မိန္းမခိုးမည့္ညမွာ ဆက္ဖီဆြဲတတ္လြန္းတဲ့ ညီမသိသြားလို႔ ႏြားျဖစ္မွန္းသိလိုက္ရတဲ့အျဖစ္

မိန္းမခိုးမည့္ညမွာ ဆက္ဖီဆြဲတတ္လြန္းတဲ့ ညီမသိသြားလို႔ ႏြားျဖစ္မွန္းသိလိုက္ရတဲ့အျဖစ္

“ကိုရီး ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ဘာလုပ္ေနတာလဲ”

“ငင္ … ” လွည့္ၾကည့္လိုက္ေတာ့ က်ဳပ္ညီမဗ် အိပ္ခ်င္မူးတူးနဲ႔ သူ႔အခန္းထဲကထြက္လာတယ္…

” နင္ခုထိ မအိပ္ေသးဘူးလား ”

“အိပ္မက္ထဲမွာ ကိုရီး မိန္းမသြားခိုး မယ္လို႔ မက္လို႔ လန္႔နိုးလာတာ ”

” ငါ့ႏွယ္ အဲဒါမက္တာနဲ႔ လန္႔့နိုးစရာလား ”

” နိုးတာေပါ့ ကိုရီးနဲ႔ညားၿပီး ဘယ္ငတိမ ကံဆိုးမလဲပဲ စိတ္ပူေနရတာ ”

” ငိမ့္ … ” ေမာင္ႏွမ အခ်င္းခ်င္းေတာင္ ကပ္ဖဲ့ေနေသးတယ္

“ကေလးေနရာ ကေလးေနစမ္းပါဟာ သြားအိပ္ေတာ့ ”

“ဒါနဲ႔ ကိုရီးက ဘယ္သြားမွာလဲ”

“အဟိမ္း ” (ပီတိသံႀကီးနဲ႔ )

“မိန္းမသြားခိုးမလို႔ … ”

“ဟယ္ ဘယ္သူ႔ကိုလဲ ”

“ ေတာင္ပိုင္းက စက္သူေဌးသမီး ေအးၾကည္ ”

“အားလားလား … ေနဦး ဒါဆို ေနဦး ”

က်ဳပ္ညီမက အံ့ဩတဲ့ အသံႀကီးနဲ႔ အခန္းထဲ ျပန္ဝင္သြားပါေလေရာခဏေနေတာ့ သူ႔ဖုန္းႀကီးနဲ႔ ျပန္ထြက္လာတယ္ေလ….

“ငင္ … အာ့ ဘာလုပ္ဖို႔တုန္း ”

“ကိုရီး လူပ်ိဳျဖစ္တဲ့ ေနာက္ဆုံးအခ်ိန္ေလး အမွတ္တရေပါ့ကြာ ”

“အြင့္ အေရးႀကီးေနပါတယ္ဆိုမွ ဒီညီမက တစ္ေမွာင့္ကဲကြာ ရိုက္ရိုက္ … ”

ကိုယ္ကလည္း စိတ္မပါဘူး လက္ကေလးႏွစ္ေခ်ာင္းေတာင္ေထာင္ျပလိုက္ေသးတယ္….

ဒီလိုနဲ႔ ညီမျဖစ္သူကို ထားခဲ့ၿပီး အိမ္ေရွ႕ကေလွေပၚ တက္တာေပါ့ရြာမွာဆိုေတာ့ ေတာင္ပိုင္းကိုေလွနဲ႔သြားရတာကိုးေလွထဲမွာက ေလွေလွာ္မယ့့္ငတိက အသင့္ …

” ေဟ်ာင့္ မင္းပုံစံက အလြင့္ႀကီးပါလားဟ … ”

“မင္းကလည္းကြာ ငါဘာမွျပင္မထားပါဘူးဟ … ”

“ပုံထဲမွာ ေျပာေနတာဟ … ”

“ဘယ္ကပုံလဲ”

“ခုေလးမွ မင္းညီမ တင္ထားတဲ့ပုံေလ … မင္းကိုေတာင္တက္ လုပ္ထားေသးတယ္ …

ၿပီးေတာ့ စာေတာင္ ေရးထားေသးတယ္ေအးၾကည္မကို အစ္ကိုႀကီး သြားမခိုးခင္တဲ့ … ”

ငတိေျပာတာ မယုံတာနဲ႔ ခါးၾကားထဲက အိုင္ဖုန္း (ကလုန္း) ႀကီးဆြဲထုတ္လိုက္တယ္ …

ၿပီးေတာ့ လိုင္း ဖြင့္ၾကည့္တာထိပ္ဆုံးမွာ ငတိမနဲ႔ ရိုက္လာတဲ့ပုံႀကီးကို ျပဴးလို႔….

အမယ္ ဟ ဟ ရီအက္ေတာင္ ၁၆ခုရေနၿပီ …ၿပီးေတာ့ ကြန္မန္႔ တိုင္ပင္ေလးဝင္ေနတာနဲ႔ ေစာင့္ၾကည့္ေနလိုက္တယ္ …

~~ငါ့သား ေလွကို ေျဖးေျဖးေလွာ္သြားဦး…

ပုံ………မင္းအေဖ သာဂြ …

အမယ္ ထိပ္ဆုံးက က်ဳပ္အေဖ ေရးတာဗ် ….အားကိုးရၿပီဆိုေတာ့လႊတ္ေပ်ာ္တာေပါ့ဗ်ာ .…မၾကာဘူး ေနာက္ထပ္ ကြန္မန္႔တစ္ခုဝင္လာတယ္ …

~~ဖိုက္တင္း သားေရ မရရေအာင္ခိုး

ပုံ……မင္းအေမ ပူစူးမ

ဒုတိယေျမာက္က အေမကိုးဗ် … မဆိုးဘူး တစ္အိမ္သားလုံးကက်ဳပ္မိန္းမရမွာကို အားေပးၾကတယ္ ဆိုေတာ့ အားတက္စရာဗ်….

ခဏေနေတာ့ အေဖနဲ႔အေမ ကြန္မန္႔ေတြကို ဟ ဟ ရီအက္ရွင္ ေပးၿပီး ညီမေလးက ထပ္ေရးတယ္….

~~ကြန္ဂရစ္ ကိုရီး

ပုံ…….ကိုရီး တစ္ဦးတည္းေသာညီမ ႏွင္းျမ

ဒီလိုနဲ႔ ေလွကလည္း ေအးၾကည္မတို႔ အိမ္ကို လွမ္းျမင္ရတဲ့နား ေရာက္ လာ ပါေလေရာ …

အဲဒီအခ်ိန္က်မွ ကြန္မန္႔တစ္ခု ထပ္ဝင္လာတယ္….

~~ ကမ္းစပ္က ဓားနဲ႔ေစာင့္ေနတယ္

ပုံ……ေအးၾကည္မ အစ္ကိုအႀကီးဆုံး တာတီး….

ေအာင္မယ္ငီး ၾကက္သီးေတာင္ထတယ္ …တာတီးဆိုတဲ့ေကာင္က တကယ္လုပ္တာဗ် ….

အရပ္ထဲမွာလည္း သူသတ္ခဲ့တဲ့ ဝက္ေတြ နည္းတာမဟုတ္ဘူးေလ….

ခဏေနေတာ့ ကြန္မန္႔တစ္ခုထပ္ဝင္လာတယ္ …

စိတ္မပူနဲ႔ၿငိမ္းေမာင္ တာတီးက ငါနဲ႔အရက္ဝိုင္းမွာဟ….

ပုံ……….မင္းအစ္ကို တစ္ဝမ္းကြဲ လွေဆာင္

“ဟူး … ေတာ္ေသးလို႔ သူငယ္ခ်င္းေရ ကိုလွေဆာင္ႀကီး ကယ္လို႔ဟမဟုတ္ရင္ တာတီးက မလြယ္ဘူး ”

“ငါပါေနတာပဲ ၿငိမ္းေမာင္ရာ ဘာပူစရာရွိလို႔လဲ… ”

“ ေအးပါကြာ … ”

ခဏေနေတာ့ ေနာက္ဆုံးကေနၿပီး ကြန္မန္႔ထပ္ဝင္လာတယ္ဗ်….

~~ကိုၿငိမ္းေမာင္ ျမန္ျမန္လာခဲ့ေတာ့ ဒီမွာ ေဖေဖတို႔နိုးေနၿပီလားမသိဘူး …

ပုံ……နင့္ခ်စ္သူ ေအးၾကည္မ

ခ်စ္သူေလးကပါ ကြန္မန္႔ဝင္ေရးေတာ့ အားတက္သြားတာေပါ့….

” ျမန္ျမန္ေလွာ္ပါဟ သူငယ္ခ်င္းရ ”

” ေလွာ္ေနတာပဲေလကြာ ဟိုမွာလွမ္း ျမင္ေနရၿပီ ”

က်ဳပ္လွမ္းၾကည့္ေတာ့ ကမ္းစပ္မွာ ေအးၾကည္မက အဝတ္ထုပ္ေလးပိုက္လို႔ …

ခဏေနေတာ့ ေအးၾကည္မကြန္မန္႔့ကို သူ႔အစ္ကိုငယ္က အန္ဂရီးရီအက္ရွင္ ေပးၿပီး ရီပလိုင္းျပန္ပါေလေရာ….

ငါ့ညီမလာခိုးတဲ့ေကာင္ကေတာ့ ငါ့ဓားစာမိမယ္… ေအးၾကည္မနင္အထဲျပန္ဝင္စမ္း …

ပုံ………..ေအးၾကည္မ အစ္ကိုေလး ဓားငေသာင္း…. “ငိန္ … ”

ေသၿပီနဲ႔တူတယ္ လွမ္းၾကည့္ေတာ့ ငတိကလည္း အိမ္ထဲကေနတကယ္ႀကီးထြက္လာတာဗ် …

က်ဳပ္ေတာ့ဒီတစ္သက္မိန္းမမရေတာ့ဘူးနဲ႔ တူပါတယ္ …

မၾကာဘူး အဲဒီရီပလိုင္းထဲမွာပဲ ေနာက္ကြန္မန္႔တစ္ခု ဝင္လာေရာဗ်….

~ငေသာင္း အိမ္ထဲျပန္ဝင္ … ေအးၾကည္မ ဂ႐ုစိုက္ၿပီးလိုက္သြား ဟိုေကာင္ၿငိမ္းေမာင္ ငါ့သမီးကိုေသေသခ်ာခ်ာေစာင့္ေရွာက္ …

ပုံ……….မင္းမေတာ္ရေသးတဲ့ ေယာကၡထီး စက္သူေဌးဘစိန္

အဲဒီကြန္မန္႔ဝင္လာတာနဲ႔ ေလွကိုခ်က္ခ်င္းကမ္းကိုကပ္ …ေအးၾကည္မကို ေလွေပၚတင္ၿပီး အေသေလွာ္ လစ္တာေပါ့ …..

အိမ္နဲ႔ေဝးလာမွ ေယာကၡမေလာင္းႀကီးကြန္မန္႔ကို လက္ဖ္ရီအက္ရွင္ေပးၿပီး ရီပလိုင္းျပန္လိုက္တယ္…..

~ဟုတ္ကဲ့ခင္ဗ်လို႔ေလ … ။

ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .

မနက္လင္းေတာ့ ဘာေတြမ်ားေရးထားမလဲလို႔ Facebook ေလးဖြင့္ၾကည့္လိုက္တယ္. . (.ေအးၾကည္မကေတာ့ အိပ္ေကာင္းေနတုန္း. .ညက ပင္ပန္းထားတာကိုး. . . ငိငိ..)

အေကာင့္စိမ္းတစ္ခုက Commemt လာေရးထားတယ္. . “.ေဟ်ာင့္ မင္းေတာ့ ႏြားျဖစ္ပီ” တဲ့. .

ေသေရာဗ်ာ. ……ရယ္ေမာျခင္းျဖင့္ အသက္ရွည္ၾကပါေစ……။

Crd – Original Uploader

မိန်းမခိုးမည့်ညမှာ ဆက်ဖီဆွဲတတ်လွန်းတဲ့ ညီမသိသွားလို့ နွားဖြစ်မှန်းသိလိုက်ရတဲ့အဖြစ်

 

“ကိုရီး ကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ”

“ငင် … ” လှည့်ကြည့်လိုက်တော့ ကျုပ်ညီမဗျ အိပ်ချင်မူးတူးနဲ့ သူ့အခန်းထဲကထွက်လာတယ်…

” နင်ခုထိ မအိပ်သေးဘူးလား ”

“အိပ်မက်ထဲမှာ ကိုရီး မိန်းမသွားခိုး မယ်လို့ မက်လို့ လန့်နိုးလာတာ ”

” ငါ့နှယ် အဲဒါမက်တာနဲ့ လန့့်နိုးစရာလား ”

” နိုးတာပေါ့ ကိုရီးနဲ့ညားပြီး ဘယ်ငတိမ ကံဆိုးမလဲပဲ စိတ်ပူနေရတာ ”

” ငိမ့် … ” မောင်နှမ အချင်းချင်းတောင် ကပ်ဖဲ့နေသေးတယ်

“ကလေးနေရာ ကလေးနေစမ်းပါဟာ သွားအိပ်တော့ ”

“ဒါနဲ့ ကိုရီးက ဘယ်သွားမှာလဲ”

“အဟိမ်း ” (ပီတိသံကြီးနဲ့ )

“မိန်းမသွားခိုးမလို့ … ”

“ဟယ် ဘယ်သူ့ကိုလဲ ”

“ တောင်ပိုင်းက စက်သူဌေးသမီး အေးကြည် ”

“အားလားလား … နေဦး ဒါဆို နေဦး ”

ကျုပ်ညီမက အံ့ဩတဲ့ အသံကြီးနဲ့ အခန်းထဲ ပြန်ဝင်သွားပါလေရောခဏနေတော့ သူ့ဖုန်းကြီးနဲ့ ပြန်ထွက်လာတယ်လေ….

“ငင် … အာ့ ဘာလုပ်ဖို့တုန်း ”

“ကိုရီး လူပျိုဖြစ်တဲ့ နောက်ဆုံးအချိန်လေး အမှတ်တရပေါ့ကွာ ”

“အွင့် အရေးကြီးနေပါတယ်ဆိုမှ ဒီညီမက တစ်မှောင့်ကဲကွာ ရိုက်ရိုက် … ”

ကိုယ်ကလည်း စိတ်မပါဘူး လက်ကလေးနှစ်ချောင်းတောင်ထောင်ပြလိုက်သေးတယ်….

ဒီလိုနဲ့ ညီမဖြစ်သူကို ထားခဲ့ပြီး အိမ်ရှေ့ကလှေပေါ် တက်တာပေါ့ရွာမှာဆိုတော့ တောင်ပိုင်းကိုလှေနဲ့သွားရတာကိုးလှေထဲမှာက လှေလှော်မယ့်ငတိက အသင့် …

” ဟျောင့် မင်းပုံစံက အလွင့်ကြီးပါလားဟ … ”

“မင်းကလည်းကွာ ငါဘာမှပြင်မထားပါဘူးဟ … ”

“ပုံထဲမှာ ပြောနေတာဟ … ”

“ဘယ်ကပုံလဲ”

“ခုလေးမှ မင်းညီမ တင်ထားတဲ့ပုံလေ … မင်းကိုတောင်တက် လုပ်ထားသေးတယ် …

ပြီးတော့ စာတောင် ရေးထားသေးတယ်အေးကြည်မကို အစ်ကိုကြီး သွားမခိုးခင်တဲ့ … ”

ငတိပြောတာ မယုံတာနဲ့ ခါးကြားထဲက အိုင်ဖုန်း (ကလုန်း) ကြီးဆွဲထုတ်လိုက်တယ် …

ပြီးတော့ လိုင်း ဖွင့်ကြည့်တာထိပ်ဆုံးမှာ ငတိမနဲ့ ရိုက်လာတဲ့ပုံကြီးကို ပြူးလို့….

အမယ် ဟ ဟ ရီအက်တောင် ၁၆ခုရနေပြီ …ပြီးတော့ ကွန်မန့် တိုင်ပင်လေးဝင်နေတာနဲ့ စောင့်ကြည့်နေလိုက်တယ် …

~~ငါ့သား လှေကို ဖြေးဖြေးလှော်သွားဦး…

ပုံ………မင်းအဖေ သာဂွ …

အမယ် ထိပ်ဆုံးက ကျုပ်အဖေ ရေးတာဗျ ….အားကိုးရပြီဆိုတော့လွှတ်ပျော်တာပေါ့ဗျာ .…မကြာဘူး နောက်ထပ် ကွန်မန့်တစ်ခုဝင်လာတယ် …

~~ဖိုက်တင်း သားရေ မရရအောင်ခိုး

ပုံ……မင်းအမေ ပူစူးမ

ဒုတိယမြောက်က အမေကိုးဗျ … မဆိုးဘူး တစ်အိမ်သားလုံးကကျုပ်မိန်းမရမှာကို အားပေးကြတယ် ဆိုတော့ အားတက်စရာဗျ….

ခဏနေတော့ အဖေနဲ့အမေ ကွန်မန့်တွေကို ဟ ဟ ရီအက်ရှင် ပေးပြီး ညီမလေးက ထပ်ရေးတယ်….

~~ကွန်ဂရစ် ကိုရီး

ပုံ…….ကိုရီး တစ်ဦးတည်းသောညီမ နှင်းမြ

ဒီလိုနဲ့ လှေကလည်း အေးကြည်မတို့ အိမ်ကို လှမ်းမြင်ရတဲ့နား ရောက် လာ ပါလေရော …

အဲဒီအချိန်ကျမှ ကွန်မန့်တစ်ခု ထပ်ဝင်လာတယ်….

~~ ကမ်းစပ်က ဓားနဲ့စောင့်နေတယ်

ပုံ……အေးကြည်မ အစ်ကိုအကြီးဆုံး တာတီး….

အောင်မယ်ငီး ကြက်သီးတောင်ထတယ် …တာတီးဆိုတဲ့ကောင်က တကယ်လုပ်တာဗျ ….

အရပ်ထဲမှာလည်း သူသတ်ခဲ့တဲ့ ဝက်တွေ နည်းတာမဟုတ်ဘူးလေ….

ခဏနေတော့ ကွန်မန့်တစ်ခုထပ်ဝင်လာတယ် …

စိတ်မပူနဲ့ငြိမ်းမောင် တာတီးက ငါနဲ့အရက်ဝိုင်းမှာဟ….

ပုံ……….မင်းအစ်ကို တစ်ဝမ်းကွဲ လှဆောင်

“ဟူး … တော်သေးလို့ သူငယ်ချင်းရေ ကိုလှဆောင်ကြီး ကယ်လို့ဟမဟုတ်ရင် တာတီးက မလွယ်ဘူး ”

“ငါပါနေတာပဲ ငြိမ်းမောင်ရာ ဘာပူစရာရှိလို့လဲ… ”

“ အေးပါကွာ … ”

ခဏနေတော့ နောက်ဆုံးကနေပြီး ကွန်မန့်ထပ်ဝင်လာတယ်ဗျ….

~~ကိုငြိမ်းမောင် မြန်မြန်လာခဲ့တော့ ဒီမှာ ဖေဖေတို့နိုးနေပြီလားမသိဘူး …

ပုံ……နင့်ချစ်သူ အေးကြည်မ

ချစ်သူလေးကပါ ကွန်မန့်ဝင်ရေးတော့ အားတက်သွားတာပေါ့….

” မြန်မြန်လှော်ပါဟ သူငယ်ချင်းရ ”

” လှော်နေတာပဲလေကွာ ဟိုမှာလှမ်း မြင်နေရပြီ ”

ကျုပ်လှမ်းကြည့်တော့ ကမ်းစပ်မှာ အေးကြည်မက အဝတ်ထုပ်လေးပိုက်လို့ …

ခဏနေတော့ အေးကြည်မကွန်မန့့်ကို သူ့အစ်ကိုငယ်က အန်ဂရီးရီအက်ရှင် ပေးပြီး ရီပလိုင်းပြန်ပါလေရော….

ငါ့ညီမလာခိုးတဲ့ကောင်ကတော့ ငါ့ဓားစာမိမယ်… အေးကြည်မနင်အထဲပြန်ဝင်စမ်း …

ပုံ………..အေးကြည်မ အစ်ကိုလေး ဓားငသောင်း…. “ငိန် … ”

သေပြီနဲ့တူတယ် လှမ်းကြည့်တော့ ငတိကလည်း အိမ်ထဲကနေတကယ်ကြီးထွက်လာတာဗျ …

ကျုပ်တော့ဒီတစ်သက်မိန်းမမရတော့ဘူးနဲ့ တူပါတယ် …

မကြာဘူး အဲဒီရီပလိုင်းထဲမှာပဲ နောက်ကွန်မန့်တစ်ခု ဝင်လာရောဗျ….

~ငသောင်း အိမ်ထဲပြန်ဝင် … အေးကြည်မ ဂရုစိုက်ပြီးလိုက်သွား ဟိုကောင်ငြိမ်းမောင် ငါ့သမီးကိုသေသေချာချာစောင့်ရှောက် …

ပုံ……….မင်းမတော်ရသေးတဲ့ ယောက္ခထီး စက်သူဌေးဘစိန်

အဲဒီကွန်မန့်ဝင်လာတာနဲ့ လှေကိုချက်ချင်းကမ်းကိုကပ် …အေးကြည်မကို လှေပေါ်တင်ပြီး အသေလှော် လစ်တာပေါ့ …..

အိမ်နဲ့ဝေးလာမှ ယောက္ခမလောင်းကြီးကွန်မန့်ကို လက်ဖ်ရီအက်ရှင်ပေးပြီး ရီပလိုင်းပြန်လိုက်တယ်…..

~ဟုတ်ကဲ့ခင်ဗျလို့လေ … ။

ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .

မနက်လင်းတော့ ဘာတွေများရေးထားမလဲလို့ Facebook လေးဖွင့်ကြည့်လိုက်တယ်. . (.အေးကြည်မကတော့ အိပ်ကောင်းနေတုန်း. .ညက ပင်ပန်းထားတာကိုး. . . ငိငိ..)

အကောင့်စိမ်းတစ်ခုက Commemt လာရေးထားတယ်. . “.ဟျောင့် မင်းတော့ နွားဖြစ်ပီ” တဲ့. .

သေရောဗျာ. ……ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ……။

Be the first to comment

Leave a Reply

Your email address will not be published.


*