
ေဘာ္ဒါေဆာင္ေနေသာ (၈)တန္းေက်ာင္းသူမွာ မၾကာခဏ ေခါင္းမူးမူးေနၿပီး ေနမေကာင္း၍ ေဆးခန္းသြားျပဖို႔ မိခင္မွ ေခ်ာ့ေမာ့ေမးျမန္းရာမွ…
ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ ယာေတာ္ေက်း႐ြာေန ဖခင္ျဖစ္သူ ဦး…..၊ မိခင္ျဖစ္သူ ေဒၚ…..တို႔သည္ နံနက္ ၁၀ နာရီခန႔္က ေရဦးၿမိဳ႕မေဈးမွ ေဈးေရာင္းျပန္လာစဥ္ ေရဦးၿမိဳ႕ “……” ေဘာ္ဒါေဆာင္သို႔ ပို႔ထားေသာ
သမီးျဖစ္သူ မ….. ၁၃ ႏွစ္ (အ႒မတန္းေက်ာင္းသူ)မွာ ေခါင္းမူးမူးေနၿပီး မၾကာခဏပ်ိဳ႕အန္ေနသျဖင့္ ေနမေကာင္းဘူးဆိုကာ
အိမ္သို႔ခဏ ခဏ ျပန္လာေနေသာေၾကာင့္ မိခင္ျဖစ္သူ ေဒၚ…..မွ ေဆးခန္းသြားျပရန္ သမီးျဖစ္သူကိုေခၚ၍ အိမ္မွထြက္လာခဲ့ရာ
လမ္းတြင္ သမီးျဖစ္သူမွာ ကိုယ္ဝန္ရွိေနသည့္ လကၡဏာပုံစံမ်ိဳးေတြ႕ရွိရသျဖင့္ ေမးျမန္းရာ ဘာမွျပန္မေျပာေသာေၾကာင့္
မသကၤာ၍ ေဆးဆိုင္မွ ဆီးစစ္တံဝယ္ယူၿပီး ေဆးခန္း မသြားေတာ့ဘဲ ႐ြာသို႔ျပန္လာခဲ့ၾကၿပီး ေနအိမ္တြင္
သမီးျဖစ္သူ၏ဆီးအား ဆီးစစ္တံျဖင့္ စစ္ၾကည့္ရာ
ကိုယ္ဝန္ရွိေနေၾကာင္း ဆီးစစ္တံမွေဖာ္ျပေနသျဖင့္ ထပ္မံစစ္ေဆးရာ ကိုယ္ဝန္မွာ ၃ လ ေက်ာ္ခန႔္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရသည္။မိခင္ျဖစ္သူ ေဒၚ…..မွ သမီးျဖစ္သူအား ေခ်ာ့ေမာ့ေမးျမန္းရာ
တစ္႐ြာတည္းေန အိမ္နီးခ်င္း ေဆြမ်ိဳးေတာ္စပ္သူ ဦး…..၏သား ဘိုကံ ၂၀ ႏွစ္ (မိန္းမႏွင့္ကေလးတစ္ယာက္ရွိသူ) ျဖစ္ေၾကာင္း၊ လြန္ခဲ့ေသာ ၃ လခန႔္က ဖခင္ျဖစ္သူ ဦး…..ႏွင့္ မိခင္ျဖစ္သူ ေဒၚ…..တို႔ႏွစ္ဦး ညအခ်ိန္ တံငါအလုပ္သြားလုပ္ေနစဥ္ ေနအိမ္၌
သမီးျဖစ္သူ မ…. ႏွင့္ သားျဖစ္သူ ေမာင္…..တို႔ ၂ ဦးသာရွိေနခ်ိန္မ်ားတြင္ ဘိုကံ ၂၀ ႏွစ္မွ အိမ္သို႔ေရာက္လာေလ့ရွိၿပီး
ေမာင္ျဖစ္သူ ေမာင္…..အား အျခားအိမ္သို႔ ဗီဒီယိုၾကည့္ရန္ ေခ်ာ့ေမာ့ေစလႊတ္ကာ သမီးအား ၿခိမ္းေျခာက္၍ သားမယားျပဳက်င့္သည္မွာ ၄ ႀကိမ္ခန႔္ရွိၿပီး၊
အိမ္သို႔လာေရာက္တိုင္း ခလုပ္ဓါးတစ္လက္ ယူေဆာင္လာကာ မိဘမ်ားအား ျပန္တိုင္လွ်င္ သတ္ပစ္မည္ဟု အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ေၾကာင္း သမီးျဖစ္သူ မ….. ၁၃ ႏွစ္ခန႔္ (အ႒မတန္းေက်ာင္းသူ)မွေျပာျပသျဖင့္
ေက်း႐ြာတာဝန္ခံ ဦးဝင္းအား အေၾကာင္းၾကားၿပီး ရဲစခန္းသို႔ လာေရာက္တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။
၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ အ႐ြယ္မေရာက္ေသးေသာ သမီးျဖစ္သူ မ…..၁၃ ႏွစ္ခန႔္ (အ႒မတန္းေက်ာင္းသူ) အား ဓါးျဖင့္ၿခိမ္းေျခာက္ၿပီး သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့သူ
ဘိုကံ ၂၀ ႏွစ္ အား မိခင္ျဖစ္သူ ေဒၚ…..မွ တရားလိုျပဳလုပ္၍ ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
Chit Sann
ဘော်ဒါဆောင်နေသော (၈)တန်းကျောင်းသူမှာ မကြာခဏ ခေါင်းမူးမူးနေပြီး နေမကောင်း၍ ဆေးခန်းသွားပြဖို့ မိခင်မှ ချော့မော့မေးမြန်းရာမှ…
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ယာတော်ကျေးရွာနေ ဖခင်ဖြစ်သူ ဦး…..၊ မိခင်ဖြစ်သူ ဒေါ်…..တို့သည် နံနက် ၁၀ နာရီခန့်က ရေဦးမြို့မဈေးမှ ဈေးရောင်းပြန်လာစဉ် ရေဦးမြို့ “……” ဘော်ဒါဆောင်သို့ ပို့ထားသော
သမီးဖြစ်သူ မ….. ၁၃ နှစ် (အဋ္ဌမတန်းကျောင်းသူ)မှာ ခေါင်းမူးမူးနေပြီး မကြာခဏပျို့အန်နေသဖြင့် နေမကောင်းဘူးဆိုကာ
အိမ်သို့ခဏ ခဏ ပြန်လာနေသောကြောင့် မိခင်ဖြစ်သူ ဒေါ်…..မှ ဆေးခန်းသွားပြရန် သမီးဖြစ်သူကိုခေါ်၍ အိမ်မှထွက်လာခဲ့ရာ
လမ်းတွင် သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေသည့် လက္ခဏာပုံစံမျိုးတွေ့ရှိရသဖြင့် မေးမြန်းရာ ဘာမှပြန်မပြောသောကြောင့်
မသင်္ကာ၍ ဆေးဆိုင်မှ ဆီးစစ်တံဝယ်ယူပြီး ဆေးခန်း မသွားတော့ဘဲ ရွာသို့ပြန်လာခဲ့ကြပြီး နေအိမ်တွင်
သမီးဖြစ်သူ၏ဆီးအား ဆီးစစ်တံဖြင့် စစ်ကြည့်ရာ
ကိုယ်ဝန်ရှိနေကြောင်း ဆီးစစ်တံမှဖော်ပြနေသဖြင့် ထပ်မံစစ်ဆေးရာ ကိုယ်ဝန်မှာ ၃ လ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။မိခင်ဖြစ်သူ ဒေါ်…..မှ သမီးဖြစ်သူအား ချော့မော့မေးမြန်းရာ
တစ်ရွာတည်းနေ အိမ်နီးချင်း ဆွေမျိုးတော်စပ်သူ ဦး…..၏သား ဘိုကံ ၂၀ နှစ် (မိန်းမနှင့်ကလေးတစ်ယာက်ရှိသူ) ဖြစ်ကြောင်း၊ လွန်ခဲ့သော ၃ လခန့်က ဖခင်ဖြစ်သူ ဦး…..နှင့် မိခင်ဖြစ်သူ ဒေါ်…..တို့နှစ်ဦး ညအချိန် တံငါအလုပ်သွားလုပ်နေစဉ် နေအိမ်၌
သမီးဖြစ်သူ မ…. နှင့် သားဖြစ်သူ မောင်…..တို့ ၂ ဦးသာရှိနေချိန်များတွင် ဘိုကံ ၂၀ နှစ်မှ အိမ်သို့ရောက်လာလေ့ရှိပြီး
မောင်ဖြစ်သူ မောင်…..အား အခြားအိမ်သို့ ဗီဒီယိုကြည့်ရန် ချော့မော့စေလွှတ်ကာ သမီးအား ခြိမ်းခြောက်၍ သားမယားပြုကျင့်သည်မှာ ၄ ကြိမ်ခန့်ရှိပြီး၊
အိမ်သို့လာရောက်တိုင်း ခလုပ်ဓါးတစ်လက် ယူဆောင်လာကာ မိဘများအား ပြန်တိုင်လျှင် သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ကြောင်း သမီးဖြစ်သူ မ….. ၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ)မှပြောပြသဖြင့်
ကျေးရွာတာဝန်ခံ ဦးဝင်းအား အကြောင်းကြားပြီး ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အရွယ်မရောက်သေးသော သမီးဖြစ်သူ မ…..၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ) အား ဓါးဖြင့်ခြိမ်းခြောက်ပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ
ဘိုကံ ၂၀ နှစ် အား မိခင်ဖြစ်သူ ဒေါ်…..မှ တရားလိုပြုလုပ်၍ မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Chit Sann
Leave a Reply