
အောင်လနဲ့မာလီခင်တို့ တွဲဆိုင်းဖြစ်လာနိုင်ဖွယ် ရှိမရှိ….
ပြီးခဲ့တဲ့ပြိုင်ပွဲမှာတုန်းက ထိုးသတ်ခဲ့ကြသည့် အောင်လအန်ဆန်းနှင့် ယူရှင် အိုကာမီတို့ပွဲတွင် အောင်လအန်ဆန်းသည် အနိုင်ရရှိခဲ့ကာ ချန်ပီယံအိမ်မက်ကို ဆက်မက်ဖို့ တကျော့ပြန် ပြန်လည်ရောက်ရှိလာပါတယ်။
အခြားတစ်ဖက်တွင်လည်း အနာတိုလီ မာလီခင်သည် ရိုင်နီယာ ဒိရိုက်ဒါနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲထိုးသတ်ခဲ့ပြီး ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ပရိသတ်တွေကြားမှာ အောင်လအန်ဆန်းနှင့် အနာတိုလီ မာလီခင်တို့ရဲ့တွဲဆိုင်းဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းများဟာ သို့လောသို့လော ပေါ်ပေါက်နေပါတယ်။
သို့ပေမယ့် လွန်ခဲ့သည့်ရက်ပိုင်းမှာတော့ ONE Championship ဟာ အောင်လအန်ဆန်းရဲ့နောက်ပွဲကို ကြေငြာသွားခဲ့ပြီးဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာက တရုတ်ဖိုက်တာ ဖန်ဝေါင်းပါ။
အောင်လနှင့်ဖန်ဝေါင်းတို့ဟာ ဇန်နဝါရီလ 14 ရက်နေ့မှာ ရင်ဆိုင်ထိုးသတ်ရမှာဖြစ်တာကြောင့် အချိန်သိပ်မလိုတော့ပါဘူး။ လက်တလောမှာတော့ မာလီခင်ဟာ ပြိုင်ဘက်မရှိသေးဘဲ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် မာလီခင်ရဲ့နောက်ပွဲဟာ အာဂျန်ဘူလာနှင့် အနီးစပ်ဆုံး ဖြစ်လာနိုင်ချေရှိပါတယ်။
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွေမှာသာ ထိုးသတ်ဖူးတဲ့ဖိုက်တာတစ်ဦးဖြစ်သလို အနာတိုလီမာလီခင်ကလည်း ဟဲဗီးဝိတိတန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့တွင်သာ ထိုးသတ်လေ့ရှိတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် အောင်လအန်ဆန်းနှင့် အနာတိုလီမာလီခင်တို့ ထိပ်တိုက်တွေ့ဆုံနိုင်မည့် တစ်ခုတည်းသောပွဲကတော့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲဘဲ ဖြစ်ပါတယ်။
ONE Championship အနေဖြင့် အောင်လအန်ဆန်းကို လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲကို တိုက်ရိုက်ပေးအပ်သွားမည်မဟုတ်ဘဲ အောင်လအနေဖြင့် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံပြန်ဖြစ်မှ ဒီအခွင့်အရေးကို ရရှိပါလိမ့်မယ်။
ဒါကြောင့် အောင်လအတွက် အရေးအကြီးဆုံးက မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ဖြစ်ပြီး ယခုလာမည့် ဖန်ဝေါင်းနဲ့ပွဲမှာ အနိုင်ရရှိခဲ့မည်ဆိုပါက နောက်ပွဲဟာ သေချာပေါက် ခါးပတ်လုခွင့်အဆုံးအဖြတ်ပွဲမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မှတ်ယူရပါတယ်။
အောင်လအန်ဆန်းနဲ့ အနာတိုလီမာလိခင်တို့ရဲ့ တွဲဆိုင်းကို ကြည့်ရှုချင်နေတဲ့ ပရိသတ်တွေအနေဖြင့် ဒီတွဲဆိုင်းဖြစ်လာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းသွားရဖွယ်ရှိနေပါတယ်။crd
ေအာင္လနဲ႔မာလီခင္တို႔ တြဲဆိုင္းျဖစ္လာနိုင္ဖြယ္ ရွိမရွိ….
ၿပီးခဲ့တဲ့ၿပိဳင္ပြဲမွာတုန္းက ထိုးသတ္ခဲ့ၾကသည့္ ေအာင္လအန္ဆန္းႏွင့္ ယူရွင္ အိုကာမီတို႔ပြဲတြင္ ေအာင္လအန္ဆန္းသည္ အနိုင္ရရွိခဲ့ကာ ခ်န္ပီယံအိမ္မက္ကို ဆက္မက္ဖို႔ တေက်ာ့ျပန္ ျပန္လည္ေရာက္ရွိလာပါတယ္။
အျခားတစ္ဖက္တြင္လည္း အနာတိုလီ မာလီခင္သည္ ရိုင္နီယာ ဒိရိုက္ဒါႏွင့္ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲထိုးသတ္ခဲ့ၿပီး ခ်န္ပီယံသစ္ ျဖစ္လာခဲ့ပါတယ္။
ဒါေၾကာင့္ ပရိသတ္ေတြၾကားမွာ ေအာင္လအန္ဆန္းႏွင့္ အနာတိုလီ မာလီခင္တို႔ရဲ့တြဲဆိုင္းျဖစ္လာနိုင္မလားဆိုတဲ့ ေမးခြန္းမ်ားဟာ သို႔ေလာသို႔ေလာ ေပၚေပါက္ေနပါတယ္။
သို႔ေပမယ့္ လြန္ခဲ့သည့္ရက္ပိုင္းမွာေတာ့ ONE Championship ဟာ ေအာင္လအန္ဆန္းရဲ့ေနာက္ပြဲကို ေၾကျငာသြားခဲ့ၿပီးျဖစ္ၿပီး ၿပိဳင္ဘက္ဖိုက္တာက တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းပါ။
ေအာင္လႏွင့္ဖန္ေဝါင္းတို႔ဟာ ဇန္နဝါရီလ 14 ရက္ေန႔မွာ ရင္ဆိုင္ထိုးသတ္ရမွာျဖစ္တာေၾကာင့္ အခ်ိန္သိပ္မလိုေတာ့ပါဘူး။ လက္တေလာမွာေတာ့ မာလီခင္ဟာ ၿပိဳင္ဘက္မရွိေသးဘဲ ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲ ထိုးသတ္ဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ မာလီခင္ရဲ့ေနာက္ပြဲဟာ အာဂ်န္ဘူလာႏွင့္ အနီးစပ္ဆုံး ျဖစ္လာနိုင္ေခ်ရွိပါတယ္။
ေအာင္လအန္ဆန္းဟာ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းေတြမွာသာ ထိုးသတ္ဖူးတဲ့ဖိုက္တာတစ္ဦးျဖစ္သလို အနာတိုလီမာလီခင္ကလည္း ဟဲဗီးဝိတိတန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔တြင္သာ ထိုးသတ္ေလ့ရွိတဲ့ ဖိုက္တာတစ္ဦးျဖစ္ပါတယ္။
ဒါေၾကာင့္ ေအာင္လအန္ဆန္းႏွင့္ အနာတိုလီမာလီခင္တို႔ ထိပ္တိုက္ေတြ႕ဆုံနိုင္မည့္ တစ္ခုတည္းေသာပြဲကေတာ့ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲဘဲ ျဖစ္ပါတယ္။
ONE Championship အေနျဖင့္ ေအာင္လအန္ဆန္းကို လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံလုပြဲကို တိုက္ရိုက္ေပးအပ္သြားမည္မဟုတ္ဘဲ ေအာင္လအေနျဖင့္ မစ္ဒယ္ဝိတ္တန္းမွာ ခ်န္ပီယံျပန္ျဖစ္မွ ဒီအခြင့္အေရးကို ရရွိပါလိမ့္မယ္။
ဒါေၾကာင့္ ေအာင္လအတြက္ အေရးအႀကီးဆုံးက မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ျဖစ္ၿပီး ယခုလာမည့္ ဖန္ေဝါင္းနဲ႔ပြဲမွာ အနိုင္ရရွိခဲ့မည္ဆိုပါက ေနာက္ပြဲဟာ ေသခ်ာေပါက္ ခါးပတ္လုခြင့္အဆုံးအျဖတ္ပြဲမ်ိဳး ေပၚေပါက္လာလိမ့္မည္ဟု မွတ္ယူရပါတယ္။
ေအာင္လအန္ဆန္းနဲ႔ အနာတိုလီမာလိခင္တို႔ရဲ့ တြဲဆိုင္းကို ၾကည့္ရႈခ်င္ေနတဲ့ ပရိသတ္ေတြအေနျဖင့္ ဒီတြဲဆိုင္းျဖစ္လာဖို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ဆိုင္းသြားရဖြယ္ရွိေနပါတယ္။crd
Leave a Reply