ခါးညောင်းတတ်တဲ့သူတွေနဲ့ ဗိုက်ချပ်ချင်တဲ့သူတွေအတွက် ယောဂလေ့ကျင့်ခန်းများ

ခါးညောင်းတတ်တဲ့သူတွေနဲ့ ဗိုက်ချပ်ချင်တဲ့သူတွေအတွက် ယောဂလေ့ကျင့်ခန်းများ

အထိုင်များတဲ့သူတွေပဲဖြစ်ဖြစ် ခါးညောင်းတတ်တဲ့သူတွေပဲဖြစ်ဖြစ် ဗိုက်ချပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ အိမ်မှာလည်း လုပ်ရတာအဆင်ပြေပြီး နေရာသိပ်မပေးရတာမို့ စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမှာပါ။

၁။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ဆန့်ပြီးထိုင်လိုက်ပါ။ ပြီးရင် ညာဖက်ကခြေထောက်ကို ဘယ်ဖက်ကိုဖြတ်ထားပြီး ခေါင်းနဲ့ ညာဖက်က ဒူးခေါင်းကိုထိပေးပါ။
အဲဒီအတိုင်း စက္ကန့် ၂၀ လောက်နေပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပေးပါ။ တစ်ဖက်ကို ၅ ကြိမ်လောက်လုပ်ပေးပါ။

 

၂။ အရင်ဆုံး ခြေထောက်ကို ခွေပြီးထိုင်လိုက်ပါ။ ပြီးရင် ညာဖက်ကခြေထောက်ကို ညာဖက်လက်နဲ့ မပြီး ဘယ်ဖက်ပေါင်ကိုကျော်ကာ ထားလိုက်ပါ။

ပြီးရင် ဘယ်ဖက်လက်ကို အနောက်ဖက်မှာ ချထားပြီး ခေါင်းကိုလည်း လှည့်ပေးထားပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ ထိနေပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပါ။ တစ်ဖက်ကို ၅ ကြိမ်လုပ်ပေးပါ။

၃။ အရင်ဆုံး ဒူးကွေးပြီးထိုင်ပါ။ ပြီးရင်ဘယ်ဖက်ခြေထောက်ကို အနောက်ဖက် တန်းတန်းဆန့်ပြီး ခန္တာကိုယ်အပေါ်ပိုင်းနဲ့ လက်ကိုလည်း အရှေ့ဖက်ချထားပေးပါ။

အဲဒီအတိုင်း ၁၅ စက္ကန့် စက္ကန့် ၂၀ လောက်နေပေးပြီး နဂိုအတိုင်းပြန်နေပါ။ ပြီးရင် နောက်ဖက် ခြေထောက်တစ်ဖက်ကို ပြောင်းပါ။ တစ်ဖက်ကို ၅ ကြိမ်ဆီလုပ်ပေးပါ။

၎။ အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် လက်နှစ်ဖက်ကို ဘေးဖက် တန်းတန်း ဆန့်လိုက်ပါ။ ဘယ်ဖက်ဒူးကိုကွေးလိုက်ပြီး ညာဖက်က ဒူးကို အခုပုံပါအတိုင်းထားပေးပါ။
ပြီးရင် မျက်နှာကို ညာဖက်လှည့်ပေးထားပြီး ခါးကိုဆန့်ထားပါ။ အဲဒီအတိုင်း ၁၅ စက္ကန့် စက္ကန့် ၂၀ ထိနေပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပေးပါ။ တစ်ဖက်ကို ၅ ကြိမ်ဆီလုပ်ပေးပါ။

၅။ အရင်ဆုံး ကျောလှဲအနေထားနေပါ။ ပြီးရင် ဒူးကွေးလိုက်ပါ။ ပြီးရင် တဒေါင်ဆစ်နဲ့ တင်ကိုထောက်ပြီး ခန္တာကိုယ်ကို ကြွပေးပါ။
အသက်ကိုခပ်မှန်မှန်လေးရှုပေးပါ။ စက္ကန့် ၂၀ လောက်နေပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပြီး ၅ ကြိမ်လောက်လုပ်ပေးပါ။

၆။ အရင်ဆုံး ဒူးကွေးပြီး ထိုင်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကိုရှေ့ထုတ်ပြီး လက်နှစ်ဖက်နဲ့ ဖိကာ ခေါင်းကို ခြေထောက်နဲ့ ထိနိုင်သမျှ ထိအောင်လုပ်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*