ဇီးကွက် ဆောင်တိုင်း ကောင်းသလား….

ဇီးကွက် ဆောင်တိုင်း ကောင်းသလား….

ဇီးကွက်ကို လူတော်တော်များများက လာဘ်ကောင်ဟူ၍ ထင်မှတ်ကြ၏။ ထိုသို့ သတ်မှတ်ခြင်း နှင့်အတူ တမြတ်တနိုးပင် ဇီးကွက်ရုပ် ဆောင်ကြ သည်ကိုလည်း တွေ့ရဖူးပါ၏။ဇီးကွက်ဆိုသော သတ္တဝါကို မြို့၌ တွေ့ရခဲ သော်လည်း ကျေးလက် တောရွာများ၌ အလွယ်တကူပင် တွေ့မြင်ရတတ်ပါသည်။

ထိုသို့တွေ့မြင် ရာ၌ ညဘက်၌သာ တွေ့မြင်ရတတ်ပါသည်။ အ ကြောင်းမူ ဇီးကွက်သည် ညဘက်မှ ထွက်သော အနိဋ္ဌသတ္တဝါ ဖြစ်ပါ၏။ဤ၌ ဇီးကွက်ကို ညဘက်အခါ၌ တွေ့မြင်ရ သော နေရာအပေါ်မူတည်၍ အတိတ်နိမိတ်ကောက် ယူမှုများကို တင်ပြလိုပါသည်။

၁။ ညအခါ သစ်ကိုင်းစို၌ ဇီးကွက်နားနေ သည်ကို တွေ့မြင်ရပါက စီးပွားဥစ္စာများ တိုးတက် ဖြစ်ထွန်းတတ်ပါသည်။

၂။ ညအခါ သစ်ကိုင်းခြောက်၌ ဇီးကွက်နား နေသည်ကို တွေ့မြင်ရပါက မိသားစုဝင်တစ်ဦးဦး အိမ်မှထွက်သွားတတ်ပါသည်။

၃။ ညအခါ သစ်ခြောက်ပင်၏ အခေါင်း၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက နေအိမ်မီး လောင်တတ်ပါသည်။

၄။ ညအခါ သစ်ပင်အစို၏ အခေါင်း၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက ခိုက်ရန်ဖြစ် ပွားတတ်ပါသည်။

၅။ ညအခါ ချောက်ချားတုန်လှုပ်ဖွယ်နေရာ တစ်ခု၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက ထိခိုက်ဒဏ်ရာတစ်ခုခုနှင့် တွေ့ကြုံရတတ်ပါသည်။

၆။ ညအခါ နေရာမရွေး ဇီးကွက်ကို တွေ့မြင်ရပါလျှင် ပစ္စည်းအခိုးခံရခြင်း၊ ငွေဝင်ခြင်း၊ အငြင်းပွားရခြင်း၊ သောကကြုံ ရခြင်း၊ ဒုက္ခရောက်ရခြင်းတို့ ကြုံရတတ်ပါသည်။

စင်စစ် ဇီးကွက် သည် အကာလ ညအခါ ကိုသာ မင်းမူရသဖြင့် အချို့က မကောင်းဆိုးဝါး ငှက်ဟုပင်ဆိုကြ၊ သတ် မှတ်ကြပါသည်။ဇီးကွက်၏ သ ဘာဝကိုက မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်လေရကား အဆိုးဘက်မှ ကြည့်လျှင် မျက် လုံးပြူး၊ မျက်ဆန်ပြူး မျက် ကလဲ ဆန်ပျာ ဘေးဒုက္ခများမည့်နိမိတ်၊ အပူသောက နိမိတ်ပင်ဖြစ်ပါသည်။

ဤ၌ ရှေးလူကြီးသူမ ပညာ ရှင်များက ဇီးကွက်ရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆိုမိန့်ခဲ့သည့် ရှေးထုံးများ မှာ မှတ်သားလိုက်နာဖွယ်ရာ ကောင်း လှပါသည်။

ဇီးကွက်ရုပ်ကို ဆောင် တိုင်း ကောင်းသည် မဟုတ်ပါ။တနင်္ဂနွေသားသမီး၊ ဗုဒ္ဓဟူးသမီး၊ အင်္ဂါသားသမီး၊ စနေသားသမီးတို့ အနေဖြင့် ဇီးကွက်ရုပ်ကို (လုံးဝ) မဆောင် သင့်ပါ။

ဆောင်ပါက လာဘ်မရွှင် သည့်အပြင် အနှောင့်အယှက် များ၊ စိတ်သောက ရောက်စရာ များနှင့်သာ ကြုံရ တတ်ပါသတဲ့။သို့ဆိုပါက မည် သည့်နေ့နံသား တွေနှင့်သာ သင့်ပါသနည်း။

တနင်္လာသားသမီး၊ ကြာသပတေးသားသမီး၊ သောကြာသားသမီးတို့သာ လျှင် ဆောင်မည်ဆိုက ဆောင်ထားနိုင်ပါသည်။

စင်စစ် လောကီလူ သားများအဖို့ လောကီရေး ရာ ကြီးပွားရာ ကြီးပွား ကြောင်းအတွက် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့၏ ဂုဏ်ကျေး ဇူးကို ဦးထိပ်ထားခြင်း၊လုံ့လဝီရိယ ရှိခြင်း၊ အလုပ်ကြိုးစားခြင်း၊ မပျင်း မရိခြင်း၊ အစရှိသည်တို့ လိုအပ်လှပါ သည်။

အဟိတ်တိရစ္ဆာန်ရုပ်ကို ဆောင်ရုံ မျှနှင့်တော့ အကျိုးပေးကံ ထူးမလာနိုင် ပါကြောင်း လေ့လာသိရှိ ထားသမျှကို တင်ပြလိုက်ရပါသည်။crd

ဇီးကြက္ ေဆာင္တိုင္း ေကာင္းသလား….

ဇီးကြက္ကို လူေတာ္ေတာ္မ်ားမ်ားက လာဘ္ေကာင္ဟူ၍ ထင္မွတ္ၾက၏။ ထိုသို႔ သတ္မွတ္ျခင္း ႏွင့္အတူ တျမတ္တနိုးပင္ ဇီးကြက္႐ုပ္ ေဆာင္ၾက သည္ကိုလည္း ေတြ႕ရဖူးပါ၏။ဇီးကြက္ဆိုေသာ သတၱဝါကို ၿမိဳ႕၌ ေတြ႕ရခဲ ေသာ္လည္း ေက်းလက္ ေတာရြာမ်ား၌ အလြယ္တကူပင္ ေတြ႕ျမင္ရတတ္ပါသည္။

ထိုသို႔ေတြ႕ျမင္ ရာ၌ ညဘက္၌သာ ေတြ႕ျမင္ရတတ္ပါသည္။ အ ေၾကာင္းမူ ဇီးကြက္သည္ ညဘက္မွ ထြက္ေသာ အနိ႒သတၱဝါ ျဖစ္ပါ၏။ဤ၌ ဇီးကြက္ကို ညဘက္အခါ၌ ေတြ႕ျမင္ရ ေသာ ေနရာအေပၚမူတည္၍ အတိတ္နိမိတ္ေကာက္ ယူမႈမ်ားကို တင္ျပလိုပါသည္။

၁။ ညအခါ သစ္ကိုင္းစို၌ ဇီးကြက္နားေန သည္ကို ေတြ႕ျမင္ရပါက စီးပြားဥစၥာမ်ား တိုးတက္ ျဖစ္ထြန္းတတ္ပါသည္။

၂။ ညအခါ သစ္ကိုင္းေျခာက္၌ ဇီးကြက္နား ေနသည္ကို ေတြ႕ျမင္ရပါက မိသားစုဝင္တစ္ဦးဦး အိမ္မွထြက္သြားတတ္ပါသည္။

၃။ ညအခါ သစ္ေျခာက္ပင္၏ အေခါင္း၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ေနအိမ္မီး ေလာင္တတ္ပါသည္။

၄။ ညအခါ သစ္ပင္အစို၏ အေခါင္း၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ခိုက္ရန္ျဖစ္ ပြားတတ္ပါသည္။

၅။ ညအခါ ေခ်ာက္ခ်ားတုန္လႈပ္ဖြယ္ေနရာ တစ္ခု၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ထိခိုက္ဒဏ္ရာတစ္ခုခုႏွင့္ ေတြ႕ၾကဳံရတတ္ပါသည္။

၆။ ညအခါ ေနရာမေရြး ဇီးကြက္ကို ေတြ႕ျမင္ရပါလၽွင္ ပစၥည္းအခိုးခံရျခင္း၊ ေငြဝင္ျခင္း၊ အျငင္းပြားရျခင္း၊ ေသာကၾကဳံ ရျခင္း၊ ဒုကၡေရာက္ရျခင္းတို႔ ၾကဳံရတတ္ပါသည္။

စင္စစ္ ဇီးကြက္ သည္ အကာလ ညအခါ ကိုသာ မင္းမူရသျဖင့္ အခ်ိဳ႕က မေကာင္းဆိုးဝါး ငွက္ဟုပင္ဆိုၾက၊ သတ္ မွတ္ၾကပါသည္။ဇီးကြက္၏ သ ဘာဝကိုက မ်က္လုံးျပဴး၊ မ်က္ဆန္ျပဴး ျဖစ္ေလရကား အဆိုးဘက္မွ ၾကည့္လၽွင္ မ်က္ လုံးျပဴး၊ မ်က္ဆန္ျပဴး မ်က္ ကလဲ ဆန္ပ်ာ ေဘးဒုကၡမ်ားမည့္နိမိတ္၊ အပူေသာက နိမိတ္ပင္ျဖစ္ပါသည္။

ဤ၌ ေရွးလူႀကီးသူမ ပညာ ရွင္မ်ားက ဇီးကြက္႐ုပ္ေဆာင္ျခင္းႏွင့္ ပတ္သက္၍ ဆိုမိန႔္ခဲ့သည့္ ေရွးထုံးမ်ား မွာ မွတ္သားလိုက္နာဖြယ္ရာ ေကာင္း လွပါသည္။

ဇီးကြက္႐ုပ္ကို ေဆာင္ တိုင္း ေကာင္းသည္ မဟုတ္ပါ။တနဂၤေႏြသားသမီး၊ ဗုဒၶဟူးသမီး၊ အဂၤါသားသမီး၊ စေနသားသမီးတို႔ အေနျဖင့္ ဇီးကြက္႐ုပ္ကို (လုံးဝ) မေဆာင္ သင့္ပါ။

ေဆာင္ပါက လာဘ္မရႊင္ သည့္အျပင္ အေႏွာင့္အယွက္ မ်ား၊ စိတ္ေသာက ေရာက္စရာ မ်ားႏွင့္သာ ၾကဳံရ တတ္ပါသတဲ့။သို႔ဆိုပါက မည္ သည့္ေန႔နံသား ေတြႏွင့္သာ သင့္ပါသနည္း။

တနလၤာသားသမီး၊ ၾကာသပေတးသားသမီး၊ ေသာၾကာသားသမီးတို႔သာ လၽွင္ ေဆာင္မည္ဆိုက ေဆာင္ထားနိုင္ပါသည္။

စင္စစ္ ေလာကီလူ သားမ်ားအဖို႔ ေလာကီေရး ရာ ႀကီးပြားရာ ႀကီးပြား ေၾကာင္းအတြက္ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို႔၏ ဂုဏ္ေက်း ဇူးကို ဦးထိပ္ထားျခင္း၊လုံ႔လဝီရိယ ရွိျခင္း၊ အလုပ္ႀကိဳးစားျခင္း၊ မပ်င္း မရိျခင္း၊ အစရွိသည္တို႔ လိုအပ္လွပါ သည္။

အဟိတ္တိရစၧာန္႐ုပ္ကို ေဆာင္႐ုံ မၽွႏွင့္ေတာ့ အက်ိဳးေပးကံ ထူးမလာနိုင္ ပါေၾကာင္း ေလ့လာသိရွိ ထားသမၽွကို တင္ျပလိုက္ရပါသည္။ခမိ

Be the first to comment

Leave a Reply

Your email address will not be published.


*