
အစာကျွေးလို့ လက်ဆောင်ပြန်ပေးတဲ့အနေနဲ့ ပင်လယ်ရေအောက်အနက်ထိ ဆင်းပြီး တွေ့ကရပစ္စည်းတွေကို ယူလာပေးတတ်တဲ့ လင်းပိုင်တစ်ကောင်….
လင်းပိုင်များက စကားပြောနဲ့မဟုတ်တဲ့ အချက်ပြမှုများမှတစ်ဆင့် လူသားများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့်မယုံနိုင်လောက်အောင် ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ တိရိစ္ဆာန်တွေဆိုတာ အားလုံး အသိပါဘဲ။ဒါ့ပြင် ဒီလို စမတ်ကျတဲ့ သတ္တဝါများက တစ်ချိန်တည်းမှာဘဲ ချစ်စရာကောင်းနိုင်ကြပါတယ်။
Queensland’s Cooloola Coast ရှိ အသက် 29 နှစ်အရွယ် Mystique အမည်ရှိလင်းပိုင်တစ်ကောင်ကပင်လယ်ရေအောက်အနက်မှသူရှာဖွေတွေ့ရှိတဲ့ရတနာများကို ဧည့်သည်များအား ၎င်းရဲ့အစာလက်ဆောင်အဖြစ် ပြန်ပေးခဲ့တဲ့၎င်းရဲ့ချစ်စဖွယ်ကောင်းမှုကထောင်ပေါင်းများစွာသောနှလုံးသားများကို အရည်ပျော်သွားစေခဲ့ပါတယ်။
Barnacles Cafe & Dolphinအစာကျွေးရေးစင်တာ(BCDF)မှဝန်ထမ်းများကQueensland’s Cooloola Coastသို့လာရောက်လည်ပတ်တဲ့အခါတိုင်းMystique လေးက သန္တာကျောက်တုံး၊ ကမာအခွံနှင့် ပုလင်းများစတဲ့ ပင်လယ်ရေအောက်အနက်မှရှာဖွေတွေ့ရှိသည့်ရတနာတစ်စုံတစ်ခုကိုသူ့ရဲ့နှုတ်သီးပေါ်တင်ပြီး အမြဲပေါ်လာတတ်တဲ့အတွက် ၎င်းတို့ကလည်း အပြန်အလှန်အနေနဲ့ အရသာရှိတဲ့ငါးများကို ပြန်ကျွေးကြပါတယ်။
Mystique က လူသားတွေနဲ့ ဘယ်လိုယှဉ်တွဲနေထိုင်ရမှာကို အခြားတိရိစ္ဆာန်များထက် ကောင်းစွာသိနေပုံပါဘဲ။“ Mystiqueက၎င်းရဲ့အစာလက်ဆောင်အဖြစ် ပင်လယ်အောက်ကို ဆင်းပြီး ပစ္စည်းတစ်စုံတစ်ခု သွားရှာပေးတယ်။
ဒါမှမဟုတ် ငါတို့က မကြိုက်ဘူးလို့ပြောရင် သူက ရေအောက်ထပ်ဆင်းပြီး အခြားတစ်ခုကို ပြန်ယူလာပေးတတ်တယ် ” လို့ အစာကျွေးသူ စေတနာ့ဝန်ထမ်း Lyn McPherson က ပြောကြားခဲ့ပါတယ်။
Mystique ကို ဒီလိုလုပ်ဖို့ မလေ့ကျင့်ပေးဖူးပေမယ့်လည်း ကူးစက်ရောဂါပိတ်ဆို့ထားချိန်အတွင်း လူသားများနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာသူ့ဘာသာသူ လေ့လာခဲ့ပုံရကြောင်း Lyn က ဆက်ပြောခဲ့ပါတယ်။ Mystique လေးက လက်ရှိမှာ ထက်မြက်တဲ့ ရတနာရှာဖွေသူအပြင်လူအများရဲ့အာရုံစိုက်မှုကိုရရှိမဲ့ နည်းလမ်းကို အမြဲရှာဖွေနေတတ်တဲ့ စမတ်ကျသည့်လင်းပိုင်အဖြစ်လည်း လူသိများနေပါတယ်။
BCDF မှ စေတနာ့ဝန်ထမ်းများရဲ့အဆိုအရ Mystiqueကို ၁၉၉၁ ခုနှစ်၎င်းရဲ့မိခင်နှင့်မွေးချင်းခုနစ်ကောင်တို့နှင့်အတူ Cooloola Coastမှာရေကူးနေတာကို ပထမဆုံးမြင်တွေ့ခဲ့ရတာပါ။
Mystique က လက်ဆောင်များရှာတတ်တဲ့အလေ့အကျင့်ကြောင့်အသိအမှတ်ပြုခံရတဲ့၎င်းမွေးချင်းထဲမှလင်းပိုင်တစ်ကောင်ပါဘဲ။၂၀၀၇ ခုနှစ်က ငါးမန်းနှင့်တိုက်ပွဲအပြီးမှာ Mystique ရဲ့နောက်ကျောမှာ ဒဏ်ရာအမာရွတ်ရှိနေတဲ့အတွက်ကြောင့် သူ့ကို အခြားလင်းပိုင်များနဲ့မမှားနိုင်ပါဘူး။
ဝန်ထမ်းများကလည်း Mystique လေးရဲ့လက်ဆောင်များကို နှစ်သက်ပြီး အနာဂတ်မှာ နောက်ထပ်လက်ဆောင်များရရှိရန် အမြဲတမ်းစိတ်လှုပ်ရှားနေကြပါတယ်။crd
အစာေကၽြးလို႔ လက္ေဆာင္ျပန္ေပးတဲ့အေနနဲ႔ ပင္လယ္ေရေအာက္အနက္ထိ ဆင္းၿပီး ေတြ႕ကရပစၥည္းေတြကို ယူလာေပးတတ္တဲ့ လင္းပိုင္တစ္ေကာင္….
လင္းပိုင္မ်ားက စကားေျပာနဲ႔မဟုတ္တဲ့ အခ်က္ျပမႈမ်ားမွတစ္ဆင့္ လူသားမ်ားႏွင့္ ဆက္သြယ္ေျပာဆိုနိုင္သည့္မယုံနိုင္ေလာက္ေအာင္ ဉာဏ္ရည္ဉာဏ္ေသြးရွိတဲ့ တိရိစၧာန္ေတြဆိုတာ အားလုံး အသိပါဘဲ။ဒါ့ျပင္ ဒီလို စမတ္က်တဲ့ သတၱဝါမ်ားက တစ္ခ်ိန္တည္းမွာဘဲ ခ်စ္စရာေကာင္းနိုင္ၾကပါတယ္။
Queensland’s Cooloola Coast ရွိ အသက္ 29 ႏွစ္အရြယ္ Mystique အမည္ရွိလင္းပိုင္တစ္ေကာင္ကပင္လယ္ေရေအာက္အနက္မွသူရွာေဖြေတြ႕ရွိတဲ့ရတနာမ်ားကို ဧည့္သည္မ်ားအား ၎ရဲ့အစာလက္ေဆာင္အျဖစ္ ျပန္ေပးခဲ့တဲ့၎ရဲ့ခ်စ္စဖြယ္ေကာင္းမႈကေထာင္ေပါင္းမ်ားစြာေသာႏွလုံးသားမ်ားကို အရည္ေပ်ာ္သြားေစခဲ့ပါတယ္။
Barnacles Cafe & Dolphinအစာေကၽြးေရးစင္တာ(BCDF)မွဝန္ထမ္းမ်ားကQueensland’s Cooloola Coastသို႔လာေရာက္လည္ပတ္တဲ့အခါတိုင္းMystique ေလးက သႏၲာေက်ာက္တုံး၊ ကမာအခြံႏွင့္ ပုလင္းမ်ားစတဲ့ ပင္လယ္ေရေအာက္အနက္မွရွာေဖြေတြ႕ရွိသည့္ရတနာတစ္စုံတစ္ခုကိုသူ႔ရဲ့ႏႈတ္သီးေပၚတင္ၿပီး အျမဲေပၚလာတတ္တဲ့အတြက္ ၎တို႔ကလည္း အျပန္အလွန္အေနနဲ႔ အရသာရွိတဲ့ငါးမ်ားကို ျပန္ေကၽြးၾကပါတယ္။
Mystique က လူသားေတြနဲ႔ ဘယ္လိုယွဥ္တြဲေနထိုင္ရမွာကို အျခားတိရိစၧာန္မ်ားထက္ ေကာင္းစြာသိေနပုံပါဘဲ။“ Mystiqueက၎ရဲ့အစာလက္ေဆာင္အျဖစ္ ပင္လယ္ေအာက္ကို ဆင္းၿပီး ပစၥည္းတစ္စုံတစ္ခု သြားရွာေပးတယ္။
ဒါမွမဟုတ္ ငါတို႔က မႀကိဳက္ဘူးလို႔ေျပာရင္ သူက ေရေအာက္ထပ္ဆင္းၿပီး အျခားတစ္ခုကို ျပန္ယူလာေပးတတ္တယ္ ” လို႔ အစာေကၽြးသူ ေစတနာ့ဝန္ထမ္း Lyn McPherson က ေျပာၾကားခဲ့ပါတယ္။
Mystique ကို ဒီလိုလုပ္ဖို႔ မေလ့က်င့္ေပးဖူးေပမယ့္လည္း ကူးစက္ေရာဂါပိတ္ဆို႔ထားခ်ိန္အတြင္း လူသားမ်ားနဲ႔ ဘယ္လိုဆက္ဆံရမလဲဆိုတာသူ႔ဘာသာသူ ေလ့လာခဲ့ပုံရေၾကာင္း Lyn က ဆက္ေျပာခဲ့ပါတယ္။ Mystique ေလးက လက္ရွိမွာ ထက္ျမက္တဲ့ ရတနာရွာေဖြသူအျပင္လူအမ်ားရဲ့အာ႐ုံစိုက္မႈကိုရရွိမဲ့ နည္းလမ္းကို အျမဲရွာေဖြေနတတ္တဲ့ စမတ္က်သည့္လင္းပိုင္အျဖစ္လည္း လူသိမ်ားေနပါတယ္။
BCDF မွ ေစတနာ့ဝန္ထမ္းမ်ားရဲ့အဆိုအရ Mystiqueကို ၁၉၉၁ ခုႏွစ္၎ရဲ့မိခင္ႏွင့္ေမြးခ်င္းခုနစ္ေကာင္တို႔ႏွင့္အတူ Cooloola Coastမွာေရကူးေနတာကို ပထမဆုံးျမင္ေတြ႕ခဲ့ရတာပါ။
Mystique က လက္ေဆာင္မ်ားရွာတတ္တဲ့အေလ့အက်င့္ေၾကာင့္အသိအမွတ္ျပဳခံရတဲ့၎ေမြးခ်င္းထဲမွလင္းပိုင္တစ္ေကာင္ပါဘဲ။၂၀၀၇ ခုႏွစ္က ငါးမန္းႏွင့္တိုက္ပြဲအၿပီးမွာ Mystique ရဲ့ေနာက္ေက်ာမွာ ဒဏ္ရာအမာရြတ္ရွိေနတဲ့အတြက္ေၾကာင့္ သူ႔ကို အျခားလင္းပိုင္မ်ားနဲ႔မမွားနိုင္ပါဘူး။
ဝန္ထမ္းမ်ားကလည္း Mystique ေလးရဲ့လက္ေဆာင္မ်ားကို ႏွစ္သက္ၿပီး အနာဂတ္မွာ ေနာက္ထပ္လက္ေဆာင္မ်ားရရွိရန္ အျမဲတမ္းစိတ္လႈပ္ရွားေနၾကပါတယ္။crd
Leave a Reply