ဆံပင်နက် မှောင် သန်စွမ်းဖို့ အကောင်းဆုံးက ဆန်ဆေးရေ….

ဆံပင်နက် မှောင် သန်စွမ်းဖို့ အကောင်းဆုံးက ဆန်ဆေးရေ….

“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း အမျိုးသမီးတွေအတွက်တော့ နက်မှောင်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်တွေပိုင်ဆိုင်ထားတာက မိန်းကလေးတစ်ယောက်ရဲ့ ဘုန်းကျက်သရေကို ပိုတိုးစေပါတယ်။

ဆံပင်တို၊ ဆံပင်ကောက်လေးတွေ ဘယ်လောက်ပင် ခေတ်စားနေပါစေ ဆံပင်အရှည်လေးနဲ့ မြန်မာဆန်ဆန် လှနေတဲ့ အမျိုးသမီးတွေကိုတော့ လူတိုင်းက နှစ်ခါပြန် ငေးကြည့်ရတတ်ပါတယ်ဆေးဆိုးလွန်းလို့ ဆံပင်တွေပျက်ဆီးတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်မသန်တာတွေအားလုံးကို သဘာဝအတိုင်း ငွေကြေးအကုန်ကျသက်သာစွာနဲ့ ပြန်လည် ကုစားနိုင်မယ့် နည်းလမ်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ့ဆေးနည်းအရ ဆန်ဆေးရေဟာ တစ်ကယ်ဆေးဘက်ဝင်ပါတယ်၊ ဆီးအောင့်နေတဲ့အခါ သုံးခါမြောက်ဆေးထားတဲ့ ဆန်ဆေးရေကို မသွန်ပစ်ပဲခံထားပြီး သောက်ပေးပါက ခဏအတွင်း ဆီးအောင့်ဝေဒနာ ပျောက်ကင်းပါတယ်။

ဆန်ဆေးရေဟာ ဆံပင်တွေကို နက်မှောင်သန်စွမ်းစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ဆံတွေတွေ နဂိုအတိုင်း နက်မှောင်သန်စွမ်းလာစေဖို့ အောက်ပါနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

ဆန် လက်ဖက်ရည်ပန်းကန် ၁ လုံး

အဖုံးပါ ဖန်ပုလင်းအလွတ် သန့်သန့် တစ်လုံး

ရေဖြန်း(စပရေး) တစ်ဗူး

နည်းလမ်း

၁။ ဆန်ကို ခွက်တစ်လုံးတွင် ထည့်ပြီး ပထမ တစ်ရေ အညစ်အကြေးတွေ ပြောင်အောင်ဆေးကြောပါ။

အကယ်၍ အလွန်ညစ်နေသော ဆန်ဖြစ်ပါက နှစ်ရေခန့် ဆေးကြောပြီး ထိုရေများကို သွန်ပစ်ပါ။

၂။ ရေနှစ်ဖန်ခွက် ထည့်ပြီး ဆန်များကို လက်ဖြင့် နာနာညှစ်ပြီး ဆေးပါ။

၃။ ထိုရေကို ဖန်ပုလင်းလွတ်ထဲသို့ သိမ်းပါ။ ထို့နောက် ဆန်စေ့များပါ ဖန်ပုလင်းထဲသို့ ထည့်ပါ။

၄။ ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး အချဉ်ပေါက်စေရန် ၂၄ နာရီကြာ ထားပါ။

၅။ ၂၄ နာရီစိမ်ထားပြီးသော ဆန်ဆေးရေကို အရေသက်ချည်း သက်သက် ရေဖြန်းဗူးထဲ ပြောင်းထည့်ပါ။

၆။ ဆံပင်၏ အရင်းနားကို ရေဖြန်းဗူးနဲ့ နှံ့အောင်ဖြန်းပြီး ၃ မိနစ်ကနေ ၅ မိနစ်လောက်ထိ ဦးရေပြားထဲရောက်အောင် နှိပ်နယ်ပေးပါ။

၇။ ထို့နောက် မိနစ် ၂၀ နာရီဝက်ခန့် အခြောက်ခံထားလိုက်ပါ။

၈။ ထိုနောက် ခေါင်းကို ရိုးရိုးရေနဲ့ ပုံမှန်အတိုင်း ပြန်လျှော်ပါ။

ဒီနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ နက်မှောင်သန်စွမ်းသော ဆံကေသာကို အချိန်တိုအတွင်း ပြန်လည်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

Credit

ဆံပင္နက္ ေမွာင္ သန္စြမ္းဖို႔ အေကာင္းဆုံးက ဆန္ေဆးေရ….

“ေယာက်္ားတို႔ဘုန္း လက္႐ုံး၊ မိန္းမတို႔ဘုန္း ဆံထုံး” ဆိုတဲ့ ျမန္မာစကားပုံေလးအတိုင္း အမ်ိဳးသမီးေတြအတြက္ေတာ့ နက္ေမွာင္သန္စြမ္းၿပီး ေျဖာင့္စင္းတဲ့ ဆံပင္ေတြပိုင္ဆိုင္ထားတာက မိန္းကေလးတစ္ေယာက္ရဲ့ ဘုန္းက်က္သေရကို ပိုတိုးေစပါတယ္။

ဆံပင္တို၊ ဆံပင္ေကာက္ေလးေတြ ဘယ္ေလာက္ပင္ ေခတ္စားေနပါေစ ဆံပင္အရွည္ေလးနဲ႔ ျမန္မာဆန္ဆန္ လွေနတဲ့ အမ်ိဳးသမီးေတြကိုေတာ့ လူတိုင္းက ႏွစ္ခါျပန္ ေငးၾကည့္ရတတ္ပါတယ္ေဆးဆိုးလြန္းလို႔ ဆံပင္ေတြပ်က္ဆီးတာ၊ ဆံပင္ကၽြတ္တာ၊ ဆံပင္မသန္တာေတြအားလုံးကို သဘာဝအတိုင္း ေငြေၾကးအကုန္က်သက္သာစြာနဲ႔ ျပန္လည္ ကုစားနိုင္မယ့္ နည္းလမ္းေလး တစ္ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

ျမန္မာ့ေဆးနည္းအရ ဆန္ေဆးေရဟာ တစ္ကယ္ေဆးဘက္ဝင္ပါတယ္၊ ဆီးေအာင့္ေနတဲ့အခါ သုံးခါေျမာက္ေဆးထားတဲ့ ဆန္ေဆးေရကို မသြန္ပစ္ပဲခံထားၿပီး ေသာက္ေပးပါက ခဏအတြင္း ဆီးေအာင့္ေဝဒနာ ေပ်ာက္ကင္းပါတယ္။

ဆန္ေဆးေရဟာ ဆံပင္ေတြကို နက္ေမွာင္သန္စြမ္းေစတယ္ဆိုတာကိုေတာ့ သိတဲ့သူနည္းပါးပါတယ္။ ဆံေတြေတြ နဂိုအတိုင္း နက္ေမွာင္သန္စြမ္းလာေစဖို႔ ေအာက္ပါနည္းအတိုင္း လုပ္ေဆာင္နိုင္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ား

ဆန္ လက္ဖက္ရည္ပန္းကန္ ၁ လုံး

အဖုံးပါ ဖန္ပုလင္းအလြတ္ သန႔္သန႔္ တစ္လုံး

ေရျဖန္း(စပေရး) တစ္ဗူး

နည္းလမ္း

၁။ ဆန္ကို ခြက္တစ္လုံးတြင္ ထည့္ၿပီး ပထမ တစ္ေရ အညစ္အေၾကးေတြ ေျပာင္ေအာင္ေဆးေၾကာပါ။

အကယ္၍ အလြန္ညစ္ေနေသာ ဆန္ျဖစ္ပါက ႏွစ္ေရခန႔္ ေဆးေၾကာၿပီး ထိုေရမ်ားကို သြန္ပစ္ပါ။

၂။ ေရႏွစ္ဖန္ခြက္ ထည့္ၿပီး ဆန္မ်ားကို လက္ျဖင့္ နာနာညႇစ္ၿပီး ေဆးပါ။

၃။ ထိုေရကို ဖန္ပုလင္းလြတ္ထဲသို႔ သိမ္းပါ။ ထို႔ေနာက္ ဆန္ေစ့မ်ားပါ ဖန္ပုလင္းထဲသို႔ ထည့္ပါ။

၄။ ပုလင္းကို အဖုံးလုံေအာင္ပိတ္ၿပီး အခ်ဥ္ေပါက္ေစရန္ ၂၄ နာရီၾကာ ထားပါ။

၅။ ၂၄ နာရီစိမ္ထားၿပီးေသာ ဆန္ေဆးေရကို အေရသက္ခ်ည္း သက္သက္ ေရျဖန္းဗူးထဲ ေျပာင္းထည့္ပါ။

၆။ ဆံပင္၏ အရင္းနားကို ေရျဖန္းဗူးနဲ႔ ႏွံ့ေအာင္ျဖန္းၿပီး ၃ မိနစ္ကေန ၅ မိနစ္ေလာက္ထိ ဦးေရျပားထဲေရာက္ေအာင္ ႏွိပ္နယ္ေပးပါ။

၇။ ထို႔ေနာက္ မိနစ္ ၂၀ နာရီဝက္ခန႔္ အေျခာက္ခံထားလိုက္ပါ။

၈။ ထိုေနာက္ ေခါင္းကို ရိုးရိုးေရနဲ႔ ပုံမွန္အတိုင္း ျပန္ေလၽွာ္ပါ။

ဒီနည္းအတိုင္း တစ္ပတ္လၽွင္ တစ္ႀကိမ္ျပဳလုပ္ေပး႐ုံနဲ႔ နက္ေမွာင္သန္စြမ္းေသာ ဆံေကသာကို အခ်ိန္တိုအတြင္း ျပန္လည္ပိုင္ဆိုင္ရမွာျဖစ္ပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*