
ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်….
ရုပ်ရှင် သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ အကယ်ဒမီ သီဟတင်စိုးသည် နှလုံးရောဂါဖြင့် ယနေ့တွင် ကွယ်လွန်သွားကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းမှ သိရသည်။
အကယ်ဒမီသီဟတင်စိုးသည် ယနေ့မနက်ပိုင်းက နှလုံးဖောက်လာသည့်အတွက် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဝေဠုကျော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ ကွယ်လွန် သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။
သွားနှင့်တော့ ကိုသီဟရေ။ အကိုနဲ့ချိန်းထားတာတောင် မတွေ့ဆုံရတော့ဖူးပေါ့။ ကောင်းရာသုဂတိလားပါစေ ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။ သာဓုခေါ်ပါ အကို “ ဟု ရေးသားထားသည်။
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးသည် ယခင် ဗီဒီယိုဇာတ်ကားများ ခေတ်ကောင်းစဉ်က တော်လှန်ရေးဇာတ်ကားများ ရိုက်ကူးခဲ့ပြီး နယ်ပရိတ်သတ်များ၏ အားပေးခြင်းကို ခံခဲ့ရသူဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်က ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု နှင့် အကောင်းဆုံး သရုပ်ဆောင်ဆုများ ရရှိခဲ့သည်။crd
႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ ဒါရိုက္တာျဖစ္သူ အကယ္ဒမီ သီဟတင္စိုး ႏွလုံးေရာဂါျဖင့္ ကြယ္လြန္….
႐ုပ္ရွင္ သ႐ုပ္ေဆာင္ႏွင့္ ဒါရိုက္တာျဖစ္သူ အကယ္ဒမီ သီဟတင္စိုးသည္ ႏွလုံးေရာဂါျဖင့္ ယေန႔တြင္ ကြယ္လြန္သြားေၾကာင္း ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ သိရသည္။
အကယ္ဒမီသီဟတင္စိုးသည္ ယေန႔မနက္ပိုင္းက ႏွလုံးေဖာက္လာသည့္အတြက္ ရန္ကုန္ၿမိဳ႕ သဃၤန္းကၽြန္းၿမိဳ႕နယ္ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာ လမ္းတြင္ ကြယ္လြန္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ေဝဠဳေက်ာ္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ “ထပ္ဆင့္အကယ္ဒမီ ကိုသီဟတင္စိုး ႏွလုံးေရာဂါနဲ႔ ယေန႔ ကြယ္လြန္ သြားေၾကာင္း သိရလို႔ က်န္ရစ္သူမိသားစုဝင္ေတြနဲ႔အတူ အထူးဝမ္းနည္းစိတ္မေကာင္း ျဖစ္ရပါတယ္။
သြားႏွင့္ေတာ့ ကိုသီဟေရ။ အကိုနဲ႔ခ်ိန္းထားတာေတာင္ မေတြ႕ဆုံရေတာ့ဖူးေပါ့။ ေကာင္းရာသုဂတိလားပါေစ ။ ျပဳမိသမၽွ ကုသိုလ္ အမၽွေဝလိုက္ပါတယ္။ သာဓုေခၚပါ အကို “ ဟု ေရးသားထားသည္။
ထပ္ဆင့္အကယ္ဒမီ သီဟတင္စိုးသည္ ယခင္ ဗီဒီယိုဇာတ္ကားမ်ား ေခတ္ေကာင္းစဥ္က ေတာ္လွန္ေရးဇာတ္ကားမ်ား ရိုက္ကူးခဲ့ၿပီး နယ္ပရိတ္သတ္မ်ား၏ အားေပးျခင္းကို ခံခဲ့ရသူျဖစ္သည္။
လြန္ခဲ့သည့္ ၂၀၀၀ ျပည့္ႏွစ္က ငရဲသား ႐ုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆုံး ဒါရိုက္တာဆု ႏွင့္ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုမ်ား ရရွိခဲ့သည္။crd
Leave a Reply