‘ဂျပန်ခေတ်တုန်းက စစ်ရှောင်တာတောင် အခုလိုမျိုး မကြုံရဘူး’…..
ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြန်မာနိုင်ငံကို ဂျပန်စစ်တပ်အုပ်ချုပ်ချိန်တုန်းက စစ်ဘေးတိမ်းရှောင်ရတဲ့ စစ်ကိုင်းတိုင်းက အဖွားအိုတဦးက သူ့ရဲ့ ဂျပန်ခေတ်စစ်ရှောင်ရတဲ့အခြေအနေကို ပြန်ပြောပြနေတာပါ။
အခုလည်း စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အဖွားအိုဟာထပ်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေရပါတယ်။
အဖွားအိုတို့နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်တောင်ဘက်ကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစပြီး စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။
ကန့်ဘလူမြို့နယ်အနောက်တောင်ခြမ်းက ကျောက်တိုင်ရွာနဲ့ ကျီစုရွာကဒေသခံတွေဟာ စစ်ကြောင်းနဲ့ လွတ်ရာထွက်ပြေးရင်း ဘေးလွတ်ရာတောတောင်တွေထဲ စစ်ရှောင်နေရင်း အခက်အခဲတွေမျိုးစုံကိုရင်ဆိုင်နေကြရပါတယ်။crd
Be the first to comment
Leave a Reply
Your email address will not be published.
*