ဆိုးသွမ်းတဲ့ကလေးတွေအဖြစ် ပြောင်းလဲသွားစေတဲ့ မိဘအုပ်ထိန်းမှုပုံစံ (၇)ခု….

ဆိုးသွမ်းတဲ့ကလေးတွေအဖြစ် ပြောင်းလဲသွားစေတဲ့ မိဘအုပ်ထိန်းမှုပုံစံ (၇)ခု….

မိဘတိုင်းက ကလေးတွေအတွက် အကောင်းဆုံးကို ဖြစ်စေချင်ကြပေမယ့်လည်း တစ်ခါတရံမှာ မိဘအုပ်ထိန်းမှုပုံစံနှင့် ရည်ရွယ်ချက်တွေက မကောင်းတဲ့လက္ခဏာ ရလဒ်အချို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါတွေဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူအပေါ် သက်ရောက်မှုရှိနိုင်ပြီး သူတို့ကို လမ်းလွဲသွားစေနိုင်ပါတယ်။

၁။ အကျင့်ဆိုးကို မဖယ်ရှားပေးခြင်း

ကလေးတွေကို အရမ်းအလိုလိုက်တဲ့အခါ သူတို့က စိတ်ထင်ရာတွေ လျှောက်လုပ်တတ်လာကြပါတယ်။ အချိန်တိုင်း သောင်းကျန်းနေနိုင်ပြီး သူတို့လိုချင်တာကို မဖြည့်ဆည်းပေးတဲ့အခါ သင့်အပေါ်ကို အမြင်မကြည်တွေ ဖြစ်လာနိုင်ပါတယ်။

အလိုမလိုက်ပဲ သူတို့ကိုချစ်ပေးရင်တော့ သူတို့ဘာသာသူတို့ ဖြေရှင်းချက်ရှာတတ်လာပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးကြံဆတတ်လာစေပါတယ်။

၂။ ကလေးတွေကို နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်ပေးခြင်း

ကလေးတွေကို နေရာတကာမှာ လိုက်ထိန်းချုပ်နေတာက အမှီအခိုကင်းမှု၊ သတ္တိရှိရှိနှင့် သူတို့ကိုယ်တိုင် ပြဿနာဖြေရှင်းခြင်းကို ထိခိုက်စေပါတယ်။ ရိုင်းစိုင်းတဲ့ အပြုအမူတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

လုပ်သင့်လုပ်ထိုက်တာတွေကို ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေရဖို့အတွက် သူတို့ကို ကိုယ်တိုင်လုပ်ပိုင်ခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်။

၃။ လက်ဆောင်တွေကို မလိုအပ်ပဲပေးခြင်း

အလုပ်များတဲ့မိဘတွေက သားသမီးတွေကို ရုပ်ဝတ္ထုပစ္စည်း လက်ဆောင်ပေးခြင်းဖြင့် သူတို့ရဲ့ လိုအပ်ချက်ကို ပြန်ပြင်တတ်ကြပါတယ်။ ဒီလိုပေးခြင်းဟာ နောက်ဆုံးမှာ ကလေးကို ရုပ်ဝတ္ထုဆန်လာစေပါတယ်။

မိဘတော်တော်များများက သားသမီးတွေကို ပိုက်ဆံဘယ်လိုစုရမယ်ဆိုတာကို မသင်ပေးဘဲ ပိုက်ဆံပေးကြတယ်။ ဒါက စိတ်သဘောထားနဲ့ ကလေးတွေကို ပိုက်ဆံကိုတောင်းရင် ရတယ်ဆိုတာကို ဖြစ်စေပါတယ်။

၄။ အမှားလုပ်မိတဲ့အခါ တောင်းပန်ဖို့ မသင်ကြားပေးခြင်း

သင့်ကလေးက သင်ကြိုက်တဲ့တစ်စုံတစ်ခုကို ဖျက်စီးမိရင် တောင်းပန်ခိုင်းပါ။ သင့်ကလေးပေါ်ကို အမှားတစ်ခုခုဖြစ်သွားရင်လည်း တောင်းပန်ပါ။ သင့်ကလေးက အရုပ်ကို အရမ်းလိုချင်နေပြီး

ဈေးကြီးနေတယ်ဆိုရင် မဝယ်ပေးဘူးလို့ မပြောပဲနဲ့ လိမ်မာရင်၊ စာကြိုးစားရင် ဝယ်ပေးမယ်လို့ပြောပါ။ ဒါဟာ ကလေးကို ဆုံးဖြတ်ချက်အပေါ် ထိန်းချုပ်မှုအချို့ကို ကူညီပေးနိုင်ပါတယ်။

၅။ မလိုအပ်ပဲ ခြိမ်းခြောက်မှုတွေလုပ်ခြင်း

ကလေးက ထမင်းစားစားပွဲပေါ်တွေ၊ အိမ်နံရံတွေပေါ်မှာ ပုံတွေလျှောက်ဆွဲနေရင် သူတို့ကို လွှင့်ပစ်မယ်တွေ၊ သူများပေးပစ်မယ်တွေမပြောသင့်ပါဘူး။ အဲ့အစား စာအုပ်မှာပဲဖြစ်ဖြစ် ဆွဲခိုင်းတာမျိုးကို လုပ်သင့်ပါတယ်။

တကယ်လို့ သင်သာ ကြမ်းကြမ်းတမ်းတမ်းပြောရင် ကလေးလည်း ကြမ်းတမ်းလာနိုင်ပြီး အကုန်လုံးကို ဖျက်တတ်လာပါလိမ့်မယ်။ ကလေးကို ကောင်းကောင်းမွန်မွန်ပြောပြီး ဘယ်နည်းက ဘယ်လိုမလုပ်သင့်ဘူးလဲ ဆိုတာကို ရှင်းပြသင့်ပါတယ်။

၆။ အိမ်စည်းကမ်းအကြောင်း မဆွေးနွေးခြင်း

အိမ်စည်းကမ်းနှင့် ပတ်သက်လာရင် အငြင်းအခုံ လုံးဝမရှိသင့်ပါဘူး။ ရလဒ်တွေကို ကြိုတင်သတ်မှတ်ထားသင့်ပြီး တူညီတဲ့အရာအပေါ် အငြင်းအခုံလုပ်နေခြင်းက အဓိပ္ပာယ်မရှိပါဘူး။ ကလေးတွေက သူတို့လိုချင်တာကို မရတဲ့အခါ စိတ်ဆိုးသွားမှာ သေချာပါတယ်။

ဒါပေမယ့် အပြန်ပြန်အလှန်လှန် ရန်ဖြစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ သူတို့အတွက် စိတ်ဓာတ်တွေ မွေးမြူသင့်ပါတယ်။ အိမ်စည်းကမ်းဆိုတာ မိသားစုလိုက် တူတူလုပ်ဆောင်ရတာပါ။

၇။ သူတို့ကို ရပိုင်ခွင့်တွေ မပေးခြင်း

တချို့မိဘတွေက ကလေးကို စောင့်ရှောက်တဲ့အခါ အရိပ်တကြည့်ကြည့်နဲ့ နေရာတိုင်းမှာ လိုက်ပြီးပြုပြင်ပေးတတ်ကြပါတယ်။ ဒီမိဘအုပ်ထိန်းမှုပုံစံဟာ ယုံကြည်စိတ်ချမှုမဟုတ်ဘဲ ရသင့်ရထိုက်တဲ့ခံစားချက်တွေကို လိုက်ထိန်းချုပ်နေတာပါ။

မိဘတွေဟာ ကလေးတွေကို အကောင်းဆုံးဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လွန်လွန်ကဲကဲ အုပ်ချုပ်တဲ့အခါ ချီးမွမ်းခြင်း၊ ချီးမြှောက်ခြင်းတွေကို မေ့ပြီး သူတို့ရဲ့လမ်းကြောင်းမှာရှိတဲ့ ဘယ်အတားအဆီးကိုမဆို ဖယ်ရှားပစ်တတ်ပါတယ်။

ဒီလိုလုပ်ခြင်းက ကလေးတွေကို သူတို့ဘာသာသူတို့ ကိုင်တွယ်ဖို့၊ သူတို့ရဲ့အမှားတွေကနေ အမှန်တွေကိုသင်ယူပြီး ဘဝရှင်သန်ရေးနည်းလမ်းတွေကိုပါ မသိဖြစ်သွားတတ်ပါတယ်။

Credit

ဆိုးသြမ္းတဲ့ကေလးေတြအျဖစ္ ေျပာင္းလဲသြားေစတဲ့ မိဘအုပ္ထိန္းမႈပုံစံ (၇)ခု….

မိဘတိုင္းက ကေလးေတြအတြက္ အေကာင္းဆုံးကို ျဖစ္ေစခ်င္ၾကေပမယ့္လည္း တစ္ခါတရံမွာ မိဘအုပ္ထိန္းမႈပုံစံႏွင့္ ရည္ရြယ္ခ်က္ေတြက မေကာင္းတဲ့လကၡဏာ ရလဒ္အခ်ိဳ႕ကို ျဖစ္ေပၚေစနိုင္ပါတယ္။ဒါေတြဟာ ကေလးရဲ့ ဖြံ့ၿဖိဳးတိုးတက္မႈႏွင့္ အျပဳအမူအေပၚ သက္ေရာက္မႈရွိနိုင္ၿပီး သူတို႔ကို လမ္းလြဲသြားေစနိုင္ပါတယ္။

၁။ အက်င့္ဆိုးကို မဖယ္ရွားေပးျခင္း

ကေလးေတြကို အရမ္းအလိုလိုက္တဲ့အခါ သူတို႔က စိတ္ထင္ရာေတြ ေလၽွာက္လုပ္တတ္လာၾကပါတယ္။ အခ်ိန္တိုင္း ေသာင္းက်န္းေနနိုင္ၿပီး သူတို႔လိုခ်င္တာကို မျဖည့္ဆည္းေပးတဲ့အခါ သင့္အေပၚကို အျမင္မၾကည္ေတြ ျဖစ္လာနိုင္ပါတယ္။

အလိုမလိုက္ပဲ သူတို႔ကိုခ်စ္ေပးရင္ေတာ့ သူတို႔ဘာသာသူတို႔ ေျဖရွင္းခ်က္ရွာတတ္လာၿပီး ကိုယ့္ကိုယ္ကိုယ္ အားကိုးႀကံဆတတ္လာေစပါတယ္။

၂။ ကေလးေတြကို ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေန ကာကြယ္ေပးျခင္း

ကေလးေတြကို ေနရာတကာမွာ လိုက္ထိန္းခ်ဳပ္ေနတာက အမွီအခိုကင္းမႈ၊ သတၱိရွိရွိႏွင့္ သူတို႔ကိုယ္တိုင္ ျပႆနာေျဖရွင္းျခင္းကို ထိခိုက္ေစပါတယ္။ ရိုင္းစိုင္းတဲ့ အျပဳအမူေတြကိုလည္း ျဖစ္ေစနိုင္ပါတယ္။

လုပ္သင့္လုပ္ထိုက္တာေတြကို ဉာဏ္ပညာနဲ႔ အေတြ႕အၾကဳံေတြရဖို႔အတြက္ သူတို႔ကို ကိုယ္တိုင္လုပ္ပိုင္ခြင့္ေပးလိုက္တာက ပိုေကာင္းပါတယ္။

၃။ လက္ေဆာင္ေတြကို မလိုအပ္ပဲေပးျခင္း

အလုပ္မ်ားတဲ့မိဘေတြက သားသမီးေတြကို ႐ုပ္ဝတၳဳပစၥည္း လက္ေဆာင္ေပးျခင္းျဖင့္ သူတို႔ရဲ့ လိုအပ္ခ်က္ကို ျပန္ျပင္တတ္ၾကပါတယ္။ ဒီလိုေပးျခင္းဟာ ေနာက္ဆုံးမွာ ကေလးကို ႐ုပ္ဝတၳဳဆန္လာေစပါတယ္။

မိဘေတာ္ေတာ္မ်ားမ်ားက သားသမီးေတြကို ပိုက္ဆံဘယ္လိုစုရမယ္ဆိုတာကို မသင္ေပးဘဲ ပိုက္ဆံေပးၾကတယ္။ ဒါက စိတ္သေဘာထားနဲ႔ ကေလးေတြကို ပိုက္ဆံကိုေတာင္းရင္ ရတယ္ဆိုတာကို ျဖစ္ေစပါတယ္။

၄။ အမွားလုပ္မိတဲ့အခါ ေတာင္းပန္ဖို႔ မသင္ၾကားေပးျခင္း

သင့္ကေလးက သင္ႀကိဳက္တဲ့တစ္စုံတစ္ခုကို ဖ်က္စီးမိရင္ ေတာင္းပန္ခိုင္းပါ။ သင့္ကေလးေပၚကို အမွားတစ္ခုခုျဖစ္သြားရင္လည္း ေတာင္းပန္ပါ။ သင့္ကေလးက အ႐ုပ္ကို အရမ္းလိုခ်င္ေနၿပီး

ေဈးႀကီးေနတယ္ဆိုရင္ မဝယ္ေပးဘူးလို႔ မေျပာပဲနဲ႔ လိမ္မာရင္၊ စာႀကိဳးစားရင္ ဝယ္ေပးမယ္လို႔ေျပာပါ။ ဒါဟာ ကေလးကို ဆုံးျဖတ္ခ်က္အေပၚ ထိန္းခ်ဳပ္မႈအခ်ိဳ႕ကို ကူညီေပးနိုင္ပါတယ္။

၅။ မလိုအပ္ပဲ ၿခိမ္းေျခာက္မႈေတြလုပ္ျခင္း

ကေလးက ထမင္းစားစားပြဲေပၚေတြ၊ အိမ္နံရံေတြေပၚမွာ ပုံေတြေလၽွာက္ဆြဲေနရင္ သူတို႔ကို လႊင့္ပစ္မယ္ေတြ၊ သူမ်ားေပးပစ္မယ္ေတြမေျပာသင့္ပါဘူး။ အဲ့အစား စာအုပ္မွာပဲျဖစ္ျဖစ္ ဆြဲခိုင္းတာမ်ိဳးကို လုပ္သင့္ပါတယ္။

တကယ္လို႔ သင္သာ ၾကမ္းၾကမ္းတမ္းတမ္းေျပာရင္ ကေလးလည္း ၾကမ္းတမ္းလာနိုင္ၿပီး အကုန္လုံးကို ဖ်က္တတ္လာပါလိမ့္မယ္။ ကေလးကို ေကာင္းေကာင္းမြန္မြန္ေျပာၿပီး ဘယ္နည္းက ဘယ္လိုမလုပ္သင့္ဘူးလဲ ဆိုတာကို ရွင္းျပသင့္ပါတယ္။

၆။ အိမ္စည္းကမ္းအေၾကာင္း မေဆြးေႏြးျခင္း

အိမ္စည္းကမ္းႏွင့္ ပတ္သက္လာရင္ အျငင္းအခုံ လုံးဝမရွိသင့္ပါဘူး။ ရလဒ္ေတြကို ႀကိဳတင္သတ္မွတ္ထားသင့္ၿပီး တူညီတဲ့အရာအေပၚ အျငင္းအခုံလုပ္ေနျခင္းက အဓိပၸာယ္မရွိပါဘူး။ ကေလးေတြက သူတို႔လိုခ်င္တာကို မရတဲ့အခါ စိတ္ဆိုးသြားမွာ ေသခ်ာပါတယ္။

ဒါေပမယ့္ အျပန္ျပန္အလွန္လွန္ ရန္ျဖစ္တာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။ သူတို႔အတြက္ စိတ္ဓာတ္ေတြ ေမြးျမဴသင့္ပါတယ္။ အိမ္စည္းကမ္းဆိုတာ မိသားစုလိုက္ တူတူလုပ္ေဆာင္ရတာပါ။

၇။ သူတို႔ကို ရပိုင္ခြင့္ေတြ မေပးျခင္း

တခ်ိဳ႕မိဘေတြက ကေလးကို ေစာင့္ေရွာက္တဲ့အခါ အရိပ္တၾကည့္ၾကည့္နဲ႔ ေနရာတိုင္းမွာ လိုက္ၿပီးျပဳျပင္ေပးတတ္ၾကပါတယ္။ ဒီမိဘအုပ္ထိန္းမႈပုံစံဟာ ယုံၾကည္စိတ္ခ်မႈမဟုတ္ဘဲ ရသင့္ရထိုက္တဲ့ခံစားခ်က္ေတြကို လိုက္ထိန္းခ်ဳပ္ေနတာပါ။

မိဘေတြဟာ ကေလးေတြကို အေကာင္းဆုံးျဖစ္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လြန္လြန္ကဲကဲ အုပ္ခ်ဳပ္တဲ့အခါ ခ်ီးမြမ္းျခင္း၊ ခ်ီးေျမႇာက္ျခင္းေတြကို ေမ့ၿပီး သူတို႔ရဲ့လမ္းေၾကာင္းမွာရွိတဲ့ ဘယ္အတားအဆီးကိုမဆို ဖယ္ရွားပစ္တတ္ပါတယ္။

ဒီလိုလုပ္ျခင္းက ကေလးေတြကို သူတို႔ဘာသာသူတို႔ ကိုင္တြယ္ဖို႔၊ သူတို႔ရဲ့အမွားေတြကေန အမွန္ေတြကိုသင္ယူၿပီး ဘဝရွင္သန္ေရးနည္းလမ္းေတြကိုပါ မသိျဖစ္သြားတတ္ပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*