လျှာအနာအဖုအပိန့်
ဝမ်းကိုက်ရောဂါ
ရင်ဘတ်နာ
ပန်းနာရင်ကျက်
ကိုးကား
ဟိုကိစ္စအတွက် တော်တော် အသုံးတည့်တဲ့ ဇော်ဂျီတောင်ဝှေးပင်(မိန်းကလေးများမဖတ်ရ)
အမျိုးသမီးများသွေးသားမှန်ကန်လှစေဟန်ထူး ရှိခဲ့ဖူးသည်ကား ဇော်ဂျီတောင်ဝှေးပင်ဖြစ်၏။ ဆေးကြိတ်ဇော်ဂျီတို့ တောင်ဝှေးသဖွယ် လက်ကိုင်စွဲစွာအသုံးပြုသော ဆေးပင်ဖြစ်၍ဇော်ဂျီတောင်ဝှေးပင်ဟုခေါ်တာနေမှာပေါ့ကွာဟ ုပြောပြဖူးသော အဘိုးဖြစ်သူကို သတိရမိသည်။ထိုကြောင့်လည်း ဇော်ဂျီတောင်ဝှေး အိုလေလိုရာဆေး ဟုသီချင်းတွင်သီဖွဲ့ရေးခဲ့သည်ထင်ပါသည်။
အမျိုးသမီးများသွေးသားမှန်ကန်လှစေရန်
ဇော်ဂျီတောင်ဝှေး ပဉ္စ(၅)ပါးညှစ်ရည်(သတ္တုရည်)ကို ထန်းလျက်နှင့်ဆတူရောစပ်၍ နေစဉ်သောက်သုံး ပေး ပါက အမျိုးသမီးများသွေးသားမှန်ကန်ပြီးလှပဝဖြိုးလာပါလိမ့်မည်။
သွေးဆုံးရောဂါပျောက်စေရာ
ဇော်ဂျီတောင်ဝှေးပင်၏ ပဉ္စ(၅)ပါးကိုကြိတ်ရည် ညှစ်ပြီးချင်းနှင့်ထန်းလျက် တို့ကို ဆတူရောစပ်၍ နေ့စဉ်သောက်သုံးပေးပါက အမျိုးသမီးများ သွေးဆုံးရောဂါကင်းပျောက်ပြီး အမောအပန်းပါခံလာနိုင်ပါသည်။
အမျိုးသမီးများမီးယပ်မပေါ်ပါလျှင် ဇော်ဂျီတောင်ဝှေးပဉ္စ(၅)ပါးကိုသကြားနှင့်ကျို သောက ်ပေးပါက မီးယပ်ပေါ်စေသည်။
ဇော်ဂျီတောင်ဝှေးပင်နှင့်ပျောက်ကင်းစေသောရောဂါများ အနီရောင်၊အစိမ်းရောင်၊ဇော်ရောင်စသည်ဖြင့်အ မျိုးမျိုးရှိသည်။အချို့ကဇော်ဂမုန်းဟုလည်းခေါ်ကြသည်။အရွက်အ နေအထားတွင်လည်းအကြီး၊အငယ်၊အသွယ်၊ အတိုဟူ၍အမျိုးမျိုးရှိပြန်သည်။
သွေးအန်၊သွေးကျ၊သွေးလျှံ၊သွေးသွန်နာဖြစ်ပါက ဇော်ဂျီတောင်ဝှေးပဉ္စ(၅)ပါးကို သကြားနှင့် သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီးသောက်ရသည်။(အရှင်နာဂသိန်ဆေးကျမ်းအဆို)
နှာခေါင်းသွေးလျှံသွေးကျခြင်း
အမြစ်ကိုသွေး၍ရှူပေးရသည်။
လျှာအနာအဖုအပိန့်
အမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်ကာ လျှာနာကိုနှိုက်ပေးရသည်။
ဝဲစို၊ဝဲခြောက်၊ပေါင်းခြံကွဲနာ
အမြစ်ကိုသွေးပြီးလိမ်းပေးပါက ပျောက်ကင်းစေသည်။
ဝမ်းကိုက်ရောဂါ
အရွက်ကိုပါးပါးလှီပြီးသုပ်စားပေးပါက ဝမ်းကိုက်ပျောက်ပြီး၊ဝမ်းကိုလည်းကောင်းစေသည်။
ရင်ဘတ်နာ
အရွက်ကို နွားနို့နှင့်ပြုတ်ပြီးသော်ကပေးပါက ရင်ဘတ်နာဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ပန်းနာရင်ကျက်
ဇော်ဂျီတောင်ဝှေးအရွက်နှင့်အရိုးကို ပြုတ်ကျိုပြီး နေ့စဉ်နံက်တစ်ခွက်ညတစ်ခွက်နေ့စဉ်သောက်ပါက ပန်းနာရောဂါသက်သာပြီးပျောက်ကင်းစေပါသည်။ ထိုပြင်အရွက်နှင့်အရိုးကိုအခြောက်လှန်းပြီး ရေနွေး တွင ်ခပ်သောက်ပေးပါက ပန်းနာမထဘဲ စိတ်ချရသည်ဟု ညွှန်းဆိုသည်လည်းရှိပါသည်။
ကိုးကား
မြန်မာဆေးဝါးပင်များ/လက်တစ်ကမ်းမှဆေးစွမ်းများ
ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply