
ရွဲကုန်သည်နှစ်ဦးနှင့် ပင့်ကူအိမ်…..
တခါက ရွဲကုန်သည်နှစ်ဦးဟာ သူ့တို့မှာ ပါလာတဲ့ရွဲတွေကို တရွာဝင် တရွာထွက် လိုက်လံ ရောင်းချနေတယ်။ ရာသီဥတုက ပူပြင်းတာရယ် သီးနှံအထွက်တိုး နည်းပါးတာရယ်ကြောင့် တောင်သူတွေ ဝင်ငွေပါးတော့ ထင်ထားသလို မရောင်းရပါဘူး။
နှစ်ယောက်စလုံးလည်း စိတ်ဓာတ်တွေ ကျဆင်းနေ ကြတယ်။ မိမိထင်ထားသလို ဖြစ်မလာတော့ လေးလံသော ရွဲတွေကို ထမ်းပိုးရင်း ခြေတိုအောင် လျှောက်နေကြရတယ်။
ထိုနောက် သူတို့နှစ်ဦးဟာ ရွာအပြင်က ဇရပ်ပျက်ကြီး တခုမှာ ခိုနားခဲ့ ကြသည်။ နားခိုရင်း ရွဲကုန်သည်တဦးက ဒုတိယရွဲကုန်သည်ကို “နောင်ကြီးရေ ကျုပ်တော့ ဆက်မလိုက်တော့ဘူးဗျာ” လို့ ခပ်နွမ်းနွမ်းလေး ပြောလိုက်သည်။
နှစ်ယောက်စလုံး မောပန်းနေကြတယ် ဆိုပေမယ့် ကျန်တယောက်ကတော့ စိတ်ဓာတ်တွေ ရှိနေပုံရသေးသည်။ “ကျုပ်တော့ နောက်ကြောင်းပြန်လို့ မရဘူးဗျာ၊ ကျုပ်ဒီရွဲတွေ ကုန်အောင်ရောင်းမှ ဖြစ်မယ်” လို့ ပြန်ပြောလိုက်သည်။
“နောင်ကြီးရာ ကုန်အောင်ရောင်းချင်ပေမယ့် တရွာလုံးလျှောက်မှ တထည်လောက် ရောင်းရတာ ကျုပ်တော့ စိတ်ဓာတ်ကျလာပြီဗျာ။ နောင်ကြီး ဆက်သွားရင်လည်းသွား ကျုပ်တော့ နောက်ကြောင်း ပြန်လှည့်တော့မယ်” ဟု ပြောပြီး ရွဲတွေကို ထမ်းပိုးကာ သူလာရာ လမ်းအတိုင်း ပြန်လှည့်သွားတော့သည်။
ထိုဇရပ်ပျက်ကြီးပေါ်မှာ ဒုတိယ ရွဲကုန်သည်သာ ကျန်ခဲ့သည်။ နေကပူ၊ ထမ်းပိုးရတာက လေးလံ။ သူလည်း ပြန်ရင်ကောင်းမလားဟု ဒွိဟဖြစ်ကာ ဇရပ်ပေါ်မှာ ခေတ္တ လှဲနေလိုက်သည်။
ပြန်မည်ဆိုပါက လာလမ်းသည် ဝေးလံလှသည်။ ရှေ့ဆက် သွားရောင်းပြီး ကုန်မှ ပြန်ပါလျှင် လူလွတ်ဖြစ်မည် စသော အတွေးမျိုးစုံနဲ့ ခေတ္တ လှဲလျောင်း လိုက်သည်။
ထိုသို့ လှဲလျောင်းနေသောအခါ ဇရပ်ကြီးရဲ့ မြားတန်းထောင့်စွန်းမှာ ပင့်ကူအိမ်တခုကို တွေ့လိုက်မိသည်။ ထိုပင့်ကူသည် သူရက်လုပ်ထားသော ပင့်ကူအိမ်ပေါ်မှာ သားကောင်တို့ကို စောင့်နေဟန် တူသည်။ ရွဲကုန်သည်သည် လှုပ်စိစိ ပင့်ကူအိမ်လေးကို စိုက်ကြည့်နေ မိသည်။
ခဏကြာတော့ လေပွေတခု ထိုးတက်လာသည်။ လေပွေရဲ့ ရိုက်ခက်မှုကြောင့် လွင့်ပါလာသော သစ်ရွက်တို့က လေပွေအရှိန်နဲ့ ပင့်ကူအိမ်ကို ဖျက်ဆီးပစ်လိုက်သည်။ ပင့်ကူအကောင်လေးလည်း ဆောက်တည်ရာမရ လွင့်ပါသွားခဲ့သည်။ သူရက်လုပ်ထားတဲ့ အိမ်လေးလည်း ဖရိုဖရဲနဲ့ ပျက်စီးသွားခဲ့သည်။
ဒီအဖြစ်ပျက်တွေ အားလုံးကို ရွဲကုန်သည်ဟာ ဘာရယ်မဟုတ် ကြည့်နေမိတယ်။ ခဏကြာတော့ ပင့်ကူကောင်လေးဟာ သူ့နေရာလေးမှာ နောက်ထပ် အိမ်တလုံး ထပ်ဆောက်ရန် ပြင်ဆင်ပါတော့တယ်။ ရွဲကုန်သည်လည်း တည်ငြိမ်စွာနဲ့ ပင့်ကူလေးကို မျက်ခြေမပျက် ကြည့်နေမိသည်။ ကြည့်နေရင်းနဲ့ ရွဲကုန်သည်ဟာ ခေတ္တ အိပ်ပျော်သွားခဲ့သည်။
သူ အိပ်ယာက နိုးတော့ ပင့်ကူလေး အိမ်ဆောက်လို့ ပြီးသွားခဲ့လေပြီ။ သူ့ရဲ့ ခွန်အားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲမှာ အေးဆေးစွာ အနားယူနေသည်။
ရွဲကုန်သည်ဟာ ပင့်ကူကို ကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်။ အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမယ် မောရင် နားမယ် နားပြီးရင် ပြန်လျှောက်မယ်ပေါ့။
လူတိုင်း သတ္တဝါတိုင်းက ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်ပိုင်ခွင့် ရှိကြပါတယ်။ မလျော့သော ဇွဲ လုံ့လနဲ့သာ ကြိုးစားရင် ဖြစ်နိုင်ပါတယ်ဟု တွေးမိလာတယ်။
လောကဓံတရား ဆိုတာ ခံစားရတဲ့အချိန်မှာ ခါးသီးပေမယ့် ကျော်ဖြတ်လို့ အောင်မြင်သွားရင် အင်မတန်း သာယာစိုပြေလှတယ် ဆိုတာ ပင့်ကူအိမ်လေးကို ကြည့်ပြီး သိလာခဲ့တယ်။
ထိုအခါ ရွဲကုန်သည်ဟာလည်း ခါးသီးသော လောကဓံတွေကို ကျော်ဖြတ်ဖို့ ပါလာသော ရွဲတွေကို ထမ်းပိုးကာ တရွာဝင် တရွာထွက် လိုက်လံ ရောင်းချခဲ့တယ်။
ဒီလိုနဲ့ မကြာသော အချိန်ကာလ တခုမှာ သူ့ရဲ့ ရွဲတွေဟာ ရောင်းလို့ ကုန်သွားတယ်။ အပြန်လမ်းမှာတော့ ရွဲကုန်သည်လေးရဲ့ ခြေလှမ်းတွေက ပိုမို သွက်လက် နေပါတော့တယ်။
အောင်မြင်မှုတခု ရဖို့အတွတ် အတိုက်ခိုက်တွေကို ကျော်ဖြတ်နိုင်ရပါမယ်။ ထိုးနက်မှုတွေကိုလည်း ရင်ဆိုင်နိုင်ရမယ်။ အခွင့်အလမ်း တခုအတွက် အခက်ခဲတခုတော့ ကောင်းကောင်း ရင်ဆိုင်ကြရမှာပါပဲ။ She (တမာမြေ)crd
ရြဲကုန္သည္ႏွစ္ဦးႏွင့္ ပင့္ကူအိမ္…..
တခါက ရြဲကုန္သည္ႏွစ္ဦးဟာ သူ႔တို႔မွာ ပါလာတဲ့ရြဲေတြကို တရြာဝင္ တရြာထြက္ လိုက္လံ ေရာင္းခ်ေနတယ္။ ရာသီဥတုက ပူျပင္းတာရယ္ သီးႏွံအထြက္တိုး နည္းပါးတာရယ္ေၾကာင့္ ေတာင္သူေတြ ဝင္ေငြပါးေတာ့ ထင္ထားသလို မေရာင္းရပါဘူး။
ႏွစ္ေယာက္စလုံးလည္း စိတ္ဓာတ္ေတြ က်ဆင္းေန ၾကတယ္။ မိမိထင္ထားသလို ျဖစ္မလာေတာ့ ေလးလံေသာ ရြဲေတြကို ထမ္းပိုးရင္း ေျခတိုေအာင္ ေလၽွာက္ေနၾကရတယ္။
ထိုေနာက္ သူတို႔ႏွစ္ဦးဟာ ရြာအျပင္က ဇရပ္ပ်က္ႀကီး တခုမွာ ခိုနားခဲ့ ၾကသည္။ နားခိုရင္း ရြဲကုန္သည္တဦးက ဒုတိယရြဲကုန္သည္ကို “ေနာင္ႀကီးေရ က်ဳပ္ေတာ့ ဆက္မလိုက္ေတာ့ဘူးဗ်ာ” လို႔ ခပ္ႏြမ္းႏြမ္းေလး ေျပာလိုက္သည္။
ႏွစ္ေယာက္စလုံး ေမာပန္းေနၾကတယ္ ဆိုေပမယ့္ က်န္တေယာက္ကေတာ့ စိတ္ဓာတ္ေတြ ရွိေနပုံရေသးသည္။ “က်ဳပ္ေတာ့ ေနာက္ေၾကာင္းျပန္လို႔ မရဘူးဗ်ာ၊ က်ဳပ္ဒီရြဲေတြ ကုန္ေအာင္ေရာင္းမွ ျဖစ္မယ္” လို႔ ျပန္ေျပာလိုက္သည္။
“ေနာင္ႀကီးရာ ကုန္ေအာင္ေရာင္းခ်င္ေပမယ့္ တရြာလုံးေလၽွာက္မွ တထည္ေလာက္ ေရာင္းရတာ က်ဳပ္ေတာ့ စိတ္ဓာတ္က်လာၿပီဗ်ာ။ ေနာင္ႀကီး ဆက္သြားရင္လည္းသြား က်ဳပ္ေတာ့ ေနာက္ေၾကာင္း ျပန္လွည့္ေတာ့မယ္” ဟု ေျပာၿပီး ရြဲေတြကို ထမ္းပိုးကာ သူလာရာ လမ္းအတိုင္း ျပန္လွည့္သြားေတာ့သည္။
ထိုဇရပ္ပ်က္ႀကီးေပၚမွာ ဒုတိယ ရြဲကုန္သည္သာ က်န္ခဲ့သည္။ ေနကပူ၊ ထမ္းပိုးရတာက ေလးလံ။ သူလည္း ျပန္ရင္ေကာင္းမလားဟု ဒြိဟျဖစ္ကာ ဇရပ္ေပၚမွာ ေခတၱ လွဲေနလိုက္သည္။
ျပန္မည္ဆိုပါက လာလမ္းသည္ ေဝးလံလွသည္။ ေရွ႕ဆက္ သြားေရာင္းၿပီး ကုန္မွ ျပန္ပါလၽွင္ လူလြတ္ျဖစ္မည္ စေသာ အေတြးမ်ိဳးစုံနဲ႔ ေခတၱ လွဲေလ်ာင္း လိုက္သည္။
ထိုသို႔ လွဲေလ်ာင္းေနေသာအခါ ဇရပ္ႀကီးရဲ့ ျမားတန္းေထာင့္စြန္းမွာ ပင့္ကူအိမ္တခုကို ေတြ႕လိုက္မိသည္။ ထိုပင့္ကူသည္ သူရက္လုပ္ထားေသာ ပင့္ကူအိမ္ေပၚမွာ သားေကာင္တို႔ကို ေစာင့္ေနဟန္ တူသည္။ ရြဲကုန္သည္သည္ လႈပ္စိစိ ပင့္ကူအိမ္ေလးကို စိုက္ၾကည့္ေန မိသည္။
ခဏၾကာေတာ့ ေလေပြတခု ထိုးတက္လာသည္။ ေလေပြရဲ့ ရိုက္ခက္မႈေၾကာင့္ လြင့္ပါလာေသာ သစ္ရြက္တို႔က ေလေပြအရွိန္နဲ႔ ပင့္ကူအိမ္ကို ဖ်က္ဆီးပစ္လိုက္သည္။ ပင့္ကူအေကာင္ေလးလည္း ေဆာက္တည္ရာမရ လြင့္ပါသြားခဲ့သည္။ သူရက္လုပ္ထားတဲ့ အိမ္ေလးလည္း ဖရိုဖရဲနဲ႔ ပ်က္စီးသြားခဲ့သည္။
ဒီအျဖစ္ပ်က္ေတြ အားလုံးကို ရြဲကုန္သည္ဟာ ဘာရယ္မဟုတ္ ၾကည့္ေနမိတယ္။ ခဏၾကာေတာ့ ပင့္ကူေကာင္ေလးဟာ သူ႔ေနရာေလးမွာ ေနာက္ထပ္ အိမ္တလုံး ထပ္ေဆာက္ရန္ ျပင္ဆင္ပါေတာ့တယ္။ ရြဲကုန္သည္လည္း တည္ၿငိမ္စြာနဲ႔ ပင့္ကူေလးကို မ်က္ေျခမပ်က္ ၾကည့္ေနမိသည္။ ၾကည့္ေနရင္းနဲ႔ ရြဲကုန္သည္ဟာ ေခတၱ အိပ္ေပ်ာ္သြားခဲ့သည္။
သူ အိပ္ယာက နိုးေတာ့ ပင့္ကူေလး အိမ္ေဆာက္လို႔ ၿပီးသြားခဲ့ေလၿပီ။ သူ႔ရဲ့ ခြန္အားနဲ႔ ေဆာက္လုပ္ထားတဲ့ အိမ္ေလးထဲမွာ ေအးေဆးစြာ အနားယူေနသည္။
ရြဲကုန္သည္ဟာ ပင့္ကူကို ၾကည့္ၿပီး စိတ္ဓာတ္ခြန္အားေတြ ရခဲ့တယ္။ အခက္ခဲ အတားအဆီးေတြကို ေက်ာ္ျဖတ္ရမယ္ ေမာရင္ နားမယ္ နားၿပီးရင္ ျပန္ေလၽွာက္မယ္ေပါ့။
လူတိုင္း သတၱဝါတိုင္းက ကိုယ့္ဘဝကို ကိုယ္တိုင္ ပုံေဖာ္ပိုင္ခြင့္ ရွိၾကပါတယ္။ မေလ်ာ့ေသာ ဇြဲ လုံ႔လနဲ႔သာ ႀကိဳးစားရင္ ျဖစ္နိုင္ပါတယ္ဟု ေတြးမိလာတယ္။
ေလာကဓံတရား ဆိုတာ ခံစားရတဲ့အခ်ိန္မွာ ခါးသီးေပမယ့္ ေက်ာ္ျဖတ္လို႔ ေအာင္ျမင္သြားရင္ အင္မတန္း သာယာစိုေျပလွတယ္ ဆိုတာ ပင့္ကူအိမ္ေလးကို ၾကည့္ၿပီး သိလာခဲ့တယ္။
ထိုအခါ ရြဲကုန္သည္ဟာလည္း ခါးသီးေသာ ေလာကဓံေတြကို ေက်ာ္ျဖတ္ဖို႔ ပါလာေသာ ရြဲေတြကို ထမ္းပိုးကာ တရြာဝင္ တရြာထြက္ လိုက္လံ ေရာင္းခ်ခဲ့တယ္။
ဒီလိုနဲ႔ မၾကာေသာ အခ်ိန္ကာလ တခုမွာ သူ႔ရဲ့ ရြဲေတြဟာ ေရာင္းလို႔ ကုန္သြားတယ္။ အျပန္လမ္းမွာေတာ့ ရြဲကုန္သည္ေလးရဲ့ ေျခလွမ္းေတြက ပိုမို သြက္လက္ ေနပါေတာ့တယ္။
ေအာင္ျမင္မႈတခု ရဖို႔အတြတ္ အတိုက္ခိုက္ေတြကို ေက်ာ္ျဖတ္နိုင္ရပါမယ္။ ထိုးနက္မႈေတြကိုလည္း ရင္ဆိုင္နိုင္ရမယ္။ အခြင့္အလမ္း တခုအတြက္ အခက္ခဲတခုေတာ့ ေကာင္းေကာင္း ရင္ဆိုင္ၾကရမွာပါပဲ။ She (တမာေျမ)crd
Leave a Reply