လက်သီးထိုးချက်တွေနဲ့ နိုင်ပွဲဆက်နေတဲ့ အောင်လက ရိုင်နီယာကို အနိုင်ရနိုင်မလား….

လက်သီးထိုးချက်တွေနဲ့ နိုင်ပွဲဆက်နေတဲ့ အောင်လက ရိုင်နီယာကို အနိုင်ရနိုင်မလား….

ပရိသတ်တွေအားလုံးသိရှိပြီးသည့်အတိုင်း ကချင်သားကြီး အောင်လအန်ဆန်းဟာ သူနောက်ဆုံးထိုးသတ်ခဲ့သည့် ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီနှင့် ဘရာဇီးလ်အကျော်အမောဖိုက်တာတစ်ဦးဖြစ်သူ ဂါဗာအိုတို့ကို ပထမအချီမှာဘဲ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကာ ၂ ပွဲဆက်တိုက် အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ထူးခြားစွာဖြင့် အောင်လအန်ဆန်းဟာ သူနောက်ဆုံး အနိုင်ရရှိထားတဲ့ ၂ ပွဲဆက်တိုက်ကို မြေပြင်လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်တွေကို အလဲထိုးပြီး အနိုင်ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အောင်လအန်ဆန်းကို အများကြီးမျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းကို ကောင်းတဲ့အချက်ပါ။

အောင်လဟာ နောက်ဆုံးကစားထားတဲ့ ၂ ပွဲစလုံးတွင် ပွဲကစားချိန်အတွင်းမှာ အရင်ပွဲတွေက ပုံစံလိုမျိုး သူ့ကိုယ်သူ မြေပြင်ပေါ်လဲမကျအောင် အတင်းကာကွယ်နေတာမျိုးမဟုတ်တော့ဘဲ ကိုယ်ကသာနေရင် Galvao လို ခန္ဓာကိုယ်ကြံ့ခိုင်တဲ့သူကိုတောင် မြေပြင်ပေါ်လဲ‌အောင် ပြုလုပ်ခဲ့ပြီး ပွဲသိမ်းခဲ့ပါတယ်။

အောင်လဟာ နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရိုက်ဒါကို နှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့စဉ်က Ground ပိုင်း မှာ အတော်အားနည်းမှုကြောင့် ဖြစ်ပေသည်။ ယင်း ၂ ပွဲစလုံးမှာ အောင်လဟာ ရိုင်နီယာရဲ့ဖိအားပေးသမျှကို ခံခဲ့ရပြီး သူ့ရဲ့ချန်ပီယံခါးပတ်တွေကို အလွယ်တကူဘဲ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ် ပြန်တွေ့ရင်တော့ အောင်လအန်ဆန်းဟာ အရင်လို ရိုင်နီယာ ပြုသမျှ နုရမယ့် အခြေအနေမျိုးမှာ ရှိတော့မှာမဟုတ်ပါဘူး။ ဘတစ်ပြန် ကျားတစ်ပြန် ပုံစံမျိုးနဲ့ ပရိသတ်တွေဟာ ပွဲကောင်းတစ်ပွဲကြည့်ရဖို့ ရှိနေပြီး ရိုင်နီယာကိုသာ မြေပြင်ပေါ်လဲချန်ိုင်ပြီး အပေါ်စီးက စိတ်ကြိုက်ထိုးခွင့်ရခဲ့မည်ဆိုပါက နိုင်ပွဲက သေချာပေါက် အောင်လဘက်မှာ ရှိနေမှာပါ။

အောင်လအန်ဆန်းကို ချစ်ကြတဲ့ ညီအကိုတို့ရော အောင်လနဲ့ ရိုင်နီယာဒီရိုက်ဒါတို့ရဲ့ မကျေပွဲနှင့်ပတ်သတ်ပြီး ဘယ်လိုထင်မြင်ပါသလဲ။ ဒီပွဲဖြစ်လာခဲ့ရင်ရော အောင်လအနေဖြင့် ပြန်ပြီးလက်စားချေနိုင်လိမ့်မည်ဟု ထင်မြင်ပါသလား။ ညီအကိုတို့ရဲ့ အမြင်လေးတွေကိုလည်း ဆွေးနွေးပေးသွားကြပါဦး။crd

လက္သီးထိုးခ်က္ေတြနဲ႔ နိုင္ပြဲဆက္ေနတဲ့ ေအာင္လက ရိုင္နီယာကို အနိုင္ရနိုင္မလား….

ပရိသတ္ေတြအားလုံးသိရွိၿပီးသည့္အတိုင္း ကခ်င္သားႀကီး ေအာင္လအန္ဆန္းဟာ သူေနာက္ဆုံးထိုးသတ္ခဲ့သည့္ ဂ်ပန္ဝါရင့္ဖိုက္တာႀကီး ယူရွင္အိုကာမီႏွင့္ ဘရာဇီးလ္အေက်ာ္အေမာဖိုက္တာတစ္ဦးျဖစ္သူ ဂါဗာအိုတို႔ကို ပထမအခ်ီမွာဘဲ အလဲထိုးျဖင့္ အနိုင္ရရွိခဲ့ကာ ၂ ပြဲဆက္တိုက္ အနိုင္ရလဒ္ရရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့ပါတယ္။

ထူးျခားစြာျဖင့္ ေအာင္လအန္ဆန္းဟာ သူေနာက္ဆုံး အနိုင္ရရွိထားတဲ့ ၂ ပြဲဆက္တိုက္ကို ေျမျပင္လက္သီးထိုးခ်က္ေတြနဲ႔ ၿပိဳင္ဘက္ေတြကို အလဲထိုးၿပီး အနိုင္ရလာခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ေအာင္လအန္ဆန္းကို အမ်ားႀကီးေမၽွာ္လင့္ေနၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ အရမ္းကို ေကာင္းတဲ့အခ်က္ပါ။

ေအာင္လဟာ ေနာက္ဆုံးကစားထားတဲ့ ၂ ပြဲစလုံးတြင္ ပြဲကစားခ်ိန္အတြင္းမွာ အရင္ပြဲေတြက ပုံစံလိုမ်ိဳး သူ႔ကိုယ္သူ ေျမျပင္ေပၚလဲမက်ေအာင္ အတင္းကာကြယ္ေနတာမ်ိဳးမဟုတ္ေတာ့ဘဲ ကိုယ္ကသာေနရင္ Galvao လို ခႏၶာကိုယ္ႀကံ့ခိုင္တဲ့သူကိုေတာင္ ေျမျပင္ေပၚလဲ‌ေအာင္ ျပဳလုပ္ခဲ့ၿပီး ပြဲသိမ္းခဲ့ပါတယ္။

ေအာင္လဟာ နယ္သာလန္ဖိုက္တာ ရိုင္နီယာ ဒီရိုက္ဒါကို ႏွစ္ပြဲဆက္တိုက္ အေရးနိမ့္ခဲ့စဥ္က Ground ပိုင္း မွာ အေတာ္အားနည္းမႈေၾကာင့္ ျဖစ္ေပသည္။ ယင္း ၂ ပြဲစလုံးမွာ ေအာင္လဟာ ရိုင္နီယာရဲ့ဖိအားေပးသမၽွကို ခံခဲ့ရၿပီး သူ႔ရဲ့ခ်န္ပီယံခါးပတ္ေတြကို အလြယ္တကူဘဲ ဆုံးရႈံးသြားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီတစ္ႀကိမ္ ျပန္ေတြ႕ရင္ေတာ့ ေအာင္လအန္ဆန္းဟာ အရင္လို ရိုင္နီယာ ျပဳသမၽွ ႏုရမယ့္ အေျခအေနမ်ိဳးမွာ ရွိေတာ့မွာမဟုတ္ပါဘူး။ ဘတစ္ျပန္ က်ားတစ္ျပန္ ပုံစံမ်ိဳးနဲ႔ ပရိသတ္ေတြဟာ ပြဲေကာင္းတစ္ပြဲၾကည့္ရဖို႔ ရွိေနၿပီး ရိုင္နီယာကိုသာ ေျမျပင္ေပၚလဲခ်န္ိုင္ၿပီး အေပၚစီးက စိတ္ႀကိဳက္ထိုးခြင့္ရခဲ့မည္ဆိုပါက နိုင္ပြဲက ေသခ်ာေပါက္ ေအာင္လဘက္မွာ ရွိေနမွာပါ။

ေအာင္လအန္ဆန္းကို ခ်စ္ၾကတဲ့ ညီအကိုတို႔ေရာ ေအာင္လနဲ႔ ရိုင္နီယာဒီရိုက္ဒါတို႔ရဲ့ မေက်ပြဲႏွင့္ပတ္သတ္ၿပီး ဘယ္လိုထင္ျမင္ပါသလဲ။ ဒီပြဲျဖစ္လာခဲ့ရင္ေရာ ေအာင္လအေနျဖင့္ ျပန္ၿပီးလက္စားေခ်နိုင္လိမ့္မည္ဟု ထင္ျမင္ပါသလား။ ညီအကိုတို႔ရဲ့ အျမင္ေလးေတြကိုလည္း ေဆြးေႏြးေပးသြားၾကပါဦး။crd

Be the first to comment

Leave a Reply

Your email address will not be published.


*