အပျိုပေါက်မလေးတို့ ဗိုက်မကြီးပေမယ့် ဗိုက်ကြီးတာထက်ဆိုးတဲ့ကိစ္စလေး မှတ်သားထားစေချင်…….

အပျိုပေါက်မလေးတို့ ဗိုက်မကြီးပေမယ့် ဗိုက်ကြီးတာထက်ဆိုးတဲ့ကိစ္စလေး မှတ်သားထားစေချင်…….

အပျိုပေါက် ညီမလေးတို့ရေ…

ဗိုက်မကြီးသွားပေမယ့် ဗိုက်ကြီးသလိုပဲ ဆိုးရွားတဲ့ အကြောင်းလေး ဒီတစ်ခါ အကိုကပြောပြချင်တယ် ချစ်လို့ပဲဖြစ်ဖြစ် ၊အပျော်ပဲဖြစ်ဖြစ် အတူနေကြပြီးတဲ့နောက် …. နောက်ဆက်တွဲဆိုးကျိုးထဲမှာ(ဗိုက်ကြီးတာအပြင်) ဘဝပျက်စေလောက်တဲ့ အကြောင်းအရာနောက်တစ်ခုရှိပါသေးတယ်……

အဲဒါက ဒီခေတ်ထဲ အင်မတန်ခေတ်စားလှတဲ့ဗီဒီယိုရိုက်ထားခြင်းပါပဲ..။အကို့ဆီ မကြာခဏဖုန်းဆက်အကူအညီတောင်းကြတဲ့အထဲ အဲဒီ ဗီဒီယိုကိစ္စတွေက အကြောင်းအရာအများဆုံး..။ (ကိုယ်ဝန်ပြဿနာ ထက်တောင် များပြီး ကာယကံရှင်ရဲ့ အသိုင်းအဝိုင်းအလိုက် ရိုက်ခတ်မှုကလည်း ကြီးတယ်..)

ချစ်နေ ကြိုက်နေတုန်းတော့ ကင်မရာရှေ့မှာ ပြုံးလို့ ပျော်လို့ အိုက်တင်တွေမျိုးစုံပေးပြီး ဗီဒီယိုရိုက်ကြတာဆိုတာလေ..။

ပြတ်လည်းပြတ်သွားရော အဲဒီဗီဒီယိုနဲ့ကိုင်ပေါက်ပြီး ငွေညှစ်တာတို့ စိတ်မထင်ရင်မထင်သလို လိင်ဆက်ဆံဖို့ လာခိုင်းတာတို့လုပ်တတ်တယ်..။ ကိုယ့်ချစ်သူက ဒါမျိုးမလုပ်ဘူးကျိန်းသေတယ်ပဲထား..။ ရိုက်ထားတဲ့ဖုန်းပျောက်သွားတဲ့အခါ အင်တာနက်မင်းသမီးတွေဖြစ်ကုန်တာ အများကြီး..။

Movie ရိုက်ပြီး ချက်ခြင်း ပြန်ဖျက်တယ်ဆိုရင်တောင် ပြန်ဖော်လို့ရတဲ့ ဆော့ဝဲတွေ အများကြီး….. လုံးဝအလစ်ပဲ..။ ကိုယ်ဝန် ပြဿနာလိုပဲ အများကြီးဆိုးတယ်..။ကိုယ်ဝန်ပြဿနာက မိဘကောင်းရင် ကောင်းသလို အိမ်တွင်းမှာပဲ ဖြေရှင်းလို့ရတဲ့နည်းတွေ အများကြီး ….

ဗီဒီယိုကိစ္စဆိုတာကတော့ ဘယ်သူမှ မကယ်နိုင် ရပ်ကျော်ရွာကျော် အရှက်ကွဲတာ..။ ရည်းစားဟောင်းက လိုင်းပေါ်တင်လိုက်မယ်ဆိုလို့ တစ်ခြားသူနဲ့ အိမ်ထောင်ကျပြီးတာတောင် ရည်းစားဟောင်းဆီ မကြာခဏ သွားသွား ကျွေးနေရတဲ့ ကောင်မလေးတစ်ယောက် အကို့ကို ငိုယိုရင်ဖွင့်ဖူးတယ်..။

ရွာတစ်ရွာကကောင်မလေး သူ့အရင်ရည်းစားက ရိုက်ထားတဲ့ Video လိုင်းပေါ်တင်လိုက်တာ မိသားစုလိုက် ရွာကနေ အရှက်တကွဲနဲ့ပြောင်းသွားရဖူးတယ် တစ်နေ့တစ်နေ့ ဂရုတွေထဲတက်လာတဲ့ မြန်မာ HD တွေကြည့်လိုက်ရင် ချောင်းရိုက်ခံရတာနည်းတယ်။ကိုယ့်ဟာကိုယ် ရိုက်ထားကြတာတွေချည်းပဲ..

ဘာလုပ်ကြမှန်း မသိဘူးတကယ်..။ ဖုန်းကြီးတကားကားနဲ့ သူတို့မို့ကွာ မရှုပ်ဘူးလားမသိဘူး..။ခေတ်ကြီးက ကြောက်ဖို့ကောင်းပါတယ်..။ အကိုဟာ Living Together ခေတ်ကို ဖြတ်သန်းလာလို့ ကိုယ့်ကိုယ်ကိုယ် ခေတ်မှီတယ်ထင်နေတာ….

ဒီခေတ်ညီမလေးတို့ ညီလေးတို့ရဲ့ ဝမ်းနိုက် စတန်း ၊ ဒန့်စင်းကား တွေကိုတွေ့တော့ ဆလံပတ္တောမိပါရဲ့..။ ဝမ်းနိုက်စတန်းဆိုတာ တစ်ည အတူနေလိုက်မယ်…..နောက်နေ့ကျ သူငယ်ချင်းတွေလိုပဲတဲ့…..

ဒန့်စင်းကားဆိုတာကတော့ ကားကြုံလိုက်စီးရင်း လူရှင်းတဲ့နေရာမှာ ကားရပ်ပြီး စိတ်မထိန်းနိုင်လို့ ဒချိတဲ့အခါ ကားကြီးက လှုပ်နေတာကို ပြောတာတဲ့…. ဒီလိုခေတ်ကြီးမျိုးမှာ အပျို လူပျိုဖြစ်နေကြတဲ့ ညီလေးတို့ ညီမလေးတို့ကို အန်းဒိတ်ကတော်ကီတွေနဲ့ဆုံးမနေလို့မရဘူး..။

Sex ဆိုတာကို ထမင်းစားရေသောက် လွယ်လွန်းနေတဲ့ ခေတ်ထဲမှာ အကိုကတော့ မလုပ်ပါနဲ့လို့ မပြောချင်တော့ဘူး ……ညောင်သီးလည်းစားရင်း ၊ လေးသံလည်း နားထောင်စေချင်တာ…..။

Crd














Crd

Be the first to comment

Leave a Reply

Your email address will not be published.


*