သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ……

သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ……

ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့ တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။

ဒီတော့ တင်ပါးကိတ် လာအောင်လို့ လေ့ကျင့်ခန်း တွေ လုပ်ရတာ လူသာ ပင်ပန်းပြီး ခရီးသိပ် မရောက်ဘဲ ဖြစ်နေပြီလား။

တကယ်တော့ လှပတဲ့ ကိုယ်ခန္ဓာ တစ်ခုကို တည်ဆောက် တဲ့နေရာမှာ လေ့ကျင့်ခန်း အပြင် အစားအသောက်ပါ ကူမှရမှာပါ။

ဒီတော့ ဘယ်လို အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေ မှာလဲ ။ ။တင်ပါးအကိတ် တစ်လိုင်းထဲ ရောက်စေမယ့် အစားအသောက်တွေ ။ ။

( ၁ ) ကြက်ဥ

ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကို ကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာ ဆိုတော့ ပရိုတင်းရှိဖို့လိုတယ်လေ။

ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။

( ၂ ) ကန်စွန်းဥ

ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီ ဓာတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။

( ၃ ) ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီနဲ့ အမျှင်ဓာတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။

နောက်ပြီး ကြွယ်ဝတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့ အရာတွေပါ။

( ၄ ) ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။

( ၅ ) အစေ့အဆံတွေ

ဗန်ဒါစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီး စေ့တွေကို တစ်နေ့ လက်တစ်ဆုပ်လောက်စားပေးရင် သင့်တင်ကို ကြီးလာစေမှာပါတဲ့။

ဘာ့ကြောင့်လဲဆိုတော့ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓာတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေမှာကြောင့်ပါ။

( ၆ ) ငါး

ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့ အိုမီဂါ 3 တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။

ငါးစားရင် အသက်ပိုရှည်တယ်ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။

( ၇ ) ကြက်သား

ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။

ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။

( ၈ ) ပဲအမျိုးမျိုး

ပရိုတင်းဓာတ်လည်းကြွယ်ဝ၊ ကယ်လိုရီလည်းနည်းပြီး အမျှင်ဓာတ်တွေ အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။ ။

Credit:hellosayarwon

သင့္တင္ကို ႀကီးၿပီးကိတ္လာေစမယ့္ အစားအေသာက္ေတြ……

ျပည့္ျပည့္ဝန္းဝန္း ပုံက်တဲ့ တင္ပါးေလးကို ဘယ္သူက မလိုခ်င္ဘဲ ရွိမလဲေနာ္။ ခုေခတ္က ကိတ္မွ လွတဲ့ေခတ္မလား။

ဒီေတာ့ တင္ပါးကိတ္ လာေအာင္လို႔ ေလ့က်င့္ခန္း ေတြ လုပ္ရတာ လူသာ ပင္ပန္းၿပီး ခရီးသိပ္ မေရာက္ဘဲ ျဖစ္ေနၿပီလား။

တကယ္ေတာ့ လွပတဲ့ ကိုယ္ခႏၶာ တစ္ခုကို တည္ေဆာက္ တဲ့ေနရာမွာ ေလ့က်င့္ခန္း အျပင္ အစားအေသာက္ပါ ကူမွရမွာပါ။

ဒီေတာ့ ဘယ္လို အစားအေသာက္ေတြက တင္ပါးကို ႀကီးၿပီး ကိတ္လာေစ မွာလဲ ။ ။တင္ပါးအကိတ္ တစ္လိုင္းထဲ ေရာက္ေစမယ့္ အစားအေသာက္ေတြ ။ ။

( ၁ ) ၾကက္ဥ

ကိုယ္လိုခ်င္တဲ့ တင္ပါးျပည့္ျပည့္ေလးကို ႂကြက္သားေတြနဲ႔ တည္ေဆာက္မွ ရေတာ့မွာ ဆိုေတာ့ ပရိုတင္းရွိဖို႔လိုတယ္ေလ။

ၾကက္ဥတို႔ ဘဲဥတို႔ကရတဲ့ ပရိုတင္းေလာက္ က်န္းမာေရးကို အေထာက္အကူျပဳတာ မရွိတဲ့အတြက္ ၾကက္ဥေတြ ဘဲဥေတြက တင္ပါးကို ႀကီးၿပီးကိတ္ေစမယ့္ အစားအေသာက္ေတြရဲ့ ထိပ္ဆုံးမွာ ရွိေနတာေပါ့။

( ၂ ) ကန္စြန္းဥ

ဝိတ္ေလၽွာ့တဲ့သူတိုင္းအတြက္၊ ႂကြက္သားတက္ေအာင္ တည္ေဆာက္ေနတဲ့သူတိုင္းအတြက္ ဒီ ကစီ ဓာတ္ႂကြယ္ဝတဲ့ ကန္စြန္းဥေလးက ေဆာင္ကိုေဆာင္ထားသင့္တဲ့ စားစရာတစ္ခုပါ။

( ၃ ) ေထာပတ္သီး

ေထာပတ္သီးမွာ ပါဝင္တဲ့ မျပည့္ဝဆီနဲ႔ အမၽွင္ဓာတ္ေတြ သင့္တင္ကို အလွဆုံးျဖစ္ေအာင္ ပုံေဖာ္ေပးနိုင္မယ့္ အရာေတြပါ။

ေနာက္ၿပီး ႂကြယ္ဝတဲ့ အမၽွင္ဓာတ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြက က်န္းမာေရးအတြက္ အမ်ားႀကီး အေထာက္အကူျပဳေပးတဲ့ အရာေတြပါ။

( ၄ ) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာပါဝင္တဲ့ ပရိုတင္းနဲ႔ အဆီဓာတ္ေတြေၾကာင့္ သင့္တင္ ကိတ္လာမွာ အေသအခ်ာမို႔ တင္ပါးႀကီးခ်င္သူတိုင္း ဒိန္ခ်ဥ္ကို စားေပးသင့္တယ္ေနာ္။

( ၅ ) အေစ့အဆံေတြ

ဗန္ဒါေစ့၊ ေနၾကာေစ့နဲ႔ သစ္ၾကားသီး ေစ့ေတြကို တစ္ေန႔ လက္တစ္ဆုပ္ေလာက္စားေပးရင္ သင့္တင္ကို ႀကီးလာေစမွာပါတဲ့။

ဘာ့ေၾကာင့္လဲဆိုေတာ့ အေစ့အဆံေတြမွာပါတဲ့ မျပည့္ဝဆီေတြနဲ႔ ပရိုတင္းဓာတ္ေတြက သင့္တင္ပါးက ႂကြက္သားေတြကို ႀကီးလာေစမွာေၾကာင့္ပါ။

( ၆ ) ငါး

ငါးမွာပါဝင္တဲ့ အဆီမပါတဲ့ ပရိုတင္းနဲ႔ အိုမီဂါ 3 တို႔က သင့္တင္ကို ႀကီးၿပီးကိတ္လာေစမွာအေသအခ်ာပါ။

ငါးစားရင္ အသက္ပိုရွည္တယ္ဆိုတဲ့ စကားေလးကလည္း ရွိေသးတယ္မလား။ တင္ပါးအတြက္ဆိုရင္ ငါးထဲမွာ တူနာငါးကသာ အေကာင္းဆုံးပါ။

( ၇ ) ၾကက္သား

ၾကက္သားေလာက္ အဆီမပါတဲ့ ပရိုတင္းဓာတ္ႂကြယ္ဝတဲ့အသားမရွိပါဘူး။

ဒါ့ေၾကာင့္ တင္ပါးႀကီးခ်င္လို႔ ပရိုတင္းေတြ စားေပးေနရတဲ့သူေတြ အဖို႔ ၾကက္သားကသာ အစားေပးသင့္ဆုံး အသားတစ္ခုပါ။

( ၈ ) ပဲအမ်ိဳးမ်ိဳး

ပရိုတင္းဓာတ္လည္းႂကြယ္ဝ၊ ကယ္လိုရီလည္းနည္းၿပီး အမၽွင္ဓာတ္ေတြ အမ်ားႀကီးပါတဲ့ ပဲ အမ်ိဳးမ်ိဳးဟာ သင့္တင္ပါးကို ႀကီးၿပီး ကိတ္လာေစမယ့္ အစားအေသာက္ေတြထဲက တစ္ခုပါ ။ ။

Credit:hellosayarwon

Be the first to comment

Leave a Reply

Your email address will not be published.


*