လူလိုမျိုးကြီးပြင်းလာတဲ့ချင်ပန်ဇီမျောက်ကို သင်ကြားဖို့ ၆ နှစ်ကြာ တောထဲမှာနေခဲ့တဲ့အမျိုးသမီးတစ်ယောက် (ရုပ်သံ)….
အခုဖော်ပြပေးမှာက Janis အမည်ရှိ အမျိုးသမီးက တောထဲမှာလူသားလိုမွေးဖွားလာတဲ့ Lucy အမည်ရှိ ချင်ပန်စီမျောက်မလေးကို ပြုစုစောင့်ရှောက်ဖို့ ဆယ်စုနှစ်တစ်စုလောက် အချိန်ပေးခဲ့ရပါတယ် ။
Janisဟာ Lucy နဲ့ သဘောဝတောမဲ့ဖြစ်တဲ့ Gambia သစ်တောထဲကိုသွားပြီး Lucy ကို သူမက လက်ဟန်ပြဘာသာစကားနဲ့ စကားပြောစတင်ခဲ့ပါတယ်။
နောက်ပြီး ဒေသခံကျားသစ်မှ Lucy ရဲ့ လုံခြုံမှုအတွက် Lucy ဟာ အခြား ချင်ပန်စီမျောက်ရှစ်ကောင်နဲ့ အတူတည်ငြိမ်စွာ အိပ်စက်ခဲ့ပါတယ်။
Lucy နဲ့အတူ သစ်တောထဲမှာ လျှပ်စစ်မီးမရှိ၊ သောက်ရေလည်းမရှိတဲ့အပြင် ခြောက်လတစ်ကြိမ် သတင်းစာများသာထွက်လာသော်လည်း Janis ဟာ ခြောက်နှစ်ကျော် နေထိုင်ခဲ့ပါတယ်။
Lucy ကို မစွန့်ခွာနိုင်တာက သူမဟာ Lucy အပေါ်ထားရှိတဲ့ သူမရဲ့ခံစားချက်နက်ရှိုင်းမှုကို နားလည်သဘောပေါက်စေခဲ့ပါတယ်။
“ Lucy နဲ့ကျွန်မရဲ့ဆက်ဆံရေးက သူငယ်ချင်းတစ်ယောက်ထက် မိခင်နဲ့သမီး လို ပိုတူနေတယ်” လို့ Janis က ဆိုခဲ့ပါတယ်။
သို့သော် အချိန်ကြာမြင့်စွာ အထီးကျန်မှုနဲ့ Lucy ရဲ့နှေးကွေးတဲ့ဖွံ့ဖြိုးမှုဟာတစ်ချိန်မှာ Janis ကိုအလွန်ပင်ပန်းစေခဲ့ပါတယ်။
Lucy ဟာအစာရှာဖွေရန်အတွက် Janis ရဲ့သင်ကြားမှုကိုမြင်ပြီးနောက် အရွက်များကိုရှာဖွေစားသုံးနိုင်ခဲ့ပါတယ်။
Lucy ဟာ ပတ်ဝန်းကျင်အသစ်ကို စတင်ကျင့်သုံးနေရတာကြောင့်သူမသိတဲ့အချက်တွေ များစွာရှိနေပါတယ်။
ဒါကြောင့် Lucy ဟာJanis မပါဘဲ ဆက်လက်ရှင်သန်နိုင်လိမ့်မယ် မထင်ပါဘူး။
” Lucy ဟာ အခြားချင်ပန်ဇီမျောက်တွေ နဲ့ လူမှုရေးအရ ပေါင်းသင်းရမယ်ဖြစ်သော်လည်း သူမရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျွန်မ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။
ဒါကြောင့်သူမရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အခြားတစ်ယောက်ယောက်ကို သူမရှာဖွေလို့တွေ့တဲ့အချိန်ကျရင် သူ့ကိုတစ်ယောက်တည်းထားခဲ့လို့ရနိုင်တယ်။ ” လို့ Janis က ဆိုခဲ့ပါတယ်။
ထိုအချိန်မှာ Lucy ကိုDash လို့ခေါ်တဲ့ (နောက်ထပ်ချင်ပန်ဇီမျောက်)တစ်ဦး နဲ့ဆက်သွယ်ပြီး Janis ကို စွန့်ခွာရန် အချိန်ကောင်းဖြစ်စေခဲ့ပါတယ်။
Janis ဟာ Lucy နဲ့ နောက်ဆုံးအကြိမ်ဖက်ပြီး နောက်တစ်နှစ်အကြာမှာဘဲ Janis ကျွန်းကို ပြန်သွားခဲ့ပါတယ် ။
Lucy ဟာ Janis ပြန်သွားပြီး နောက်နှစ်တွင်မှာ သေဆုံးသွားခဲ့ပါတယ်။ Janis နဲ့ Lucy တို့အတူတကွရှိခဲ့တဲ့အချိန်မှာစုဆောင်းထားတဲ့ပုံများကို ဗီဒီယိုတစ်ခုအဖြစ် ပြသထားပါတယ်။crd
Leave a Reply