ဒါကြောင့် ကိုယ့်ဘဝကို တန်ဖိုးထားပါ မြန်မာ စကားပုံရှိတယ် မလား မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရပေတဲ့။ ဒါပေမယ့် ဒီနေ့ခေတ်မှာလေ ရွှေပေးလို့တောင် မရတဲ့ဣနြေ္ဒကို ချောကလတ်ဘူး လှလှလေးတွေရရင်တောင်အလွယ်တကူ ရက်ရက်ရက်ရောရော စတေးချင်ကြတဲ့ခပ်ညံ့ညံ့ ခပ်ပျော့ပျော့ ခပ်ပေါပေါ မိန်းမစားတွေထဲမှာညီမလေးမပါစေနဲ့ပေါ့ …။
ချစ်လှစွာသော ညီမတစ်ယောက် ကိုယ့်ဘဝကိုတန်ဖိုးထားပြီး ဘဝတစ်လျှောက်မှာ သာယာပျော်ရွှင်စွာနဲ့ဣနြေ္ဒ သိက္ခာရှိရှိနဲ့ ဖြတ်သန်းနိုင်ပါစေလို့…..ဆန္ဒပြုရင်း….။ ။ crd
ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ ညီမလေး ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့
ချစ်သူရည်းစား ဘဝမှာ ချစ်သူရည်းစားလိုပဲနေစမ်းပါ ညီမလေးရာ။ ယောင်လို့တောင် လင်မယားလိုတော့ မနေချင်စမ်းပါနဲ့ စိတ်ကူးတောင် မယဉ်မိပါစေနဲ့။ ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ …။
ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့ အကုန်ခက်အောင် လုပ်သွားတဲ့ အဆီစား အသားပါမျိုပြီး အသွေးပါ သောက်တဲ့အမျိုး …။
အစာဝလို့ ဌာနပြန်ချင်ပြီဆိုSorry ပါဆိုတဲ့ စကားလုံးလေးတောင် ဝတ်ကျေတမ်းကျေ ပြောတာမဟုတ်ပဲ …။ သစ်စိမ်းချိုး ချိုးပြီး ပစ်သွားတတ်ကြတယ်ဆိုတာကိုယ့်အရင်က အတွေ့အကြုံရှိခဲ့ဘူးတဲ့ စီနီယာ မမတွေကို မေးကြည့်ရင် သိမှာပါ …။
လင်မယားတိုင်းဟာ ချစ်သူလို နေလို့ရပေမယ့်ချစ်သူတိုင်းကတော့ လင်မယားလိုနေလို့မဖြစ်ပါဘူး …။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတိုင်း အကြွင်းမဲ့ ယုံကြည်နေဖို့မှ မဟုတ်တာ …။
အကြွင်းမဲ့ ယုံကြည်တယ်ဆိုတိုင်းလည်း ဘဝကိုပုံအပ်ပြီး တစ်သက်လုံးက အတိမ်းအစောင်းမရှိ တန်ဖိုးထားပြီး ထိန်းသိမ်းလာခဲ့တဲ့ အပျိုစင်ဘဝကို စတေးပြစ်ဖို့မှ မဟုတ်တာ …။
ယုံမှတ်လို့ ပုံအပ်ပြီးကာမှ ယုံကြည်မူတွေက အကောင်ထည်ပေါ်မလာရင် အကုန်ခတ်ကုန်မှာပဲ …။
ချစ်တယ်ဆိုတိုင်းလည်း ယုံမှတ်ဖို့မဟုတ်သလို ယုံမှတ်မိတိုင်းလည်း ပုံအပ်ဖို့မှ မဟုတ်တာညီမလေးရယ် ကိုယ့်ဘဝကို ကိုယ်တိုင်ပဲ တန်ဖိုးထားတာ စိတ်အချရဆုံးပါပဲ …။
တစ်ပါးသူဆိုတာက အရမ်းချစ်ပါတယ်ဆိုတဲ့ ချစ်သူရည်းစားဆိုတဲ့ သတ္တဝါတောင် ယုံရတာမဟုတ်ဘူးလေ လစ်ရင် လစ်သလို သုတ်ဖို့ချောင်းနေတယ်ဆိုတာ သတိပြုပါ …။
အစကတော့ တကယ်ချစ်တာပဲအတည်ယူမှာပါဆိုပြီးလည်း ထင်တိုင်းကျဲပြီး လူလစ်တဲ့နေရာတိုင်းမှာ ပလူးချင်တိုင်းပလူးဖို့ ကောင်းတာလဲ မဟုတ်ဘူး …။
ဘဝဆိုတာ ဘာမှပုံသေ တွက်ဆလို့မရဘူး ညီမလေးရေ ကိုယ်က ယုံမှတ်လို့ အဆုံးထိအောင် ပုံအပ်ခဲ့မိကာမှကံကြမ္မာက မျက်နှာသာမပေး ဘဝအခြေမလှဖြစ်ပြီးမမျှော်လင့်တဲ့ ကံတရားကနှောက်လိုက်လို့ ပေါင်းဖို့ကံမပါခဲ့ရင်လည်း ညီမလေးရေ မင်းဘဝကတော့ …၊
ရေစုန်မှာ လေဟုတ်စီးပြီး ဒူးနဲ့မျက်ရည် အချိန်တိုင်းသုတ်ပြီး ပျက်စီးချင်တိုင်း ပျက်စီးပြီး အကောင်းကျန်မှာတော့ မဟုတ်တော့ဘူး။ အချစ်ဆိုတာ ဘဝနဲ့ရင်းပြီး လောင်းကျေးထပ်ကစားကောင်းတဲ့ အရာမှ မဟုတ်တာ။ မမိုက်ချင်စမ်းပါနဲ့ …။
ဒါကြောင့် ကိုယ့်ဘဝကို တန်ဖိုးထားပါ မြန်မာ စကားပုံရှိတယ် မလား မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရပေတဲ့။ ဒါပေမယ့် ဒီနေ့ခေတ်မှာလေ ရွှေပေးလို့တောင် မရတဲ့ဣန္ဒြေကို ချောကလတ်ဘူး လှလှလေးတွေရရင်တောင်အလွယ်တကူ ရက်ရက်ရက်ရောရော စတေးချင်ကြတဲ့ခပ်ညံ့ညံ့ ခပ်ပျော့ပျော့ ခပ်ပေါပေါ မိန်းမစားတွေထဲမှာညီမလေးမပါစေနဲ့ပေါ့ …။
တကယ်တော့ ညီမလေးရာသန့်စင်တဲ့ အပျိုစင်ဘဝဆိုတာ ချောကလတ်ဘူး လှလှလေးတွေဟော်တယ်ပေါ်က ခန်းနားလှတဲ့ အိပ်ခန်းကုတင်လှလှလေးတွေထက် အများကြီးတန်ဖိုးရှိပါတယ်နော် …။
ချစ်လှစွာသော ညီမတစ်ယောက် ကိုယ့်ဘဝကိုတန်ဖိုးထားပြီး ဘဝတစ်လျှောက်မှာ သာယာပျော်ရွှင်စွာနဲ့ဣန္ဒြေ သိက္ခာရှိရှိနဲ့ ဖြတ်သန်းနိုင်ပါစေလို့…..ဆန္ဒပြုရင်း….။ ။ crd
Leave a Reply