၀င်လျှင်(၁၀၀)ကျပ်၊ နှိုက်လျှင် (၂၀၀) ကျပ်၊ ဆေးလျှင် (၅၀၀၀)….
၀င်လျှင်(၁၀၀)ကျပ်၊ နှိုက်လျှင် (၂၀၀) ကျပ်၊ ဆေးလျှင် (၅၀၀၀)….
၀င်လျှင်(၁၀၀)ကျပ်၊ နှိုက်လျှင် (၂၀၀) ကျပ်၊ ဆေးလျှင် (၅၀၀၀) ကျပ်ဆိုသော ဆိုင်းဘုတ်အားတွေ့လိုက်သောအခါ
၀င်လျှင်(၁၀၀)ကျပ်၊ နှိုက်လျှင် (၂၀၀) ကျပ်၊ ဆေးလျှင် (၅၀၀၀) ကျပ်
(၁၀၀)ကျပ်၊ နှိုက်လျှင် (၂၀၀) ကျပ်၊ ဆေးလျှင် (၅၀၀၀) ကျပ်…
တစ်ခါက ပွဲတော်ဈေးတစ်ခုမှာ ကပွဲရုံတစ်ရုံရှိတယ်တဲ့။
ရုံအဝင်ကြော်ငြာဘုတ် ( သင်ပုန်း ) မှာ ဝင်လျှင် ၁၀၀ ကျပ်နှိုက်လျှင် ၂၀၀ ကျပ် ဆေးလျှင် ၅၀၀၀ ကျပ် လို့ရေးထားတယ်တဲ့။
ရုံဝင်ခဈေးချိုတော့ လူတွေလည်းစိတ်ဝင်တစားဝင်ကြည့်တာပေါ့။ တစ်ခါဝင်မှ တစ်ရာကျပ်ဆိုတော့လည်း လူအများတတ်နိုင်တာပေါ့။
ရုံထဲမှာဘာရှိမလဲလို့ကလည်း သိချင်နေမိတော့ ငွေတစ်ရာကျပ်ကိုမြင်မနေတော့ဘူးလေ။
စိတ်အာသာပြေဖို့ကအဓိကကိုး။ အဲ့လိုနဲ့ ရုံထဲလည်းရောက်ရော ဇာတ်ခုံပေါ်မှာ အိုးကြီးတစ်လုံးတင်ထားတယ်တဲ့။
အိုးကြီးရဲ့ဘေးနားမှာ နှိုက်ရင် ၂၀၀ ကျပ်လို့ ဆိုင်းဘုတ်ထောင်ထားပြီး လူတစ်ယောက်ကငွေကောက်ခံနေတယ်တဲ့။
ရုံထဲရောက်လာပြန်တော့ အိုးထဲမှာ ဘာရှိနေမလဲလို့ သိချင်မိပြန်ရောတဲ့။ ရုံထဲလည်းရောက်ပြီးမှတော့
မထူးတော့ပါဘူးဆိုတဲ့အတွေးနဲ့ နှစ်ရာပေးပြီး နှိုက်လိုက်ရောတဲ့။
အားလားလား……. အိုးထဲမှာ ချီးတွေထည့်ထားတာတဲ့ဗျာ။
ချီးတွေပေကုန်မှာတော့ လက်မဆေးလို့မှမရတော့တာ။…..
ဇာတ်စင်ရဲ့ ညာဘက်ဘေးက မိုးကာ ကာထားတဲ့ အခန်းလေးမှာက ဆေးရင် ၅၀၀၀ ကျပ်လို့ရေးထားပြီး လူတစ်ယောက်စောင့်နေတယ်တဲ့။
နောက်ဆုံးတော့ ဝင်လာသမျှလူအားလုံး လက်ဆေးပြီးပဲပြန်သွားရတယ်တဲ့။
အပြင်ရောက်လို့ ရုံထဲမဝင်ရသေးတဲ့သူတွေက ကောင်းလားလို့ မေးရင်လည်း …..ကောင်းတယ်လို့ပဲဖြေကြတယ်တဲ့။
အေးလေ ကိုယ်ချီးအိုးနှိုက်မိလာတာ လူသိခံလို့မှ မရတာ။
မိတ်ဆွေ…..ခင်ဗျားရယ်ရင်ကျုပ်ပျော်ပြီ။
ဘုမသိဘမသိဝင်သွားမိပြီး နှိုက်မိလာခဲ့တာ တွေရှိရင်လည်းပြန်ပြောပြအုံးနော်။
(ဘာများ တွေးမိလိုက်သလဲ။) ……😊😊😊
Be the first to comment
Leave a Reply
Your email address will not be published.
*