
ကမ္ဘာ့အကောင်းဆုံး ဂျူဂျစ်စု ကစားသမား၊ ဂျူဂျစ်စုနည်းပြတွေနဲ့ လေ့ကျင့်နေတဲ့ ရိုင်နီယာ….
ရိုင်နီယာကတော့ ရူအိုတိုလိုနဲ့ ပွဲစဉ် မတိုင်ခင်မှာ သူ့ရဲ့ Grappling Skill တွေကို တိုးတက်လာဖို့ အစွမ်းကုန်လေ့ကျင့်နေပါပြီ။
ထူးခြားတာက ဂျူဂျစ်စုမှာ ထာဝရအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Gordon Ryan ၊ အကောင်းဆုံးဂျူဂျစ်စုနည်းပြတစ်ဦးဖြစ်တဲ့ John Danaher တို့နဲ့ လေ့ကျင့်နေတာပါပဲGordon Ryan ဟာ လက်ရှိ စူပါဟဲဗီးဝိတ်တန်းက ဖိုက်တာတစ်ယောက်ဖြစ်ပြီး ဂျူဂျစ်စုပညာရပ်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့်တစ် ဂျူဂျစ်စုခါးပတ်နက်ပိုင်ရှင်ဖြစ်ပြီး ADCC World champion ငါးကြိမ်၊ IBJJF No-Gi World champion နှစ်ကြိမ် နဲ့ Eddie Bravo Invitational champion လေးကြိမ်တိတိ ဖြစ်ဖူးခဲ့သူပါ
နောက်တစ်ယောက် John Danaher ဟာဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံး ဂျူဂျစ်စုနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း တခြား ဂျူဂျစ်စုကစားသမားတွေအတွက်ကိုပါ နည်းပြလုပ်ပေးနေပါတယ်
ဒီလိုမျိုး ဆရာ့ဆရာကြီးတွေနဲ့ အတူ လေ့ကျင့်နေတဲ့ ရိုင်နီယာကတော့ ရူအိုတိုလိုနဲ့ ပွဲစဉ်ကို အနိုင်ကြဲဖို့အတွက် အားခဲထားပုံ ရပါတယ်။
မာလီခင်ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ သူရဲ့ဟာကွက်တွေကို လျှော့ပါးအောင်၊ Grappling ပိုကောင်းအောင် လေ့ကျင့်နေတဲ့ ရိုင်နီယာတစ်ယောက် ရူအိုတိုလိုနဲ့ပွဲမှာ ဘယ်လိုကစားသွားမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။crd
ကမၻာ့အေကာင္းဆုံး ဂ်ဴဂ်စ္စု ကစားသမား၊ ဂ်ဴဂ်စ္စုနည္းျပေတြနဲ႔ ေလ့က်င့္ေနတဲ့ ရိုင္နီယာ….
ရိုင္နီယာကေတာ့ ႐ူအိုတိုလိုနဲ႔ ပြဲစဥ္ မတိုင္ခင္မွာ သူ႔ရဲ့ Grappling Skill ေတြကို တိုးတက္လာဖို႔ အစြမ္းကုန္ေလ့က်င့္ေနပါၿပီ။
ထူးျခားတာက ဂ်ဴဂ်စ္စုမွာ ထာဝရအေကာင္းဆုံးလို႔ သတ္မွတ္ခံထားရတဲ့ Gordon Ryan ၊ အေကာင္းဆုံးဂ်ဴဂ်စ္စုနည္းျပတစ္ဦးျဖစ္တဲ့ John Danaher တို႔နဲ႔ ေလ့က်င့္ေနတာပါပဲGordon Ryan ဟာ လက္ရွိ စူပါဟဲဗီးဝိတ္တန္းက ဖိုက္တာတစ္ေယာက္ျဖစ္ၿပီး ဂ်ဴဂ်စ္စုပညာရပ္မွာ တစ္ဖက္ကမ္းခပ္ ကၽြမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။
လက္ရွိ ကမၻာ့အဆင့္တစ္ ဂ်ဴဂ်စ္စုခါးပတ္နက္ပိုင္ရွင္ျဖစ္ၿပီး ADCC World champion ငါးႀကိမ္၊ IBJJF No-Gi World champion ႏွစ္ႀကိမ္ နဲ႔ Eddie Bravo Invitational champion ေလးႀကိမ္တိတိ ျဖစ္ဖူးခဲ့သူပါ
ေနာက္တစ္ေယာက္ John Danaher ဟာဆိုရင္လည္း ကမၻာ့အေကာင္းဆုံး ဂ်ဴဂ်စ္စုနည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး လက္ရွိမွာဆိုရင္လည္း တျခား ဂ်ဴဂ်စ္စုကစားသမားေတြအတြက္ကိုပါ နည္းျပလုပ္ေပးေနပါတယ္
ဒီလိုမ်ိဳး ဆရာ့ဆရာႀကီးေတြနဲ႔ အတူ ေလ့က်င့္ေနတဲ့ ရိုင္နီယာကေတာ့ ႐ူအိုတိုလိုနဲ႔ ပြဲစဥ္ကို အနိုင္ၾကဲဖို႔အတြက္ အားခဲထားပုံ ရပါတယ္။
မာလီခင္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာ သူရဲ့ဟာကြက္ေတြကို ေလၽွာ့ပါးေအာင္၊ Grappling ပိုေကာင္းေအာင္ ေလ့က်င့္ေနတဲ့ ရိုင္နီယာတစ္ေယာက္ ႐ူအိုတိုလိုနဲ႔ပြဲမွာ ဘယ္လိုကစားသြားမလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။crd
Leave a Reply