
တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးေသာအခါ
တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာကၤ်ားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးတယ္။
“ခင္ဗ်ားမွာ အိမ္ေထာင္က်မယ့္ဇာတာ ရွိပါတယ္´´
အပ်ိဳႀကီးခင္မ်ာ အရမ္းေပ်ာ္သြားၿပီး
“ဟီ ဟိ ဆရာ ဒါဆို ဘယ္အခ်ိန္ေရာက္
အိမ္ေထာင္က်မလဲတိတိက်က်ေလး ေဟာလို႔
ရရင္ ေဟာေပးပါဆရာရယ္´´
“အိမ္း ဒါကေတာ့ …..
ခင္ဗ်ားရဲ႕ကံဇာတာ အေပၚမူတည္ၿပီး
နိမိတ္ေကာက္ယူတဲ့ အေဟာနဲ႕ ဆုံးျဖတ္ရမွာပဲ…
ဒါ့ေၾကာင့္ ဒီညပဲ ႐ြာထဲကို လမ္းေလွ်ာက္
ထြက္ရင္းပတ္ဝန္းက်င္က ၾကားရတဲ့ အသံ
နိမိတ္ကိုေကာက္ယူရမယ္´´
“ဟုတ္ကဲ့ ဘယ္လိုေကာက္ယူရမွာလဲရွင့္…အဟိ ´´
“ဥပမာ – တစ္ ဆိုတဲ့ အသံကို ၾကားရရင္
ခင္ဗ်ား တစ္လအတြင္း အိမ္ေထာင္က်မယ္
ႏွစ္ ဆိုတဲ့အသံကို ၾကားရရင္ ႏွစ္လအတြင္း
ေပါ့ဗ်ာ´´
အပ်ိဳႀကီး အေပ်ာ္လုံးဆို႔ၿပီး အိမ္ျပန္သြားတယ္
ည ၇ နာရီေလာက္က်ေတာ့တိတ္တိတ္ေလး
အိမ္ေပၚကဆင္းလာၿပီး႐ြာထဲေလွ်ာက္ရင္း
ၾကားရမယ့္အသံကို လိုက္နားစြင့္တယ္…
႐ြာလယ္နားေရာက္ေတာ့ အဘိုးအိုတစ္ဦးရဲ႕
ဘုရားဝတ္ျပဳသံကို ၾကားေတာ့ ဝမ္းသာအားရနဲ႕
အနားကို ခပ္သုတ္သုတ္ေလး ေျပးသြားၿပီး
နားေထာင္လိုက္တယ္…
ဘုရားရွိခိုးဆိုမွေတာ့ အပါယ္ေလးပါး
ကပ္သုံးပါးတို႔ေတာ့ ပါမွာပဲ … ဒါဆိုရင္
သုံး ေလးလေလာက္ေစာင့္ရလဲ မဆိုးပါဘူးေလ…ဆိုတဲ့ အေတြးနဲ႕ ရင္ထဲမွာႀကိတ္ၿပီးေပ်ာ္ေနလိုက္တာ…
ေျခသံကိုအသာအယာ ဖြဖြေလးနင္းၿပီး
ၿခံစည္းရိုးနားကပ္ နားေထာင္ၾကည့္ေတာ့မွ
သဲသဲကြဲကြဲ ၾကားလိုက္ရတဲ့ အသံက…
“အစိေႏၲယ်…အစိေႏၲယ်…အစိေႏၲယ်
ေလးသေခၤ် နဲ႕ ကမာၻတစ္သိန္း ပါရမီ
ျဖည့္ေတာ္မူေသာျမတ္စြာဘုရား´´ ဆိုတဲ့
အသံလည္းၾကားလိုက္ေရာ….
အပ်ိဳႀကီးခင္မ်ာ လက္ႏွစ္ဖက္ကို နားမွာပိတ္ၿပီး
ေျပးလိုက္တာ တန္းေနေတာ့တာပါပဲ 😂
#Credit: original writer
Credit
တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ
တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။
“ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´
အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး
“ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက်
အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့
ရရင် ဟောပေးပါဆရာရယ်´´
“အိမ်း ဒါကတော့ …..
ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီး
နိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ…
ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက်
ထွက်ရင်းပတ်ဝန်းကျင်က ကြားရတဲ့ အသံ
နိမိတ်ကိုကောက်ယူရမယ်´´
“ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´
“ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင်
ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ်
နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်း
ပေါ့ဗျာ´´
အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ်
ည ၇ နာရီလောက်ကျတော့တိတ်တိတ်လေး
အိမ်ပေါ်ကဆင်းလာပြီးရွာထဲလျှောက်ရင်း
ကြားရမယ့်အသံကို လိုက်နားစွင့်တယ်…
ရွာလယ်နားရောက်တော့ အဘိုးအိုတစ်ဦးရဲ့
ဘုရားဝတ်ပြုသံကို ကြားတော့ ဝမ်းသာအားရနဲ့
အနားကို ခပ်သုတ်သုတ်လေး ပြေးသွားပြီး
နားထောင်လိုက်တယ်…
ဘုရားရှိခိုးဆိုမှတော့ အပါယ်လေးပါး
ကပ်သုံးပါးတို့တော့ ပါမှာပဲ … ဒါဆိုရင်
သုံး လေးလလောက်စောင့်ရလဲ မဆိုးပါဘူးလေ…ဆိုတဲ့ အတွေးနဲ့ ရင်ထဲမှာကြိတ်ပြီးပျော်နေလိုက်တာ…
ခြေသံကိုအသာအယာ ဖွဖွလေးနင်းပြီး
ခြံစည်းရိုးနားကပ် နားထောင်ကြည့်တော့မှ
သဲသဲကွဲကွဲ ကြားလိုက်ရတဲ့ အသံက…
“အစိန္တေယျ…အစိန္တေယျ…အစိန္တေယျ
လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီ
ဖြည့်တော်မူသောမြတ်စွာဘုရား´´ ဆိုတဲ့
အသံလည်းကြားလိုက်ရော….
အပျိုကြီးခင်မျာ လက်နှစ်ဖက်ကို နားမှာပိတ်ပြီး
ပြေးလိုက်တာ တန်းနေတော့တာပါပဲ 😂
#Credit: original writer
Credit
Leave a Reply