
အထူးစည်းမျဉ်းတွေနဲ့ ယှဉ်ပြိုင်ကစားကြဦးမည့် ရိုင်နီယာနှင့် ဂေါ်ဒွန်ရိုင်ယန်….
စင်ကာပူ အခြေစိုက် ONE Championship အဖွဲ့အစည်းသည် ယခုနောက်ပိုင်းကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် Submission Grappling ပွဲစဉ်များကို ထည့်သွင်း ကျင်းပပြုလုပ်လေ့ရှိပါသည်။
ဒါ့အပြင် ပြီးခဲ့သည့် ‘ONE X’ ပြိုင်ပွဲမှာလည်း MMA အကျော်အမောတစ်ဦးဖြစ်သည့် DJ နှင့် မွေ့ထိုင်းဘုရင် ရော့တန်တို့ကို MMA နှင့် မွေ့ထိုင်းရောပြီး အထူးစည်းမျဉ်းဖြင့် ပွဲတည်ပေးခဲ့ပြီး အဆိုပါ ပွဲစဉ်သည် ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ONE Championship ဘက်က ယခုလို အထူးစည်းမျဥ်းဖြင့် နောက်ထပ်တွဲဆိုင်းတွေ ထပ်မံဖန်တီးဖို့ ပြင်ဆင်လာခဲ့ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် အတည်ပြုလို့မရသေးသည့် poster အရ နှစ်ထပ်ကွမ်းချန်ပီယံ ရိုင်နီယာဒီရိုက်ဒါနှင့် Grappler ဂေါ်ဒွန်ရိုင်ယန်တို့၏ တွဲဆိုင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ရိုင်နီယာသည် ပြီးခဲ့သည့် ‘ONE X’ ပြိုင်ပွဲမှာ အန်ဒရီ ဂယ်လ်ဗာရိုနှင့် Grappling ပွဲစဉ်ကစားထားခဲ့ကာ နောက်ထပ် Grappling ပွဲစဉ်တွေ ထပ်မံကစားဖို့ စိတ်ကူးရှိနေတာဖြစ်ပြီး Grappling လောကထဲသို့ ဝင်ရောက်သွားဖို့ ကြိုးစားနေတာဖြစ်ကြောင်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဂေါ်ဒွန်ရိုင်ယန်ဟာ ယခုနှစ်အစောပိုင်းကမှ ONE Championship သို့ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဂျူဂျစ်စုမှာ ခါးပတ်နက်ရရှိထားခဲ့သည့် ဖိုက်တာတစ်ဦးဖြစ်ပါသည်။ ရိုင်နီယာသည်လည်း ဂျူဂျစ်စုမှာ ခါးပတ်နက်ရရှိထားသည့် ဖိုက်တာတစ်ဦးဖြစ်ပါသည်။
ဒါကြောင့် ၎င်းတို့ ဖိုက်တာနှစ်ရဲ့ MMA နဲ့ Grappling ရောထားသည့် အထူးစည်းမျဉ်းပွဲစဉ်တစ်ပွဲ ဖြစ်လာမှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။crd
အထူးစည္းမ်ဥ္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားၾကဦးမည့္ ရိုင္နီယာႏွင့္ ေဂၚဒြန္ရိုင္ယန္….
စင္ကာပူ အေျခစိုက္ ONE Championship အဖြဲ႕အစည္းသည္ ယခုေနာက္ပိုင္းက်င္းပျပဳလုပ္သည့္ ၿပိဳင္ပြဲမ်ားတြင္ Submission Grappling ပြဲစဥ္မ်ားကို ထည့္သြင္း က်င္းပျပဳလုပ္ေလ့ရွိပါသည္။
ဒါ့အျပင္ ၿပီးခဲ့သည့္ ‘ONE X’ ၿပိဳင္ပြဲမွာလည္း MMA အေက်ာ္အေမာတစ္ဦးျဖစ္သည့္ DJ ႏွင့္ ေမြ႕ထိုင္းဘုရင္ ေရာ့တန္တို႔ကို MMA ႏွင့္ ေမြ႕ထိုင္းေရာၿပီး အထူးစည္းမ်ဥ္းျဖင့္ ပြဲတည္ေပးခဲ့ၿပီး အဆိုပါ ပြဲစဥ္သည္ ပရိသတ္မ်ား၏ အားေပးမႈကို အခိုင္အမာရရွိခဲ့တာ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ONE Championship ဘက္က ယခုလို အထူးစည္းမ်ဥ္းျဖင့္ ေနာက္ထပ္တြဲဆိုင္းေတြ ထပ္မံဖန္တီးဖို႔ ျပင္ဆင္လာခဲ့ၿပီး၊ ၿပီးခဲ့သည့္ရက္ပိုင္းက ထြက္ေပၚလာခဲ့သည့္ အတည္ျပဳလို႔မရေသးသည့္ poster အရ ႏွစ္ထပ္ကြမ္းခ်န္ပီယံ ရိုင္နီယာဒီရိုက္ဒါႏွင့္ Grappler ေဂၚဒြန္ရိုင္ယန္တို႔၏ တြဲဆိုင္းပါဝင္ခဲ့တာ ျဖစ္ပါတယ္။
ရိုင္နီယာသည္ ၿပီးခဲ့သည့္ ‘ONE X’ ၿပိဳင္ပြဲမွာ အန္ဒရီ ဂယ္လ္ဗာရိုႏွင့္ Grappling ပြဲစဥ္ကစားထားခဲ့ကာ ေနာက္ထပ္ Grappling ပြဲစဥ္ေတြ ထပ္မံကစားဖို႔ စိတ္ကူးရွိေနတာျဖစ္ၿပီး Grappling ေလာကထဲသို႔ ဝင္ေရာက္သြားဖို႔ ႀကိဳးစားေနတာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ရမွာ ျဖစ္ပါတယ္။
ေဂၚဒြန္ရိုင္ယန္ဟာ ယခုႏွစ္အေစာပိုင္းကမွ ONE Championship သို႔ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ဂ်ဴဂ်စ္စုမွာ ခါးပတ္နက္ရရွိထားခဲ့သည့္ ဖိုက္တာတစ္ဦးျဖစ္ပါသည္။ ရိုင္နီယာသည္လည္း ဂ်ဴဂ်စ္စုမွာ ခါးပတ္နက္ရရွိထားသည့္ ဖိုက္တာတစ္ဦးျဖစ္ပါသည္။
ဒါေၾကာင့္ ၎တို႔ ဖိုက္တာႏွစ္ရဲ့ MMA နဲ႔ Grappling ေရာထားသည့္ အထူးစည္းမ်ဥ္းပြဲစဥ္တစ္ပြဲ ျဖစ္လာမွာလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။crd
Leave a Reply