ရှားပါးပြီး တန်ဖိုးကြီးကာ မြင်တွေ့ရခဲတဲ့ သင်္ဘောသီးအမြုတေနဲ့ အမြုတေ (၉)ပါးအကြောင်း သိကောင်းစရာ…..
ဗဟုသုတ ရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။ ဒီနေ့ ဒကာကြီးတစ်ယောက် သင်္ဘောသီးအမြုတေ(အမတေ) ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ(အမတေ)အကြောင်း ဗဟုသုတရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။ အမြုတေ(၉)ပါး
၁။ရဇတ မုတ္တာအမြူတေ- ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။
၂။သုဝဏ္ဏ မုတ္တာအမြုတေ- ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။
၃။ဂံသုတ္တာ အမြုတေ- ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊
ဆ.ကြာက်လ.န့်ဖွယ်သော အသံကိုကျေးဇူးပြု၏။
၄။လောဟိတမုတ္တာအမြုတေ- အောင်မည်းညို အပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံကျေးဇူးပြု၏။
၅။နီလမုတ္တာအမြုတေ- ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏။
၆။ပီတမုတ္တာ အမြုတေ- မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ် သစ်သီးသစ်ပွင့်တို့ကိုကျေးဇူးပြု၏။
၇။ ာဠမုတ္တာ အမြုတေ- မင်သွေးကဲ့သို့ မည်းနက်သောအရောင်ရှိ၏၊ ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့် ကျေးဇူးပြု၏။
၈။ပဘဿရမုတ္တာ အမြုတေ- အနီ၊အဝါ၊အပြာ၊အစိမ်း၊အဖြူ ၊အမောင်း ခြောက်သွယ်သော အရောင်ရှိ၏။
အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း ကွ.ယ်ပျောက်စေခြင်း၊ နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူး၊သစ်၊ကျား၊မြွေအဆ.ိပ်သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူးပြု၏။
၉။ဝယောဇနမုတ္တာ အမြုတေ- နဝရတ်ကိုးပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက် တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏။ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ေ.ကြာက်ရွံ့ခြင်း၊
အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ ေ.သနတ်၊ သစ်ချွန် ဓ.ား၊လှံ လ.က်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့်တကွ အသုံးအဆောင်မျိုးဟူသမျှ အကျိုးပြုစေတတ်၏။ အရှင်စန္ဒဇောတိ – သာသနာနွယ်ဖောင်ဒေးရှင်း။ လေးစားစွာဖြင့် ခရက်ဒစ်
ရွားပါးပြီး တန္ဖိုးကြီးကျာမင်တြေ့ရခဲတဲ့ သေင်္ဘာသီးအျမုတေနဲ့ အျမုတေ (၉)ပါးအေကြာင်း သိကောင်းစရာ……
Leave a Reply