သမီးရည်းစားနှစ်ဦး ချုံပုတ်တစ်နေရာအတွင်း ချိန်းတွေ့ကြစဉ် စိတ်အခန့်မသင့်ဖြစ်ကြရာ ကောင်လေးဖြစ်သူမှ………
အမှတ်(၃)နယ်မြေရဲစခန်းက သိရပါတယ်။ဖြစ်စဉ်မှာ ပဲခူးမြို့ရပ်ကွက်ကြီး(၈) နာဂဝန်(၆) လမ်းနေ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို ပြည်သူတွေရဲ့ သတင်းပို့ တိုင်ကြားမှုအရတွေ့ရှိခဲ့ရပါတယ်။
အဲဒီသေဆုံးသူမှာ မအေးအေးစန်း(ခ)မအေးဖြစ်ကြောင်းကို မောင်အရင်းဖြစ်သူ ဦးနေမျိုးအောင်က အမှတ်(၃) နယ်မြေစခန်းကို လာရောက်အတည်ပြုပေးခဲ့ပါတယ်။အဲဒီနောက် ဖြစ်စဉ်တွေကို လိုက်လံစုံစမ်းခဲ့ရာ
ပဲခူးမြို့ဥဿာမြို့သစ် (၁)ရပ်ကွက် (၈)လမ်းရှိ မင်းခန့်ကျော်(၁၉နှစ်)ဆိုသူကို ခေါ်ယူ စစ်ဆေးရာ မအေးဆိုသူနဲ့ လွန်ခဲ့တဲ့ရက်က နရဏီ သိမ်လမ်း ဘေး ခြုံတောအတွင်း ချိန်းတွေ့ခဲ့ကြပြီး စကားပြော အဆင်မပြေ ဖြစ်ရာမှ
အနီးရှိ အုတ်ခဲကျိုးနဲ့ မအေးရဲ့ ဦးခေါင်းကို ထုနှက်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ်(၃)နယ်မြေရဲစခန်းကအမှုဖွင့်ထားကြောင်း သိရပါတယ်။crd
သတင်း၊ ဓာတ်ပုံ– ဖြိုးကိုလင်း(ညောင်ဝိုင်း)
Be the first to comment
Leave a Reply
Your email address will not be published.
*