
ကမ်းခြေသွားတာကို မြန်မာဆန်ဆန်မဝတ်လို့ဆိုသူတွေအတွက် တစ်ကွက်ပြလိုက်ပြီ……
ပင်လယ်သွားပြီး ဒူးပေါ်ပေါင်ပေါ်တွေဝတ်လို့ ဝေဖန်ကြသူတွေအတွက် ထမီရင်လျားပြီး ကမ်းခြေဆင်းပြခဲ့တဲ့ နေမျိုးအောင်ရဲ့ဇနီ အာဗြဲစိန်သရုပ်ဆောင် မင်းသားကြီး နေမျိုးအောင်ရဲ့ အမျိုးသမီးဖြစ်သူ မသန္တာကတော့ အာဗြဲစိန်ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟင်းချက်နည်းတွေ မျှဝေပေးသူတစ်ယောက် ဖြစ်ပါတယ်။
အာဗြဲစိန်ဟာ နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်သူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။ ဒါ့အပြင် မသန္တာက အရင်က ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖူးသူတစ်ယောက်လည်းဖြစ်တာမို့ အနုပညာလောကနဲ့ မစိမ်းသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
လက်ရှိမှာတော့ နေမျိုးအောင်တို့ဇနီးမောင်နှံဟာ ပင်လယ်ကမ်းခြေကို အလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အာဗြဲစိန်ဟာ ခရီးကိုရောက်ခိုက် Live လွှင့်ခဲ့ပြီး အဆိုပါ Live မှာ ဘောင်းဘီတိုဝတ်ထားတာကြောင့် အမြင်ကျဉ်းမြောင်းသူတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရပါတယ်။
အဲ့ဒီအတွက် အာဗြဲစိန်က ဝေဖန်သူတွေကို တုံ့ပြန်တဲ့အနေနဲ့ “ကဲ ကမ်းခြေသွားပြီး ဒူးပေါ်ပေါင်ပေါ်တွေဝတ်လို့တဲ့ အဲ့တော့ကျွန်မမြန်မာမလေးပါရှင့် (ဒီနေ့ ဟော့နေတဲ့ ကမ်းခြေကဖွားဖွားစတိုင်????????????) ” ဆိုပြီး ထမီရင်လျားနဲ့ ကမ်းခြေဆင်းတဲ့ပုံရိပ်တွေကို မျှဝေလာပါတယ်။
နေမျိုးအောင်ရဲ့ ဇနီး အာဗြဲစိန်ကတော့ ကမ်းခြေသွားပြီး ဒူးပေါ်ပေါင်ပေါ်တွေဝတ်လို့ ဝေဖန်ကြသူတွေအတွက် ထမီရင်လျားပြီး ကမ်းခြေဆင်းပြခဲ့တာပဲ ဖြစ်ပါတယ်။ အာဗြဲစိန်ရဲ့ တုံ့ပြန်မှုလေးကတော့ ချစ်ဖို့လည်းကောင်း ရယ်လည်းရယ်ရတာပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
ကမ္းေျခသြားတာကို ျမန္မာဆန္ဆန္မဝတ္လို႔ဆိုသူေတြအတြက္ တစ္ကြက္ျပလိုက္ၿပီ……
ပင္လယ္သြားၿပီး ဒူးေပၚေပါင္ေပၚေတြဝတ္လို႔ ေဝဖန္ၾကသူေတြအတြက္ ထမီရင္လ်ားၿပီး ကမ္းေျခဆင္းျပခဲ့တဲ့ ေနမ်ိဳးေအာင္ရဲ့ဇနီ အာျဗဲစိန္သ႐ုပ္ေဆာင္ မင္းသားႀကီး ေနမ်ိဳးေအာင္ရဲ့ အမ်ိဳးသမီးျဖစ္သူ မသႏၲာကေတာ့ အာျဗဲစိန္ဆိုတဲ့ နာမည္နဲ႔ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ဟင္းခ်က္နည္းေတြ မၽွေဝေပးသူတစ္ေယာက္ ျဖစ္ပါတယ္။
အာျဗဲစိန္ဟာ နာမည္ႀကီးဆယ္လီတစ္ေယာက္ျဖစ္သလို အလႉအတန္းေတြကိုလည္း မၾကာခဏျပဳလုပ္တတ္သူအျဖစ္ နာမည္ႀကီးသူျဖစ္ပါတယ္။ ဒါ့အျပင္ မသႏၲာက အရင္က ဗီဒီယိုဇာတ္ကားေတြရိုက္ကူးဖူးသူတစ္ေယာက္လည္းျဖစ္တာမို႔ အႏုပညာေလာကနဲ႔ မစိမ္းသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။
လက္ရွိမွာေတာ့ ေနမ်ိဳးေအာင္တို႔ဇနီးေမာင္ႏွံဟာ ပင္လယ္ကမ္းေျခကို အလည္အပတ္ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ အာျဗဲစိန္ဟာ ခရီးကိုေရာက္ခိုက္ Live လႊင့္ခဲ့ၿပီး အဆိုပါ Live မွာ ေဘာင္းဘီတိုဝတ္ထားတာေၾကာင့္ အျမင္က်ဥ္းေျမာင္းသူေတြရဲ့ ေဝဖန္မႈကိုခံခဲ့ရပါတယ္။
အဲ့ဒီအတြက္ အာျဗဲစိန္က ေဝဖန္သူေတြကို တုံ႔ျပန္တဲ့အေနနဲ႔ “ကဲ ကမ္းေျခသြားၿပီး ဒူးေပၚေပါင္ေပၚေတြဝတ္လို႔တဲ့ အဲ့ေတာ့ကၽြန္မျမန္မာမေလးပါရွင့္ (ဒီေန႔ ေဟာ့ေနတဲ့ ကမ္းေျခကဖြားဖြားစတိုင္????????????) ” ဆိုၿပီး ထမီရင္လ်ားနဲ႔ ကမ္းေျခဆင္းတဲ့ပုံရိပ္ေတြကို မၽွေဝလာပါတယ္။
ေနမ်ိဳးေအာင္ရဲ့ ဇနီး အာျဗဲစိန္ကေတာ့ ကမ္းေျခသြားၿပီး ဒူးေပၚေပါင္ေပၚေတြဝတ္လို႔ ေဝဖန္ၾကသူေတြအတြက္ ထမီရင္လ်ားၿပီး ကမ္းေျခဆင္းျပခဲ့တာပဲ ျဖစ္ပါတယ္။ အာျဗဲစိန္ရဲ့ တုံ႔ျပန္မႈေလးကေတာ့ ခ်စ္ဖို႔လည္းေကာင္း ရယ္လည္းရယ္ရတာပါပဲေနာ္။
ကၽြန္ေတာ္တို႔ရဲ့ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ေမတၱာ ရပ္ခံအပ္ပါသည္။
Leave a Reply