ဖုန်းအဟောင်းတစ်လုံးကို မစွန့်ပစ်ခင် ဒီအချက် ၆ချက်ကို စစ်ဆေးပါ……

ဖုန်းအဟောင်းတစ်လုံးကို မစွန့်ပစ်ခင် ဒီအချက် ၆ချက်ကို စစ်ဆေးပါ……

သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိူး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုး လုပ်ချင်မှာပါ။

ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။

၁။ ဖုန်းအဟောင်းကို back up လုပ်ပါ

ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။

ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခုမဖြစ်သွားခင် / မမျှော်လင့်တဲ့ အခြေအနေတစ်ခုမရောက်သွားခင် သင့်ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ Document တွေနဲ့ သီချင်း၊ မှတ်စု စတာတွေကို

ပုံမှန် တစ်လတစ်ခါ၊ ၁၅ ရက်တစ်ခါလောက် အမြဲ Back Up လုပ်ထားသင့်တာဖြစ်ပါတယ်။ဒီနေရာမှာ ဖုန်းထဲက Data တွေကို Memory Card/Hard-drive စတာတွေနဲ့ Back Up လုပ်လို့ရသလို Online မှာလည်း Cloud Storage ဝန်ဆောင်မှုတွေဝယ်ပြီး

Back Up လုပ်ထားလို့ ရပါတယ်။ Android User တွေက Google Cloud Storage တွေကို ဝယ်လို့ရသလို Apple User တွေကလည်း iCloud ကို ဝယ်လို့ရပါတယ်။ဒါက လူသိအလွယ်ဆုံးကိုပြောတာဖြစ်ပြီး အခြားသော Cloud Storage ဝန်ဆောင်မှုအမျိုးမျိုးလည်း ရှာဖွေသုံးဆွဲနိုင်ပါတယ်။

ဒီနေရာမှာ သင့် အချက်အလက်တွေက သိမ်းဆည်းစရာ သိပ်မရှိနည်းတယ်ဆိုရင် Google က Gmail ဖွင့်ရင် Free ရတဲ့ 15 GB စာ Space ကိုလည်း အသုံးချ သိမ်းဆည်းထားနိုင်ပါတယ်။ Google Drive ထဲ ထည့်သိမ်းထားတာမျိုးလည်း ရပါတယ်။

၂။ ရှိထားသမျှ Account တွေအားလုံးထဲက Sing Out လုပ်ထွက်ပါ

ခုနောက်ပိုင်း နည်းပညာတွေက ပိုလွယ်ကူမှုရှိအောင် ဦးစားပေးလာကြတော့ Account တွေအားလုံးကို ဝင်နေထွက်နေစရာမလိုအောင် တစ်ခါတည်း Credential တွေ သိမ်းပေးထားတတ်ကြပါတယ်။

ပြီးတော့ တော်တော်များများက ဖုန်းထဲ Mobile Wallet တွေထည့်သုံးလာကြပြီ၊ Card နဲ့ချိတ်ဆက်ထားတဲ့ Application တွေလည်း သုံးလာနေကြပြီ ဖြစ်ပါတယ်။ဒါကြောင့် ဖုန်းထဲရှိသမျှ သင်သုံးသမျှ Application တွေထဲကနေ Manually လိုက်ပြီး Sign Out လုပ်ပါ။

၃။ Password တွေအကုန်လိုက် ပြောင်းပါ

Account တွေကို App တွေအားလုံးထဲကနေ ထွက်လိုက်ရုံနဲ့ စိတ်ချရပြီလားဆိုတော့ မချရသေးပါဘူး။ အကောင်းဆုံးကတော့ သုံးသမျှ App တိုင်းအတွက် Password အသစ်တွေ အကုန်လိုက်ပြောင်းတာပါပဲ။

အထူးသဖြင့် ဖုန်းမှာ Gmail ကို default ချိတ်သုံးထားတာမျိုးလည်း ဖြစ်တတ်လို့ Gmail Account ကို လည်း Setting ထဲ သွားပြီး Remove လုပ်ပါ။ ပြီးရင် Password ပြောင်းပါ။

iCloud.com ကတစ်ဆင့် Find My iPhone ဝန်ဆောင်မှုကိုဖွင့်ထားတာရှိရင်လည်း ဖြုတ်ပါ။ Google Account ကို Two-factor Authorization လုပ်ထားရင်လည်း ဖြုတ်ပါ။

၄။ Wireless ချိတ်ဆက်ထားသမျှ Devices တွေကိုလည်း ဖြုတ်ပါ

ဖုန်းနဲ့ ချိတ်ထားတဲ့ Devicesတွေ အမျိုးမျိုးကိုလည်း Unpair လုပ်ပါ။ Smart TV တွေ၊ Speaker တွေ၊ Headphone တွေ၊ Printerတွေနဲ့ ရေခဲသေတ္တာတွေအဆုံး ချိတ်ဆက်ထားသမျှ Device တွေအကုန်နဲ့ Unpair လုပ်ပါ။

၅။ SIM card တွေ၊ Memory cardတွေ ဖြုတ်ပါ

Dataတွေအကုန် Back Up လုပ်ပြီးပြီ၊ Device တွေအကုန်လုံးနဲ့ Unpair လုပ်ပြီးပြီ၊ ရှိသမျှ Accountတွေ အကုန်ကလည်း Sign Out လုပ်ပြီးပြီဆိုရင်တော့ သင့်ရဲ့ ဖုန်းထဲက SIM Card နဲ့ Memory Cardတွေ အကုန်ကို ဖြုတ်လို့ရပါပြီ။ဒါတွေကို မှတ်မှတ်ရရ မဖြုတ်မိဘူးဆိုရင် အဲဒါတွေထဲ သိမ်းထားတဲ့ Contact နဲ့ Info တွေအကုန်ပါ ပါသွားမှာပါ။

ဒါကြောင့် သင်ဝယ်တဲ့ဖုန်းအသစ်မှာ ပြန်သုံးလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖြုတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ SIM Card ကို ပြန်မသုံးချင်တော့ဘူးဆိုရင်တောင် မပစ်ခင် ညှပ်ပစ်ပြီးမှ ပစ်ပါ။

၆။ Factory Reset ချပါ

အပေါ်ကအချက်တွေ အကုန်လုပ်ပြီးပြီ ဆိုရင်တောင်မှ ဖုန်းအဟောင်းကို Factory Reset ချသင့်ပါတယ်။ သင်မမြင်မိတဲ့ ထောင့်တွေမှာ သိမ်းထားတဲ့ Personal Data တွေ၊ သင် Down သုံးထားသမျှ App တွေနဲ့ အချက်အလက်အကုန်လုံးကို Factory Reset ချလိုက်တာနဲ့ ရှင်းလင်းပြီးသား ဖြစ်သွားမှာပါ။

iPhone တွေနဲ့ Windows Phone တွေမှာတော့ Factory Reset က Setting ထဲ လွယ်လွယ်ကူကူဝင် တစ်ချက်လုပ်လိုက်ရုံနဲ့ အကုန်ပျက်ပါတယ်Android တွေမှာတော့ Full Factory Reset ချလိုက်ရုံနဲ့ Text တွေ၊ Mail Address တွေနဲ့ တခြား အရေးကြီး Data အစိတ်အပိုင်းတစ်ချို့ ပျက်မသွားတတ်ပါဘူး။ ဒါကြောင့် ဒီ Data တွေကို Encrypt လုပ်ဖို့လိုပါတယ်။ ပြီးမှ Factory Reset ချပါ။

Apple Phone တွေကတော့ Auto Encrypt လုပ်ပြီးသားပါ။ Android မှာ Encrypt လုပ်ဖို့ဆိုရင် Setting ထဲက Security ထဲက Encrypt Phone ဆိုတာကို နှိပ်ပါ။ Process ပြီးသွားပြီဆိုတဲ့ Noti တက်လာပြီးမှသာ Reset Your Android Phone ဆိုတာကို ပြန်ရွေးပြီး Factory Reset ချပါမယ်။

အပေါ်မှာ ဖော်ပြထားတဲ့ အချက် ၆ ချက်စလုံးကို လုပ်ပြီးသွားပြီဆိုမှသာ သင့်ဖုန်းကို ရောင်းပြန်ရောင်း၊ လှူချင်ပြန်လှူ၊ ပေးချင် ပေးလုပ်သင့်ပါတယ်။
သတိထားရမယ့် အချက်တစ်ခုက နံပါတ် ၂ အချက်ကို မလုပ်ခင်မှာ သင့်ဖုန်းထဲမှာ သင်သုံးထားသမျှ App/ Account တွေရဲ့ အချက်အလက်တွေကို တစ်နေရာမှာ အရင်မှတ်ဖို့ပါပဲ။

ဒီလိုမှတ်တဲ့နေရာမှာ Password တွေပဲမမှတ်ဘဲ User Name (mail/phone) နဲ့ Password တွေကို တွဲမှတ်ဖို့လိုပါတယ်။သင်က Mail address များများသုံးတတ်တဲ့၊ ဖုန်းနံပါတ် တစ်ခုထက်ပိုပြီး ရှိတဲ့သူဆိုရင် ဒီလိုတွဲမှတ်တဲ့အချက်က ဖုန်းအသစ်ကို Set Up လုပ်တဲ့အခါကျ သင့်အတွက် အတော်လေး အထောက်အကူဖြစ်စေမှာပါ။လေးစားစွာခရက်ဒစ်ပေးပါသည်

ဖုန္းအေဟာင္းတစ္လုံးကို မစြန႔္ပစ္ခင္ ဒီအခ်က္ ၆ခ်က္ကို စစ္ေဆးပါ……

သင့္အေနနဲ႔ ဖုန္းအသစ္တစ္လုံးဝယ္ဖို႔လိုေနၿပီ ဒါမွမဟုတ္ ဝယ္ၿပီးသြားၿပီဆိုတဲ့အခါ ဖုန္းအေဟာင္းက အေနအထားကလည္း ေကာင္းေနေသးတဲ့ ဖုန္းဆိုရင္ သင္က ျပန္ေရာင္းလို႔ရရင္ ေရာင္းတာ၊ မဟုတ္လည္း ညီ၊ ညီမ၊ တူ၊ တူမေတြကိုေပးလိုက္တာမ်ိဴး၊ လႉလို႔ရတဲ့ေနရာမွာ ျပန္လႉလိုက္တာမ်ိဳး လုပ္ခ်င္မွာပါ။

ဘယ္လိုပဲလုပ္လုပ္ပါ သင့္ဖုန္းေဟာင္းကို တစ္ျခားသူေတြလက္ထဲမထည့္ခင္မွာ သင့္ကိုယ္ေရးကိုယ္တာ လုံၿခဳံေရးအတြက္ လုပ္ကိုလုပ္သင့္တဲ့ အခ်က္ ၆ ခ်က္ရွိပါတယ္။

၁။ ဖုန္းအေဟာင္းကို back up လုပ္ပါ

ဖုန္းထဲက Data Back Up ကေတာ့ ဖုန္းေဟာင္းသြားမွမဟုတ္ဘဲ အၿမဲလုပ္သင့္တဲ့အရာပါ။

ဖုန္းမေတာ္တဆေပ်ာက္တာပဲျဖစ္ျဖစ္၊ ပ်က္စီးေရစိုသြားတာပဲျဖစ္ျဖစ္ မေတာ္တဆတစ္ခုခုမျဖစ္သြားခင္ / မေမွ်ာ္လင့္တဲ့ အေျခအေနတစ္ခုမေရာက္သြားခင္ သင့္ဖုန္းထဲက Contact ေတြ၊ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြ၊ Document ေတြနဲ႔ သီခ်င္း၊ မွတ္စု စတာေတြကို

ပုံမွန္ တစ္လတစ္ခါ၊ ၁၅ ရက္တစ္ခါေလာက္ အၿမဲ Back Up လုပ္ထားသင့္တာျဖစ္ပါတယ္။ဒီေနရာမွာ ဖုန္းထဲက Data ေတြကို Memory Card/Hard-drive စတာေတြနဲ႔ Back Up လုပ္လို႔ရသလို Online မွာလည္း Cloud Storage ဝန္ေဆာင္မႈေတြဝယ္ၿပီး

Back Up လုပ္ထားလို႔ ရပါတယ္။ Android User ေတြက Google Cloud Storage ေတြကို ဝယ္လို႔ရသလို Apple User ေတြကလည္း iCloud ကို ဝယ္လို႔ရပါတယ္။ဒါက လူသိအလြယ္ဆုံးကိုေျပာတာျဖစ္ၿပီး အျခားေသာ Cloud Storage ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးလည္း ရွာေဖြသုံးဆြဲႏိုင္ပါတယ္။

ဒီေနရာမွာ သင့္ အခ်က္အလက္ေတြက သိမ္းဆည္းစရာ သိပ္မရွိနည္းတယ္ဆိုရင္ Google က Gmail ဖြင့္ရင္ Free ရတဲ့ 15 GB စာ Space ကိုလည္း အသုံးခ် သိမ္းဆည္းထားႏိုင္ပါတယ္။ Google Drive ထဲ ထည့္သိမ္းထားတာမ်ိဳးလည္း ရပါတယ္။

၂။ ရွိထားသမွ် Account ေတြအားလုံးထဲက Sing Out လုပ္ထြက္ပါ

ခုေနာက္ပိုင္း နည္းပညာေတြက ပိုလြယ္ကူမႈရွိေအာင္ ဦးစားေပးလာၾကေတာ့ Account ေတြအားလုံးကို ဝင္ေနထြက္ေနစရာမလိုေအာင္ တစ္ခါတည္း Credential ေတြ သိမ္းေပးထားတတ္ၾကပါတယ္။

ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ဖုန္းထဲ Mobile Wallet ေတြထည့္သုံးလာၾကၿပီ၊ Card နဲ႔ခ်ိတ္ဆက္ထားတဲ့ Application ေတြလည္း သုံးလာေနၾကၿပီ ျဖစ္ပါတယ္။ဒါေၾကာင့္ ဖုန္းထဲရွိသမွ် သင္သုံးသမွ် Application ေတြထဲကေန Manually လိုက္ၿပီး Sign Out လုပ္ပါ။

၃။ Password ေတြအကုန္လိုက္ ေျပာင္းပါ

Account ေတြကို App ေတြအားလုံးထဲကေန ထြက္လိုက္႐ုံနဲ႔ စိတ္ခ်ရၿပီလားဆိုေတာ့ မခ်ရေသးပါဘူး။ အေကာင္းဆုံးကေတာ့ သုံးသမွ် App တိုင္းအတြက္ Password အသစ္ေတြ အကုန္လိုက္ေျပာင္းတာပါပဲ။

အထူးသျဖင့္ ဖုန္းမွာ Gmail ကို default ခ်ိတ္သုံးထားတာမ်ိဳးလည္း ျဖစ္တတ္လို႔ Gmail Account ကို လည္း Setting ထဲ သြားၿပီး Remove လုပ္ပါ။ ၿပီးရင္ Password ေျပာင္းပါ။

iCloud.com ကတစ္ဆင့္ Find My iPhone ဝန္ေဆာင္မႈကိုဖြင့္ထားတာရွိရင္လည္း ျဖဳတ္ပါ။ Google Account ကို Two-factor Authorization လုပ္ထားရင္လည္း ျဖဳတ္ပါ။

၄။ Wireless ခ်ိတ္ဆက္ထားသမွ် Devices ေတြကိုလည္း ျဖဳတ္ပါ

ဖုန္းနဲ႔ ခ်ိတ္ထားတဲ့ Devicesေတြ အမ်ိဳးမ်ိဳးကိုလည္း Unpair လုပ္ပါ။ Smart TV ေတြ၊ Speaker ေတြ၊ Headphone ေတြ၊ Printerေတြနဲ႔ ေရခဲေသတၱာေတြအဆုံး ခ်ိတ္ဆက္ထားသမွ် Device ေတြအကုန္နဲ႔ Unpair လုပ္ပါ။

၅။ SIM card ေတြ၊ Memory cardေတြ ျဖဳတ္ပါ

Dataေတြအကုန္ Back Up လုပ္ၿပီးၿပီ၊ Device ေတြအကုန္လုံးနဲ႔ Unpair လုပ္ၿပီးၿပီ၊ ရွိသမွ် Accountေတြ အကုန္ကလည္း Sign Out လုပ္ၿပီးၿပီဆိုရင္ေတာ့ သင့္ရဲ႕ ဖုန္းထဲက SIM Card နဲ႔ Memory Cardေတြ အကုန္ကို ျဖဳတ္လို႔ရပါၿပီ။ဒါေတြကို မွတ္မွတ္ရရ မျဖဳတ္မိဘူးဆိုရင္ အဲဒါေတြထဲ သိမ္းထားတဲ့ Contact နဲ႔ Info ေတြအကုန္ပါ ပါသြားမွာပါ။

ဒါေၾကာင့္ သင္ဝယ္တဲ့ဖုန္းအသစ္မွာ ျပန္သုံးလို႔ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ျဖဳတ္ထားလိုက္တာ အေကာင္းဆုံးပါပဲ။ တကယ္လို႔ SIM Card ကို ျပန္မသုံးခ်င္ေတာ့ဘူးဆိုရင္ေတာင္ မပစ္ခင္ ညႇပ္ပစ္ၿပီးမွ ပစ္ပါ။

၆။ Factory Reset ခ်ပါ

အေပၚကအခ်က္ေတြ အကုန္လုပ္ၿပီးၿပီ ဆိုရင္ေတာင္မွ ဖုန္းအေဟာင္းကို Factory Reset ခ်သင့္ပါတယ္။ သင္မျမင္မိတဲ့ ေထာင့္ေတြမွာ သိမ္းထားတဲ့ Personal Data ေတြ၊ သင္ Down သုံးထားသမွ် App ေတြနဲ႔ အခ်က္အလက္အကုန္လုံးကို Factory Reset ခ်လိုက္တာနဲ႔ ရွင္းလင္းၿပီးသား ျဖစ္သြားမွာပါ။

iPhone ေတြနဲ႔ Windows Phone ေတြမွာေတာ့ Factory Reset က Setting ထဲ လြယ္လြယ္ကူကူဝင္ တစ္ခ်က္လုပ္လိုက္႐ုံနဲ႔ အကုန္ပ်က္ပါတယ္Android ေတြမွာေတာ့ Full Factory Reset ခ်လိုက္႐ုံနဲ႔ Text ေတြ၊ Mail Address ေတြနဲ႔ တျခား အေရးႀကီး Data အစိတ္အပိုင္းတစ္ခ်ိဳ႕ ပ်က္မသြားတတ္ပါဘူး။ ဒါေၾကာင့္ ဒီ Data ေတြကို Encrypt လုပ္ဖို႔လိုပါတယ္။ ၿပီးမွ Factory Reset ခ်ပါ။

Apple Phone ေတြကေတာ့ Auto Encrypt လုပ္ၿပီးသားပါ။ Android မွာ Encrypt လုပ္ဖို႔ဆိုရင္ Setting ထဲက Security ထဲက Encrypt Phone ဆိုတာကို ႏွိပ္ပါ။ Process ၿပီးသြားၿပီဆိုတဲ့ Noti တက္လာၿပီးမွသာ Reset Your Android Phone ဆိုတာကို ျပန္ေ႐ြးၿပီး Factory Reset ခ်ပါမယ္။

အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္ ၆ ခ်က္စလုံးကို လုပ္ၿပီးသြားၿပီဆိုမွသာ သင့္ဖုန္းကို ေရာင္းျပန္ေရာင္း၊ လႉခ်င္ျပန္လႉ၊ ေပးခ်င္ ေပးလုပ္သင့္ပါတယ္။
သတိထားရမယ့္ အခ်က္တစ္ခုက နံပါတ္ ၂ အခ်က္ကို မလုပ္ခင္မွာ သင့္ဖုန္းထဲမွာ သင္သုံးထားသမွ် App/ Account ေတြရဲ႕ အခ်က္အလက္ေတြကို တစ္ေနရာမွာ အရင္မွတ္ဖို႔ပါပဲ။

ဒီလိုမွတ္တဲ့ေနရာမွာ Password ေတြပဲမမွတ္ဘဲ User Name (mail/phone) နဲ႔ Password ေတြကို တြဲမွတ္ဖို႔လိုပါတယ္။သင္က Mail address မ်ားမ်ားသုံးတတ္တဲ့၊ ဖုန္းနံပါတ္ တစ္ခုထက္ပိုၿပီး ရွိတဲ့သူဆိုရင္ ဒီလိုတြဲမွတ္တဲ့အခ်က္က ဖုန္းအသစ္ကို Set Up လုပ္တဲ့အခါက် သင့္အတြက္ အေတာ္ေလး အေထာက္အကူျဖစ္ေစမွာပါ။ေလးစားစြာခရက္ဒစ္ေပးပါသည္

Be the first to comment

Leave a Reply

Your email address will not be published.


*