သင့်အသက်၂၀ မှ ၂၈ အတွင်း ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ…….
(အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်) အသက် (၂၀)ကျော်အရွယ်ဟာ ဘဝမြာ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ် လာသလို မိဘတွေကလည်း
အရွယ်ရောက်လာသူ တစ်ယောက်အနေနဲ့ ဆက်ဆံ လာချိန်ဖြစ် ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကို စိတ်အား ထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊(၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင် ဆင်တတ်ဖို့ အရေးကြီးပါတယ် …။
အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီး မားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေး တယ်လို့” ယူဆ တတ်ကြ ပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တေလွ်ာက္လုံးမွာ အောင်မြင်မှုတွေဆွတ် ခူးရယူနိုင်ဖို့ အတွက် အလေ့အ ကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့ အချိန်ပဲဖြစ် ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေ အတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင် စရာ(၇)ခုကို ဖော်ပြလိုက် ပါတယ်
၁။ လေ့လာသင်ယူပါ”
သင့်ရဲ့ပညာရေးကို ဆုံးခန်းတိုင်ပြီလို့ မသတ်မှတ် လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ် နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ ပဲဖြစ်ပါတယ်။
ဘာမဟုတ်တဲ့အရေး ကိစ္စအတွက် အချိန်တွေ အလဟဿ ကုန်ဆုံးနေမယ့်အစား အခမဲ့ တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာ သင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့ သင်ကြားပေးနေတာတွေ ရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ ။
၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့”
လုပ်ရမှာကို မှားသြားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။
ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ် ရှုံးနိမ့်လဲ ဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက ပိုပြီး အရေးစိုက်ကြတာပါ ။
၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု”
ဒီတစ္ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ္လမွာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ်
ရင်းနှီးမြုပ်နှံမှု လုပ်တယ် ဆိုကြ ပါစို့။ သင့်အနေနဲ့ စုဆောင်း ရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅) ရာခိုင်နှုန်းပဲ ပြန်ရမယ် ဆိုရင်တောင် အသက် (၆၅) နှစ် အရွယ်ရောက် တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိ
ပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။ ဒီလို မဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်း ရင်းနှီးမယ် ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် …။
၄။ စာရေးပါ”
ရည်မှန်းချက် ပန်းတိုင်တွေ ချရေးပါ။ မွတ္စု စာအုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေး စိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထား တာဟာ သင့်ရဲ့စိတ်ကူးတွေ
အတွေးတွေကိုဖော်ပြ ဖို့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင် ဉာဏ်တွေ ဖွံ့ဖြိုးလာစေ မှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်း အရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ ။
၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ”
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေ လို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့
ယုံကြည်မှုတွေလည်း ပိုရှိလာစေ မှာဖြစ်ပါတယ်။သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်
လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင် မှာဖြစ်ပါတယ်။ နောက်ထပ်နည်း လမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆို ရင်လည်း ဖြစ်ပါတယ် ။
၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ”
သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။
ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ဖို့ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ …။
၇။ ပေးကမ်းပါ”
အကျိုးကျေးဇူးတစ်စုံ တစ်ရာပြန်မရနိုင် တာကြောင့် အပေးအကမ်း မရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေးမနေပါစေနဲ့။
ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ် ။အသက်(၂၀)ကျော်အရွယ်
လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်နော် …။ ။
#credit မူရင်းရေးသားသူသို့”
၁။ လေ့လာသင်ယူပါ”
အမြန်လႈပ်ရွားရင် မေတာ်တဆမႈတွေဖြဈတတ်ပါတယ်။ ဒါပေမယ့် မေတာ်တဆမႈကိုေကြာက်နေရင် မြန်မြန်လႈပ်ရွားနိုင်မွာမဟုတ်ပါဘူး။ လူအမ်ားစုက အလုပ်ေပြာင်းတာလိုၿမိဳး ထူးခြားတဲ့ေပြာင်းလဲမႈေတွ
၎။ စာရေးပါ”
၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ”
၇။ ပေးကမ်းပါ”
Leave a Reply