“ပင်လယ်ပြာပြာမိုးပြာပြာ” ဇာတ်လမ်းတွဲမှာ ခြူးလေးအစား ရွေးချယ်ခံလိုက်ရတဲ့အကြောင်း ပြသလိုက်တဲ့ သရုပ်ဆောင်အင်ကြင်းထူး….

“ပင်လယ်ပြာပြာမိုးပြာပြာ” ဇာတ်လမ်းတွဲမှာ ခြူးလေးအစား ရွေးချယ်ခံလိုက်ရတဲ့အကြောင်း ပြသလိုက်တဲ့ သရုပ်ဆောင်အင်ကြင်းထူး….

ပရိသတ်ကြီးရေ သရုပ်ဆောင်အင်ကြင်းထူးဟာဆိုရင် ဇာတ်လမ်းတွဲတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှုကိုများစွာပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။”ဝိပါက”ဇာတ်လမ်းတွဲမှာလူသိများလာတဲ့ အင်ကြင်းထူးဟာအခုဆိုရင် အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုကိုရရှိလာခဲ့ပါတယ်။

ဒီကနေ့မှာတော့ အင်ကြင်းထူးက သူမအနေနဲ့ ပါဝင်သရုပ်ဆောင်သွားရမယ့် ဇာတ်လမ်းတွဲသစ်လေးတစ်ခုကို သူမရဲ့ဖေ့စ်ဘုတ် Story မှာပြောလာပါတယ်။

အင်ကြင်းထူးဟာ ဒါရိုက်တာဟိန်းစိုး ရိုက်ကူးမယ့် “ပင်လယ်ပြာပြာ မိုးပြာပြာ” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်မှာ အောင်ရေချမ်း မေမီကိုကိုတို့နဲ့အတူ သရုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။

အဆိုပါ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဆိုတဲ့ ဇာတ်လမ်းတွဲဟာ မေမီကိုကို၊ ခြူးလေးတို့နဲ့ ရိုက်ကူးဖို့စတင်ခဲ့တာဖြစ်ပြီး ခြူးလေးက နာမည်ပြဿနာကြောင့် နှုတ်ထွက်သွားတဲ့အခါ အင်ကြင်းထူးက ခြူးလေးရဲ့နေရာကို အစားထိုးလက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်ကြင်းထူးက သူမရဲ့ ကာရိုက်တာကို အကောင်းဆုံးကြိုးစားမှာမို့ ပရိသတ်ကြီးကလည်း အားပေးပေးကြပါဦးနော်။

Credit;







Credit;

Be the first to comment

Leave a Reply

Your email address will not be published.


*