ေရလည္ ေက်ာက္တန္းဘုရားေရွ႕ထိပါ …ကၽြန္ေတာ္ ကိုယ္တိုင္ေမာင္းပါတယ္ေက်ာက္တန္းေရ လည္ ဘုရားေရွ႕မွာ ည အိပ္ပါတယ္မနက္က်ရင္ အလုပ္သမားေတြ ျပန္ႀကိဳၿပီး စက္႐ုံပို႔ေပၚ့…တစ္ေန႔ ၄ ေသာင္း ရပါတယ္
” Wisdom ရဲ့ အေရးႀကီးပုံ”ကၽြန္ေတာ္တို႔ကား ဂိတ္က ေတာင္ဒဂုံ ၿမိဳ႕စြန္မွာ ဂိတ္ဆုံးတယ္ကားဂိတ္မွာ ေရခဲေရ ေရာင္းေနတဲ့ ” အငယ္ေလး ” ဆိုတဲ့လူငယ္ တစ္ေယာက္ရွိတယ္အတန္းပညာ ၂ တန္းေလာက္တက္ဖူးတယ္
ညေနမွာ ျပန္ခါနီးသူက ပိုေနတဲ့ ေရခဲေရကို လိုင္းဆြဲၿပီး ျပန္လာတဲ့ကားသမားေတြ လိုက္လိုက္တိုက္တယ္ညေနဘက္ သူအလုပ္အားရင္ ဂိတ္မွာ ျပင္ေနတဲ့ကားေတြလိုက္ ကူညီတယ္
စကားေျပာ အလြန္ညက္ၿပီး လူႀကီးေတြနဲ႔လည္းအဆင္ေျပေအာင္ေပါင္းသင္းတက္လို႔ လူခ်စ္ခံရတယ္ကၽြန္ေတာ္က ကိုယ့္ကား ကို ကိုယ္တိုင္ျပင္ေတာ့ သူက လာလာကူရင္းနဲ႔ ရင္းႏွီးလာတယ္
သူေန႔တိုင္ လာလာျပင္ေပးတယ္ကၽြန္ေတာ္လည္း ကားျပင္ရင္းသင္ေပးတယ္ၿပီးရင္ CNG gas သြားထည့္ရင္ သူလိုက္လာတယ္ကၽြန္ေတာ္ ကားေမာင္း ဆက္သင္ေပးတယ္ ကားႀကီးေတြရဲ့
စီယာတိုင္ ယူဆ ပုံ ကို သူကြၽွမ္းက်င္လာေတာ့ ကားတစ္စီးၿပီးတစ္စီး gas ထည့္ရင္ သူကားေရႊ႕ေပးတယ္ကၽြန္ေတာ္က ကားေပၚမီးဖြင့္ၿပီး အဂၤလိပ္ စာအုပ္ဖတ္ေနတာေပါ့လိုရင္းေျပာရရင္ သူ ကားႀကီး ေမာင္းနိုင္သြားတယ္
ေနာက္ေတာ့ ကၽြန္ေတာ္ကို စပယ္ယာ လိုင္စင္လုပ္ေပးဖို႔ ပူဆာတယ္ကၽြန္ေတာ္က ကားေလာက မွ ခဏ ပဲ ေနမွာ ဒါေၾကာင့္မို႔ ကူညီ နိုင္သေလာက္ ကူညီမယ္ စိတ္ကူးထားေတာ့ဘယ္သူကပဲ လိုင္စင္လုပ္ေပးပါ ကားေမာင္းသင္ေပးပါ လာေျပာရင္ ကၽြန္ေတာ္အဆငိေျပေအာင္လုပ္ေပးတာခ်ည္းပဲ
ေနာက္ေတာ့ အငယ္ေလး စပယ္ယာ လိုက္တယ္တျခားကားမွာ ကားပိုင္ရွင္ရဲ့ ယုံၾကည္မႉ႔ ရသြားေတာ့ Owner casher ျဖစ္လာတယ္…ေငြသိမ္းေပါ့အဲ့ဒီ အခ်ိန္မွာ ကၽြန္ေတာ္ IELTS စာေမးပြဲမွာ6.7 ရသြားေတာ့ ကားေလာက ကေနကၽြန္ေတာ္ ထြက္သြားတယ္
၃၅ လမ္းမွာ Global link နာမည္နဲ႔ အဂၤလိပ္စကားေျပာ သင္တန္းဖြင့္လိုက္ပါတယ္…ဒီေန႔ အခ်ိန္ ထိ အဲကြန္းေအာက္မွာ ဘာသာျပန္ရတဲ့ဘဝ ကားသမားဘဝ နဲ႔ အဂၤလိပ္စာဆရာ ဘဝ ဘယ္ဟာ သေဘာက်လဲေမးရင္
ကားသမားဘဝ ကို ကြၽွန္ေတာ္ေပ်ာ္တယ္…ေယာကၤ်ားဆန္ဆန္ ႐ုံးကန္ ရတာကို ကၽြန္ေတာ္ႏွစ္သက္ပါတယ္၂၀၁၆မွာ YBS မေျပာင္း ခင္ေလးမွာ ကၽြန္ေတာ္ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဗီယက္နာမ္ တစ္ေယာက္ကို ၿမိဳ႕ေတာ္ခန္းမ အေၾကာင္းရွင္းျပေနတုန္း
လိုင္းကားတစ္စီး ကြၽွန္ေတာ့ ေဘးမွာ လာရပ္ ၿပီး” ကိုေက်ာ္ ကြၽွန္ေတာ့ မွတ္မိလား ” ကြၽွန္ေတာ္ အငယ္ေလး ပါ”ဂိတ္ဘက္ေရာက္ရင္ ဝင္လာခဲ့ပါဦးဗ်ာ ေက်းဇူးဆပ္ခ်င္လို႔ကၽြန္ေတာ္ အခု ကားပိုင္ ျဖစ္ေနၿပီဗ်”
ကၽြန္ေတာ္ ျပဳံး မိ တယ္တစ္ခ်ိန္က ကားဂိတ္မွာ ေရခဲေရ ေရာင္းေနတဲ့ခေလးအခု လိုင္းကားတစ္စီး ပိုင္သြားတယ္သူ႔မွာ education မရွိခဲ့ဘူးဒါေပမယ့္ Wisdom ေတာ့ရွိတယ္
ဘဝ မွာ ဘယ္လိုေနသင့္တယ္ ဘယ္လိုမေနသင့္ဘူးဘယ္သူကို ခ်ဥ္းကပ္သင့္တယ္ ဘယ္သူ႔ကိုေရွာင္သင့္တယ္ဘယ္လိုစကားမေျပာ သင့္ဘူး ဘယ္လို ေျပာသင့္တယ္အမွား အမွန္ကို ေကာင္းေကာင္း ခြဲနိုင္ခဲ့တယ္သူက ဘဝ ကို Education မရွိေပမယ့္ Wisdom နဲ႔ ဘဝ ကို ျဖတ္သန္းသြားတယ္….။
” Education ” ရဲ့ အေရးပါပုံ Education ကလည္း အရမ္းအေရးပါ ပါတယ္ တစ္ခ်ိဳ႕ ရဟန္းပညာရွိ လူပညာရွိေတြက ေက်ာင္းပညာေရးကို ” သင္ညာ ” ေတြ ဆို ၿပီး wisdom ေလာက္ အေရးမပါဘူးလို႔ ဆိုတာလည္း မၾကာခဏ ဖတ္ရပါတယ္
ကၽြန္ေတာ္ ယဥ္ေက်းစြာ ျငင္းဆိုပါတယ္Wisdom လိုပဲ Education ကလည္း အေရးႀကီးပါတယ္ဆရာတစ္ေယာက္က ပညာဆိုတာ ” ေက်ာင္းကသင္လာတာမဟုတ္ဘူး ဆယ္တန္းေအာင္ဖို႔ထက္ လူလိုနားလည္ဖို႔လိုတယ္ လို႔ ဆိုတယ္ ”သူေျပာ ခ်င္တာက. လူ႔ဘဝ ေနတက္ ဖို႔ ကို အျပဳသေဘာဆို ခ်င္တာ။
ဒါေပမယ့္ အဲ့ဒီ စကားကို ဆယ္တန္း တဖုတ္ဖုတ္ က်ေနတဲ့ေကာင္က ” ယူ “သုံးေရာ” ဆယ္တန္းေအာင္ဖို႔ ထက္ လူလိုသိဖို႔ လိုတယ္တဲ့ ”အမွန္က မိဘ ေက်ာင္းထားပါလၽွက္ ဆယ္တန္းေတာင္ အျဖစ္ရွိေအာင္မေျဖနိုင္တဲ့ေကာင္က ယူသုံး လိုက္ၿပီး သူ႔ရဲ့ ဆယ္တန္းမေအာင္တာကို ကာဘာလုပ္သြားတယ္
ကၽြန္ေတာ္ ကားသမား ဘဝ မွာယုဇန ဥယဥ္ၿမိဳ႕ေတာ္က ညီညီေအာင္ ဆိုတဲ့ စက္ဆရာသိပ္ေတာ္တယ္မ်က္စိကို အဝတ္စည္းထားၿပီး ကားအင္ဂ်င္က ဘယ္မူလီမဆို ျဖဳတ္ယူလာခဲ့
သူလက္နဲ႔ စမ္းၾကည့္တာနဲ႔တင္ ဘယ္ေနရာက မူလီဆိုတာ အလႊတ္ေျပာနိုင္ေအာင္ သူ႔Subjectကို သူနိုင္ နင္းတယ္အေျပာအဆိုလည္း ညက္တယ္ကၽြန္ေတာ္ရဲ့ မက္ကနီကယ္ အင္ဂ်င္နီယာ တက္ေနတဲ့သူငယ္ခ်င္း အျမဲတမ္း ေက်ာင္းေျပးၿပီး ထန္းရည္ေသာက္တယ္
အခ်ိန္တန္ဘြဲ႕ရ လာတယ္ education certificate ရွိတယ္ စက္နဲ႔ ပတ္သတ္တဲ့အင္ဂ်င္နီယာေပမယ့္ ကားရဲ့ ပင္စတင္ေတာင္ အျပင္မွာ မေတြ႕ဘူးဖူးအဲ့တာ သူရယ္ စက္ဆရာ ညီညီေအာင္ရယ္ သေဘာတၤက္ေတာ့ စက္ကို အရမ္းကၽြမ္းတဲ့ ညီညီ ေအာင္က ဆီေလာင္းအဆင့္နဲ႔သေဘၤာ လိုက္ရတယ္ လခ ၇ သိန္း
စက္အေၾကာင္းတကယ္နားမလည္တဲ့ အင္ဂ်င္နီယာေက်ာင္းဆင္းက တတိယ အရာရွိ ျဖစ္သြားတယ္ လခ သိန္း၂၀ဘာကြာသြားလဲ Education ကြာသြားတာပဲဒါေၾကာင့္ Education ကလည္း ဘဝ ရပ္တည္ေရးအတြက္ သူ႔ေနရာနဲ႔ သူ အသုံးဝင္ပါတယ္
သင္ညာ ပဲ ေျပာေျပာ ဘာပဲေျပာေျပာ ေျပာခ်င္တာေျပာ အသုံးဝင္တယ္တစ္ခ်ိဳ႕ အရာရွိေတြ သိပ္ေမာက္မာ ရိုင္းစိုင္းတယ္လူႀကီးကို လည္းဆဲ ခ်င္ဆဲတယ္Wisdomမရွိဘူးေပါ့ဒါေပမယ့္ Education က ရွိေနေတာ့ ဘဝရပ္တည္လို႔ရေနတယ္
တစ္ခ်ိဳ႕လည္း Education မရွိေပမယ့္ ေနတက္ ထိုင္တက္ေတာ့ တျဖည္းျဖည္း အထက္ေရာက္လာတယ္ အဲ့တာ ဘဝ ကို Wisdom နဲ႔ရပ္တည္တာေပါ့ဘဝ မွာ Education သို႔မဟုတ္ Wisdomတစ္ခု ေကာင္းေကာင္းရွိရင္ ဘဝ ရပ္တည္လို႔ရတယ္
ႏွစ္ခု လုံးရွိရင္ Perfect ျဖစ္သြားပါတယ္…..ဒါေၾကာင့္ ကိုယ့္မွာ လိုေနတာ ကိုယ့္ ႀကိဳးစားျဖည့္ေပါ့အလားတူပဲ Education ကသာ ေကာင္းတယ္Wisdom ကသာ မွန္တယ္လို႔ ေဇာင္းေပးၿပီ မေျပာအပ္ပါဘူးဘာလို႔လဲ ဆိုေတာ့ ႏွစ္ခု စလုံး လိုအပ္ လို႔ေပါ့
ဗာဟု သစၥဥၥ သိပၸဥၥ ဝိနေယာစ သုသိကၡိေတာ ၊ သုဘာသိတာစ ယာဝါစာ ဧတံမဂၤလ မုတၱမံ အၾကားအျမင္ဗဟုသုတ မ်ားျခင္းအျပစ္ကင္းေသာ စက္မူ႔လက္မူ႔အတတ္ကို တတ္ျခင္း ကိုယ္က်င့္တရားေကာင္းျခင္း အေျပာအဆို ခ်ိဳသာယဥ္ေက်းျခင္း ဤေလးပါးသည္ တိုးတက္ႀကီးပြားခ်မ္းသာေၾကာင္း ေကာင္းျမတ္ေသာ မဂၤလာမည္ေပ၏။crd
Leave a Reply