
“နိုင်ငံခြားသားတွေကို ဆွဲဆောင်လျက်ရှိသော မင်းကင်းမြို့က နှစ်သက်တမ်း ၁၀၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ ပြတိုက်လက်ဖက်ရည်ဆိုင်လေး”….
စစ်ကိုင်းတိုင်းကလေးခရိုင် မင်းကင်းမြို့နယ်ဆေးရုံမှာ 2001-2003အထိတာဝန်ကျခဲ့ပါသည်။
ယခင်ကအထက် ချင်းတွင်းခရိုင်(မော်လိုက်ခရိုင်)တွင်ပါဝင်သည်။
မုံရွာမှ 105 မိုင်ဝေးကာသင်္ဘောဖြင့် တညအိပ်သွားရသည်။ ယခုအမြန်ယာဉ်များပေါ်လာ၍ နေ့ချင်းရောက်ပါသည်။
မင်းကင်းမှာဂုဏ်ယူစရာပြတိုက်ကလေးရှိပါသည်။
အဘဦးစံငြိမ်းဖွင့်လှစ်ထားသည့်သင်္ဂဟ လဖက်ရည်ဆိုင်တွင် ခေတ်ဟောင်းဓာတ်ပုံများကိုမှန်ဘောင်ဖြင့်ချိတ်ဆွဲပြသထား၍
စာရေးတရာကြီးဆင်ဖြူကျွန်းအောင်သိန်းက “ပြတိုက်ကလေး”ဟုတင်စားကာဆောင်းပါးတပုဒ်ရေးဘူးသည်။
1930 July လတွင်သင်္ဂဟ လဖက်ရည်ဆိုင်ကိုစတင်ဖွင့်လှစ်သည်။ မင်းကင်းမြို့အမှတ် ၁ ရပ်ကွက် ဖောင်တော်ဦး ဘုရားသွားလမ်းပေါ်မှာ ရှိပါသည်။
ထိုခေတ်ကလမ်းပန်းခက်ခဲပြီးချောင်ကျလှသောမြို့ကလေးကလူတွေအသိပညာဗဟုသုတရစေခြင်းအလို့ငှာ သူစုဆောင်းရသမျှဓာတ်ပုံများကိုမှန်ဘောင်သွင်းကာပြသထားသည်။
ဆိုင်ရဲ့ဆိုင်းဘုတ် စာလုံးကလည်း ၁၉၃၀ ခုနှစ်က ဒီဇိုင်းလက်ရာ အတိုင်း အခု ထိ ထိန်းသိမ်းထားတာပါ။
လက်ရှိ ဆိုင်ရှင်ကတော့ လေးဆက်မြောက် မိသားစုဝင်ပေါ့၊ဆိုင်ကို ဦးစံညိန်း ဆိုတဲ့လူ က ၁၉၃၀ ဇူလိုင်လ မှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။
တနှစ်တခါဆိုက်လာတတ်သည့် Road to Mandalay/ Psntaw. စသော Tourist သင်္ဘောများဆိုက်လျှင် ခရီးသည်များအံသြသဘောကျကြသည်။
ဗြိတိသျှဘုရင့် ဆွေတော်မျိုးတော်ပုံများကို တွေ့ရ၍ဖြစ်သည်။ သီပေါမင်းပုံ။သမီးတော်လေးပါးပုံ.မြင်ကွန်းမြင်းခုံတိုင်ပုံများလည်းပြသထားသည်။
ခေတ်ဟောင်းရုပ်ရှင်မင်းသားမင်းသမီးပုံများ။ ရန်ကုန်မှာမမြင်ဘူးခဲ့သော ပါလီမာန်အဆောက်အဦတွင် ပါလီမာန်ကျင်းပနေပုံ။
အတွင်းဝန်ရုံးအတွင်းမှာတည်ဆောက်ထားတဲ့အာဇာနည်ကျောက်တိုင်(အဂိုင်းပုံ)ဖွင့်ပွဲပုံကို မင်းကင်းရောက်မှမြင်ဘူးရသည်။
အောင်ဆန်းစက်မှုလက်မှုအထက်တန်းကျောင်း(အရှေ့တောင်အာရှ၏ပထမဆုံးPoly Technicကျောင်း)ဓာတ်ပုံများအတော်စုံပါသည်။
2015မှာပင်စင်ယူပြီးမင်းကင်းကိုအလည်တခေါက်ပြန်ရောက်ပါသည်။ဓာတ်ပုံများယခင်လောက်မစုံတော့ပါ။
မိသားစုကဆက်လက်ထိန်းသိမ်းနိုင်ပါစေကြောင်းဆန္ဒပြုလိုက်ရပါသည်။ အဲဒီဆိုင်က ဆနွင်းမကင်းအလွန်ကောင်းပါသည်ခင်ဗျား။
Crd – Sir Mya Thaung
“ႏိုင္ငံျခားသားေတြကို ဆြဲေဆာင္လ်က္ရွိေသာ မင္းကင္းၿမိဳ႕က ႏွစ္သက္တမ္း ၁၀၀ ဝန္းက်င္ရွိလာၿပီျဖစ္တဲ့ ျပတိုက္လက္ဖက္ရည္ဆိုင္ေလး”….
စစ္ကိုင္းတိုင္းကေလးခ႐ိုင္ မင္းကင္းၿမိဳ႕နယ္ေဆး႐ုံမွာ 2001-2003အထိတာဝန္က်ခဲ့ပါသည္။
ယခင္ကအထက္ ခ်င္းတြင္းခ႐ိုင္(ေမာ္လိုက္ခ႐ိုင္)တြင္ပါဝင္သည္။
မုံ႐ြာမွ 105 မိုင္ေဝးကာသေဘၤာျဖင့္ တညအိပ္သြားရသည္။ ယခုအျမန္ယာဥ္မ်ားေပၚလာ၍ ေန႔ခ်င္းေရာက္ပါသည္။
မင္းကင္းမွာဂုဏ္ယူစရာျပတိုက္ကေလးရွိပါသည္။
အဘဦးစံၿငိမ္းဖြင့္လွစ္ထားသည့္သဂၤဟ လဖက္ရည္ဆိုင္တြင္ ေခတ္ေဟာင္းဓာတ္ပုံမ်ားကိုမွန္ေဘာင္ျဖင့္ခ်ိတ္ဆြဲျပသထား၍
စာေရးတရာႀကီးဆင္ျဖဴကြၽန္းေအာင္သိန္းက “ျပတိုက္ကေလး”ဟုတင္စားကာေဆာင္းပါးတပုဒ္ေရးဘူးသည္။
1930 July လတြင္သဂၤဟ လဖက္ရည္ဆိုင္ကိုစတင္ဖြင့္လွစ္သည္။ မင္းကင္းၿမိဳ႕အမွတ္ ၁ ရပ္ကြက္ ေဖာင္ေတာ္ဦး ဘုရားသြားလမ္းေပၚမွာ ရွိပါသည္။
ထိုေခတ္ကလမ္းပန္းခက္ခဲၿပီးေခ်ာင္က်လွေသာၿမိဳ႕ကေလးကလူေတြအသိပညာဗဟုသုတရေစျခင္းအလို႔ငွာ သူစုေဆာင္းရသမွ်ဓာတ္ပုံမ်ားကိုမွန္ေဘာင္သြင္းကာျပသထားသည္။
ဆိုင္ရဲ႕ဆိုင္းဘုတ္ စာလုံးကလည္း ၁၉၃၀ ခုႏွစ္က ဒီဇိုင္းလက္ရာ အတိုင္း အခု ထိ ထိန္းသိမ္းထားတာပါ။
လက္ရွိ ဆိုင္ရွင္ကေတာ့ ေလးဆက္ေျမာက္ မိသားစုဝင္ေပါ့၊ဆိုင္ကို ဦးစံညိန္း ဆိုတဲ့လူ က ၁၉၃၀ ဇူလိုင္လ မွ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့တာလို႔ဆိုပါတယ္။
တႏွစ္တခါဆိုက္လာတတ္သည့္ Road to Mandalay/ Psntaw. စေသာ Tourist သေဘၤာမ်ားဆိုက္လွ်င္ ခရီးသည္မ်ားအံၾသသေဘာက်ၾကသည္။
ၿဗိတိသွ်ဘုရင့္ ေဆြေတာ္မ်ိဳးေတာ္ပုံမ်ားကို ေတြ႕ရ၍ျဖစ္သည္။ သီေပါမင္းပုံ။သမီးေတာ္ေလးပါးပုံ.ျမင္ကြန္းျမင္းခုံတိုင္ပုံမ်ားလည္းျပသထားသည္။
ေခတ္ေဟာင္း႐ုပ္ရွင္မင္းသားမင္းသမီးပုံမ်ား။ ရန္ကုန္မွာမျမင္ဘူးခဲ့ေသာ ပါလီမာန္အေဆာက္အဦတြင္ ပါလီမာန္က်င္းပေနပုံ။
အတြင္းဝန္႐ုံးအတြင္းမွာတည္ေဆာက္ထားတဲ့အာဇာနည္ေက်ာက္တိုင္(အဂိုင္းပုံ)ဖြင့္ပြဲပုံကို မင္းကင္းေရာက္မွျမင္ဘူးရသည္။
ေအာင္ဆန္းစက္မႈလက္မႈအထက္တန္းေက်ာင္း(အေရွ႕ေတာင္အာရွ၏ပထမဆုံးPoly Technicေက်ာင္း)ဓာတ္ပုံမ်ားအေတာ္စုံပါသည္။
2015မွာပင္စင္ယူၿပီးမင္းကင္းကိုအလည္တေခါက္ျပန္ေရာက္ပါသည္။ဓာတ္ပုံမ်ားယခင္ေလာက္မစုံေတာ့ပါ။
မိသားစုကဆက္လက္ထိန္းသိမ္းႏိုင္ပါေစေၾကာင္းဆႏၵျပဳလိုက္ရပါသည္။ အဲဒီဆိုင္က ဆႏြင္းမကင္းအလြန္ေကာင္းပါသည္ခင္ဗ်ား။
Crd – Sir Mya Thaung
Leave a Reply