
” ကျေးဇူးပါ ညီမလေးရယ် ”
အဘိုးအိုကတော့ တည်တည်ငြိမ်င်မ်ြပါပဲ
” ပေးတယ် ပေးတယ် ”
” ဘာကြောင့်လဲဆိုတော့ ”
Credit
အမျိုးသမီးရဲ့ရင်သားကို ကိုင်ကြည့်ရုံနဲ့ အသက်အတိအကျ ပြောနိုင်တဲ့ ဆရာကြီးကိုမှ ပညာစမ်းမိတဲ့ ဘောစိမမတစ်ယောက်ရဲ့ အဖြစ်
ဘောစိမမတယောက်…သူ့မရဲ့လေးဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာ
အလှပြင်ဆိုင်ကိုသွားပြီး ….မျက်နှာပေါ်ကအရေးအကြောင်းတွေကို ဖယ်ရှားပြစ်လိုက်တယ်
ပိုက်ဆံတော်တော်ကုန်သွားပေမဲ့မှန်ထဲမှာမြင်နေရတဲ့…သူမရဲ့နုပျိုနေတဲ့မျက်နှာလေးကိုတွေ့တော့ကျေနပ်ပြီးပြုံးနေတယ်
ရုပ်ကနုပျိုသွားတော့…သူမရဲ့စိတ်ကလည်းလန်းဆန်းတက်ကြွလာပြီး…အိမ်ပြန်လမ်တလျှောက်လုံးမှာ…
သူမရဲ့ဟန်ပန်အမူအရာတွေက တကယ့်ကို…ဖျက်လတ်သွက်လတ်နေတာပါ
မိမိကိုယ်ကိုယုံကြည်မှု့မြင့်မားလာခြင်းနဲ့အတူ…တပါးသူတွေရော သူမအပေါ်…ဘယ်လိုမြင်လဲဆိုတာ…သိချင်လာတယ်
အာ့နဲ့..ဖိနပ်ဆိုင်ထဲဝင်သွားပြီး…ဖိနပ်တရံဝယ်ယူပြီးတဲ့နောက်မှာ…အရောင်းဝန်ထမ်းကောင်လေးကိုမေးလိုက်တယ်
” ဟိတ် ! မမတခုမေးရင်မောင်လေးစိတ်မဆိုးဘူးထင်တယ်”
” မမ အသက်ဘယ်လောက်ရှိလဲ သိလား ”
” ၃၂ လောက်တော့ရှိမယ်ထင်တယ် မမ ”
” အို ! မဟုတ်ပါဘူးမောင်လေးရယ်”
” ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော် မွမွ ”
ဆိုင်ထဲကထွက်လာချိန်မှာတော့သူမဟာ ပီတိနဲ့အတူတိမ်တွေကိုစီးမျောနေရသလိုပါ
နောက်ထပ် KFC ဆိုင်ထဲကိုဝင်လိုက်တယ်
ကောင်တာကကောင်မလေးကို သူ့အသက်ကို…ခန့်မှန်းခိုင်းပြန်တယ်
” ၃၀ တော့ရှိမယ်ထင်တယ် မမ ”
” မဟုတ်ပါဘူး ညီမလေးရယ် ” ” မမ ဒီနေ့ပဲ အသက် ၄၅ နှစ်ပြည့်တယ်လေ ”
” အိုး ! မယုံနိုင်စရာပဲနော် မမ ”
” ကျေးဇူးပါ ညီမလေးရယ် ”
KFC ဆိုင်ထဲကထွက်လာချိန်မှာ ဘောစိမမ စဉ်းစားလိုက်တယ်
အသက်အရွယ်ပေါင်းစုံကလူတွေ သူ့ရဲ့နုပျိုမှု့အပေါ်…ဘယ်လိုမြင်လဲဆိုတာ
သိချင်စိတ်ပြင်းပြလာလို့…ဒီနေ့တော့လိုင်းကားစီးကြည့်မယ်လို့..ဆုံးဖြတ်လိုက်တယ်
အဲ့ဒါနဲ့…ပထမဆုံးတွေ့တဲ့ …လိုင်းကားပေါ်တက်လာခဲ့တယ်
ဘေးနားမှာရပ်နေတဲ့ အဘိုးအိုကိုမေးလိုက်တယ်…အဲ့ဒီမေးခွန်းကိုပဲပေါ့
အဘိုးအိုကဘာပြောလဲဆိုတော့
” ဒီမှာ အမျိုးသမီး ငါ့အသက် ၇၈ နှစ်ရှိပြီ ”
” အမြင်အာရုံတွေလည်းမွဲနေပြီ ”
” ဒါပေမဲ့ ငါငယ်ငယ်တုန်းကနေ ခုချိန်ထိ အမျိုးသမီးတွေရဲ့..အသက်ကို တိတိကျကျမလွဲအောင်ပြောနိုင်တဲ့နည်းလမ်းတခု..ငါ့မှာရှိတယ် ”
” ငါစည်းကျော်ပြီးပြောတယ်လို့တော့ မထင်ပါနဲ့ ..မင်းရဲ့ရင်သားကိုသာ ..ငါကိုင်တွယ်စမ်းသပ်ခွင့်ရမယ်ဆိုရင်..မင်းအသက်ကို ငါအတိအကျပြောနိုင်တယ် ”
ဘောစိမမလည်း ..ခဏတော့ဆွံ့အသွားတယ်..ဒါပေမဲ့လည်း ဒီအဖိုးကြီးနည်းလမ်းကဘာလဲ..
သူဘယ်လိုဖြေမှာလဲဆိုတာကို .မိန်းမပီပီအရမ်းကို..သိချင်စိတ်ကပြင်းထန်နေတော့…သဘောတူဖို့ ခေါင်းညိတ်လိုက်တယ်
” ကောင်းပြီလေ စမ်းကြည့်ပေါ့ ”
အနည်းငယ်ကွယ်ပြီး ..သူမရဲ့ဘလောက်စ်အင်္ကျီကို…နည်းနည်းဟပေးလိုက်တယ်
အဖိုးအိုက မတ်မတ်ရဲ့ရင်သားနှစ်ဖက်ကို..ဆုပ်နှယ်လိုက် ပွတ်သက်လိုက်လုပ်နေတာ..အချိန်နည်းနည်းကြာလာတော့..အမျိုးသမီးက စိတ်မရှည်တော့ဘူး
” ဒီမယ် အဖိုးကြီး ..ကျွန်မအသက်ဘယ်လောက်ရှိပြီလဲ ”
အဖိုးအိုက ..ဖွဖွလေးတချက်ဆုပ်နယ်လိုက်ပြီး..သူ့လက်ကိုပြန်ထုတ်ကာ ..ပိုငိပိုင်နိုင်နိုင်ပြောလိုက်တယ်
” မင်းအသက် ဒီနေ့ပဲ ၄၅ နှစ်ပြည့်တယ် ”
” အိုး ! ” ” မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ ” ” ဘာဖြစ်လို့ဒီလိုအတိအကျပြောနိုင်ရတာလဲ ”
” ကျွန်မရင်သားနဲ့ ဘယ်လိုပက်သက်နေလို့လဲ ”
မတ်မတ် မျက်လုံးကြီးပြူးနေပြီး..တကယ်ကိုအံ့သြနေဟန်နဲ့မေးခွန်းတွေတရစပ်ကိုမေးနေတယ်
အဘိုးအိုကတော့ တည်တည်ငြိမ်င်ြမ်ပါပဲ
” ဘာကြောင့်ဆိုတာ ငါဖြေလိုက်ရင်မင်းစိတ်မဆိုးပါဘူးလို့ ကတိပေးနိုင်မလား ”
” ပေးတယ် ပေးတယ် ”
“ဘာကြောင့်ဆိုတာပြောပြပါ ”
” ဘာကြောင့်လဲဆိုတော့ ”
” KFC ဆိုင်ထဲမှာတုန်းက မင်းအနောက်မှာ ငါတန်းစီနေတာလေ ”
အားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ…လေးစားစွာဖြင့်
Credit
Leave a Reply