လယ်သမားညီအကိုနှစ်ယောက်…….

လယ်သမားညီအကိုနှစ်ယောက်…….

တခါတုန်းက လယ်သမားညီအကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်းကပ်ရပ် နေထိုင်ကြတယ်။ ဒါပေမယ့် တနေ့မှာတော့ ကိစ္စတခုကြောင့် ညီအကိုနှစ်ယောက် ရန်ဖြစ်ပြီး မခေါ်မပြောနိုင် ဖြစ်ကြသတဲ့။

အဲဒီအချိန်မှာ လက်သမားတယောက်က အကို ဖြစ်သူအိမ်ကို ရောက်လာပြီး အလုပ် လာတောင်းပါတယ်။

“လက်သမားအလုပ်လေးများ ရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော် ဘာမဆို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါတယ်”

အကိုဖြစ်သူလည်း လက်သမားဆရာကို ခေါ်ပြီး ညီဖြစ်သူနေတဲ့ တဖက်ခြံကို ပြပါတယ်။

“ဟိုမယ်တွေ့လား။ ဟိုဖက်ခြံက ခြံနှစ်ခြံကြားမှာ မြောင်းဖော်ထားတာ။ အဲဒါ ကျနော့်ကို သူကင်းကင်း နေချင်ကြောင်း ပြနေတာ။

ကျနော်လုပ်ချင်တာက အဲ့ခြံကို မမြင်ရအောင် ကာချင်တယ်။ အဲဒါ ခင်ဗျား လုပ်ပေးနိုင်မလား။ လိုတာ အားလုံး ကျနော်ဝယ်ပေးမယ်”

“ဟုတ်ကဲ့ ရပါတယ်။ တညအတွင်း ကျနော် အပြီး လုပ်ပေးပါမယ်”

အကိုဖြစ်သူလည်း လက်သမားဆရာ လိုအပ်တယ် ပြောတဲ့ သစ်သား၊ သံ စသဖြင့် အကုန် ဝယ်ပေးလိုက်ပါတယ်။

နောက်တနေ့နံနက်လင်းတော့ အကိုဖြစ်သူက အိမ်အပြင် ထွက်ကြည့်လိုက်ပြီး အံ့သြသွားပါတယ်။ သူမြင်လိုက်ရတာက နံရံကြီး ဖြစ်ရမယ့်အစား မြောင်းကိုကျော်တဲ့ သစ်သား တံတားလှလှလေး ဖြစ်နေပါတယ်။

တဖက်ခြံက ညီဖြစ်သူက ပြုံးရွှင်စွာနဲ့ တံတားကို ဖြစ်ကျော်လာပြီး။

“အကိုရယ်။ ကျနော်မှားပါတယ်။ ကျနော် အကို့ကို စိတ်ဆိုးပြီး မြောင်းဖောက် ထားတာတောင် အကိုက အဆက်အသွယ် မပြတ်အောင် တံတားဆောက်ခဲ့တယ်။

အကို့ရဲ့ မေတ္တာတရားကို ကျနော် သဘောပေါက်ပါပြီ။ ကျနော့် အပြုအမူကိုလည်း အကို ခွင့်လွတ်ပေးပါ” လို့ ပြောပြီး ညီအကိုနှစ်ယောက် ဖက်လိုက်ကြပါတယ်။

အကိုက လက်သမားဆရာကို ကျေးဇူးတင်စွာ ကြည့်လိုက်တော့ သူက သူ့ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။

“လက်သမားဆရာ၊ နေပါဦးဗျာ ကျနော် အလုပ်တွေ အပ်ချင်ပါသေးတယ်”

ထိုအခါ လက်သမားဆရာက “ကျနော် နေချင်ပါတယ်ဗျာ။ ဒါပေမယ့် ကျနော် တံတားတွေ ထပ်ဆောက်ရဦးမယ်ဗျ” လို့ ပြောပြီး ထွက်ခွာသွားပါတော့တယ်။

ဘဝမှာ အရေးပါတဲ့ ရွေးချယ်မှုတွေ အများကြီး ပြုလုပ်ရမှာပါ။ နံရံဆောက်မှာလား၊ တံတားဆောက်မှာလား ဆိုတဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး ရလဒ်တွေလဲ ကွဲပြားပါတယ်။ crd

လယ္သမားညီအကိုႏွစ္ေယာက္…….

တခါတုန္းက လယ္သမားညီအကို ႏွစ္ေယာက္ ရွိၾကတယ္။ သူတို႔က ၿခံျခင္းကပ္ရပ္ ေနထိုင္ၾကတယ္။ ဒါေပမယ့္ တေန႔မွာေတာ့ ကိစၥတခုေၾကာင့္ ညီအကိုႏွစ္ေယာက္ ရန္ျဖစ္ၿပီး မေခၚမေျပာနိုင္ ျဖစ္ၾကသတဲ့။

အဲဒီအခ်ိန္မွာ လက္သမားတေယာက္က အကို ျဖစ္သူအိမ္ကို ေရာက္လာၿပီး အလုပ္ လာေတာင္းပါတယ္။

“လက္သမားအလုပ္ေလးမ်ား ရွိရင္ က်ေနာ့္ကို ခိုင္းပါ။ က်ေနာ္ ဘာမဆို ကၽြမ္းကၽြမ္းက်င္က်င္ လုပ္တတ္ပါတယ္”

အကိုျဖစ္သူလည္း လက္သမားဆရာကို ေခၚၿပီး ညီျဖစ္သူေနတဲ့ တဖက္ၿခံကို ျပပါတယ္။

“ဟိုမယ္ေတြ႕လား။ ဟိုဖက္ၿခံက ၿခံႏွစ္ၿခံၾကားမွာ ေျမာင္းေဖာ္ထားတာ။ အဲဒါ က်ေနာ့္ကို သူကင္းကင္း ေနခ်င္ေၾကာင္း ျပေနတာ။

က်ေနာ္လုပ္ခ်င္တာက အဲ့ၿခံကို မျမင္ရေအာင္ ကာခ်င္တယ္။ အဲဒါ ခင္ဗ်ား လုပ္ေပးနိုင္မလား။ လိုတာ အားလုံး က်ေနာ္ဝယ္ေပးမယ္”

“ဟုတ္ကဲ့ ရပါတယ္။ တညအတြင္း က်ေနာ္ အၿပီး လုပ္ေပးပါမယ္”

အကိုျဖစ္သူလည္း လက္သမားဆရာ လိုအပ္တယ္ ေျပာတဲ့ သစ္သား၊ သံ စသျဖင့္ အကုန္ ဝယ္ေပးလိုက္ပါတယ္။

ေနာက္တေန႔နံနက္လင္းေတာ့ အကိုျဖစ္သူက အိမ္အျပင္ ထြက္ၾကည့္လိုက္ၿပီး အံ့ၾသသြားပါတယ္။ သူျမင္လိုက္ရတာက နံရံႀကီး ျဖစ္ရမယ့္အစား ေျမာင္းကိုေက်ာ္တဲ့ သစ္သား တံတားလွလွေလး ျဖစ္ေနပါတယ္။

တဖက္ၿခံက ညီျဖစ္သူက ျပဳံးရႊင္စြာနဲ႔ တံတားကို ျဖစ္ေက်ာ္လာၿပီး။

“အကိုရယ္။ က်ေနာ္မွားပါတယ္။ က်ေနာ္ အကို႔ကို စိတ္ဆိုးၿပီး ေျမာင္းေဖာက္ ထားတာေတာင္ အကိုက အဆက္အသြယ္ မျပတ္ေအာင္ တံတားေဆာက္ခဲ့တယ္။

အကို႔ရဲ့ ေမတၱာတရားကို က်ေနာ္ သေဘာေပါက္ပါၿပီ။ က်ေနာ့္ အျပဳအမူကိုလည္း အကို ခြင့္လြတ္ေပးပါ” လို႔ ေျပာၿပီး ညီအကိုႏွစ္ေယာက္ ဖက္လိုက္ၾကပါတယ္။

အကိုက လက္သမားဆရာကို ေက်းဇူးတင္စြာ ၾကည့္လိုက္ေတာ့ သူက သူ႔ပစၥည္းေတြကို သိမ္းဆည္းေနပါတယ္။

“လက္သမားဆရာ၊ ေနပါဦးဗ်ာ က်ေနာ္ အလုပ္ေတြ အပ္ခ်င္ပါေသးတယ္”

ထိုအခါ လက္သမားဆရာက “က်ေနာ္ ေနခ်င္ပါတယ္ဗ်ာ။ ဒါေပမယ့္ က်ေနာ္ တံတားေတြ ထပ္ေဆာက္ရဦးမယ္ဗ်” လို႔ ေျပာၿပီး ထြက္ခြာသြားပါေတာ့တယ္။

ဘဝမွာ အေရးပါတဲ့ ေရြးခ်ယ္မႈေတြ အမ်ားႀကီး ျပဳလုပ္ရမွာပါ။ နံရံေဆာက္မွာလား၊ တံတားေဆာက္မွာလား ဆိုတဲ့ ေရြးခ်ယ္မႈေပၚ မူတည္ၿပီး ရလဒ္ေတြလဲ ကြဲျပားပါတယ္။ crd

Be the first to comment

Leave a Reply

Your email address will not be published.


*