သင့်ကို အသက်အန္တရာယ်ဖြစ်စေနိုင်လို့ လုံးဝ မပေါ့ဆသင့်တဲ့ ဗိုက်အောင့်ခြင်း (၆) မျိုး….

သင့်ကို အသက်အန္တရာယ်ဖြစ်စေနိုင်လို့ လုံးဝ မပေါ့ဆသင့်တဲ့ ဗိုက်အောင့်ခြင်း (၆) မျိုး….

တစ်ခါတစ်လေ အစာမကြေ၊ရင်ပြည့်နေတာမျိုးကြောင့် ဗိုက်အောင့်တာမျိုးကဖြစ်တတ်ပေမယ့် ဒီလို ဗိုက်အောင့်တာမျိုးဆိုရင်တော့ လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသ သင့်ပါပြီနော် ။

၁. ရေရှည်ဖြစ်ပေါ်နေတဲ့ ဗိုက်အောင့်ခြင်း”

တစ်ခါတစ်လေဗိုက်အောင့်တာမျိုးထက်ပိုပြီး သုံးလထက်ပိုကြာအောင် မကြာခဏအောင့်တတ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်နေပါပြီ။ ဗိုက်အောင့်တာအပြင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာစတဲ့ လက္ခဏာတွေရှိမရှိကိုပါ စောင့်ကြည့် သင့်ပါတယ် …။

၂. မူးဝေအော့အန်ပြီး ဗိုက်အောင့်တာ”

ဗိုက်အောင့်တဲ့အခါ တစ်ဆက်တည်း မူးဝေတာ၊ အော့အန်တာမျိုးရှိမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာဖြစ်နိုင်ပါတယ်…တစ်ခါတစ်လေမှာအဲဒီထက်ပိုပြင်းထန်တဲ့ အူလမ်းကြောင်းပိုးဝင်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေပါ ဖြစ်နိုင်တာမို့ ဆရာဝန်ဆီအမြန်ဆုံး သွားရောက်ပြသ သင့်ပါတယ် …။

၃.သွေးပါပြီး ဗိုက်အောင့်တာ”

ဗိုက်လည်းအောင့်နေမယ်၊ အန်တဲ့အခါ၊ဝမ်းသွားတဲ့အခါ သွေးပါနေမယ်ဆိုရင်လည်း မပေါ့ဆသင့်ပါဘူး။ ဝမ်းထဲမှာသွေးပါတဲ့အခါ အမြဲတမ်း အနီရောင်ဖြစ်မနေဘဲ အမည်းရောင်လည်း ဖြစ်နိုင်တာကို သတိပြုရပါမယ် …။

၄. ရုတ်တရက်စူးစူး ရှရှအောင့်တာ”

ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်ဗိုက်အောင့်ပြီး အသက်ပါရှူလို့မရဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်မှာကျောက်တည်တာ၊ အူအတက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့အမြန်ဆုံးမပြသရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ် …။

၅.ကိုယ်အလေးချိန်ကျဆင်းပြီး ဗိုက်အောင့်တာ”

ဝိတ်ချနေတာမျိုးကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းမယ်၊ဗိုက်လည်းအောင့်မယ်ဆိုရင်လည်း ကြီးမားတဲ့ရောဂါတစ်ခုခုဖြစ်နေနိုင်တာမို့ ဆရာဝန်ဆီသွားပြီး အမြန်ဆုံး အဖြေရှာသင့်ပါတယ် …။

၆.ဗိုက်အောင့်ပြီး ဖျားတာ”

ဗိုက်လည်းအောင့်မယ်၊ ခန္ဓာကိုယ်အလေးချိန်လည်း မြင့်တက်နေမယ်ဆိုရင်တော့ တုပ်ကွေးလိုကူးစက်ရောဂါပိုးတစ်ခုခုဖြစ်တာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့အမြန်ဆုံးပြသ သင့်ပါတယ်နော် …။crd

သင့္ကို အသက္အႏၲရာယ္ျဖစ္ေစနိုင္လို႔ လုံးဝ မေပါ့ဆသင့္တဲ့ ဗိုက္ေအာင့္ျခင္း (၆) မ်ိဳး….

တစ္ခါတစ္ေလ အစာမေၾက၊ရင္ျပည့္ေနတာမ်ိဳးေၾကာင့္ ဗိုက္ေအာင့္တာမ်ိဳးကျဖစ္တတ္ေပမယ့္ ဒီလို ဗိုက္ေအာင့္တာမ်ိဳးဆိုရင္ေတာ့ လုံးဝမေပါ့ဆဘဲ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသ သင့္ပါၿပီေနာ္ ။

၁. ေရရွည္ျဖစ္ေပၚေနတဲ့ ဗိုက္ေအာင့္ျခင္း”

တစ္ခါတစ္ေလဗိုက္ေအာင့္တာမ်ိဳးထက္ပိုၿပီး သုံးလထက္ပိုၾကာေအာင္ မၾကာခဏေအာင့္တတ္ေနမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသင့္ေနပါၿပီ။ ဗိုက္ေအာင့္တာအျပင္ ဝမ္းခ်ဳပ္တာ၊ ဝမ္းေလၽွာတာစတဲ့ လကၡဏာေတြရွိမရွိကိုပါ ေစာင့္ၾကည့္ သင့္ပါတယ္ …။

၂. မူးေဝေအာ့အန္ၿပီး ဗိုက္ေအာင့္တာ”

ဗိုက္ေအာင့္တဲ့အခါ တစ္ဆက္တည္း မူးေဝတာ၊ ေအာ့အန္တာမ်ိဳးရွိမယ္ဆိုရင္ေတာ့ အစာအဆိပ္သင့္တာျဖစ္နိုင္ပါတယ္…တစ္ခါတစ္ေလမွာအဲဒီထက္ပိုျပင္းထန္တဲ့ အူလမ္းေၾကာင္းပိုးဝင္တာ၊ အစာအိမ္အနာျဖစ္တာမ်ိဳးေတြပါ ျဖစ္နိုင္တာမို႔ ဆရာဝန္ဆီအျမန္ဆုံး သြားေရာက္ျပသ သင့္ပါတယ္ …။

၃.ေသြးပါၿပီး ဗိုက္ေအာင့္တာ”

ဗိုက္လည္းေအာင့္ေနမယ္၊ အန္တဲ့အခါ၊ဝမ္းသြားတဲ့အခါ ေသြးပါေနမယ္ဆိုရင္လည္း မေပါ့ဆသင့္ပါဘူး။ ဝမ္းထဲမွာေသြးပါတဲ့အခါ အျမဲတမ္း အနီေရာင္ျဖစ္မေနဘဲ အမည္းေရာင္လည္း ျဖစ္နိုင္တာကို သတိျပဳရပါမယ္ …။

၄. ႐ုတ္တရက္စူးစူး ရွရွေအာင့္တာ”

႐ုတ္တရက္ႀကီး ျပင္းျပင္းထန္ထန္ဗိုက္ေအာင့္ၿပီး အသက္ပါရႉလို႔မရျဖစ္ေနၿပီဆိုရင္ေတာ့ ေက်ာက္ကပ္မွာေက်ာက္တည္တာ၊ အူအတက္ေပါက္တာမ်ိဳးေတြျဖစ္နိုင္ပါတယ္။ ဆရာဝန္နဲ႔အျမန္ဆုံးမျပသရင္ အသက္အႏၲရာယ္အထိ ရွိနိုင္ပါတယ္ …။

၅.ကိုယ္အေလးခ်ိန္က်ဆင္းၿပီး ဗိုက္ေအာင့္တာ”

ဝိတ္ခ်ေနတာမ်ိဳးေၾကာင့္မဟုတ္ဘဲ ကိုယ္အေလးခ်ိန္႐ုတ္တရက္က်ဆင္းမယ္၊ဗိုက္လည္းေအာင့္မယ္ဆိုရင္လည္း ႀကီးမားတဲ့ေရာဂါတစ္ခုခုျဖစ္ေနနိုင္တာမို႔ ဆရာဝန္ဆီသြားၿပီး အျမန္ဆုံး အေျဖရွာသင့္ပါတယ္ …။

၆.ဗိုက္ေအာင့္ၿပီး ဖ်ားတာ”

ဗိုက္လည္းေအာင့္မယ္၊ ခႏၶာကိုယ္အေလးခ်ိန္လည္း ျမင့္တက္ေနမယ္ဆိုရင္ေတာ့ တုပ္ေကြးလိုကူးစက္ေရာဂါပိုးတစ္ခုခုျဖစ္တာျဖစ္နိုင္ပါတယ္။ ဆရာဝန္နဲ႔အျမန္ဆုံးျပသ သင့္ပါတယ္ေနာ္ …။crd

Be the first to comment

Leave a Reply

Your email address will not be published.


*