ဒါကိုမြင်ပြီးလန့်မသွားနဲ့ဦးမယားကြီးလိုနေတတ်ရမယ်ဆိုတာက မယားကြီးတွေဟာ အိမ်ထောင့်တာဝန် ချက်ရေးပြုတ်ရေး၊လျှော်ရေးဖွတ်ရေးကအစ ကလေးတာဝန်နောက်ဆုံး နှစ်ဖက်မိဘ ဆွေမျိုးယောက္ခမတွေအတွက်ပါ သိတတ် လိမ္မာတတ်နဲ့လင်ယောက်ျား စီးပွားရှာချိန်မှာ နောက်ဆံမတင်းရလေအောင် သိပ်ကိုတော်ကြတဲ့ အမျိုးသမီးတွေဖြစ်တယ်။
အဲ့လို ယောက်ျားပေါ်အလိုက်သိလွန်းပြီး အိမ်ထောင့်တာဝန် ကလေးတာဝန် မိဘတာဝန်တွေကျေပွန်လွန်းတဲ့အခါ“အော်… ငါ့အပေါ် သူသိတတ်လွန်းပါလား ငါ့ကြောင့်ပင်ပန်းလွန်းပါလား သူ့ကြောင့်သာ ငါစိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါလား” လို့တွေးပြီး ကျေးဇူးတင်တတ်တဲ့ယောက်ျားမျိုးရှိပေမယ့် ရှားတယ်။
အမှောင်ထဲတိုးဝင်စမှာ မသိကြပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ကမိန်းမလောက် အနွံတာမခံဘူး မိန်းမမပီသဘူးဆိုတာတွေ သိလာကြပေမယ့်မှားပြီးသားအခြေအနေကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အနေအထားတွေကြောင့် သိရက်နဲ့ ဆက်မိုက်ကြတဲ့ယောက်ျားတွေလည်းရှိတယ်
အဓိကပြောချင်တာကတော့ လင်ယောက်ျားကို စိတ်အေးချမ်းသာစွာ ထားနိုင်တဲ့ အိမ်ထောင်မှုမလစ်ဟင်းတဲ့ မယားကြီးလိုနေပါလို့မယားငယ်လိုနေပါဆိုတာ များသောအားဖြင့် ယောက်ျားတွေဟာ သူတို့အလှအပကို မက်မောလို့ ချိုသာတဲ့အပြောအဆိုတွေကို နှစ်သက်လို့သူတို့အနားရောက်လာတာလို့ မယားငယ်အများစုက လက်ခံထားတဲ့အတွက် အိမ်ထောင်မှုနိုင်နင်းဖို့ဆိုတာ သူတို့အတွက် သိပ်မလိုဘူးလို့ တွေးမြင်တတ်ကြတယ်။
ယောက်ျားကပင်ပင်ပန်းပန်း ရှာထားတဲ့ပိုက်ဆံတွေကို မယားကြီးကသာ ချွေတာတန်ဖိုးထားပြီး သုံးကြပေမယ့် မယားငယ်တွေကတော့အလှအပအတွက် အဲ့ပိုက်ဆံတွေကို အလကားရသလို သုံးပစ်နိုင်စွမ်းရှိကြတယ်။
မယားငယ်ကပိုတန်ဖိုးရှိသယောင် ထင်မြင်ကြတယ် မယားငယ်ကလည်း ဆန်ပေးမှဆီရမယ့် အချိုးမျိုးချိုးထားတာကိုးယောက်ျားတွေကလည်း ခက်ခက်ခဲခဲရမှ တန်ဖိုးရှိတယ်ထင်ကြလေတော့ မယားငယ်က တန်ဖိုးရှိပြီးရင်းရှိ မယားကြီးက တန်ဖိုးမဲ့ပြီးရင်းမဲ့ဖြစ်လာတာပဲ။
ပြောချင်တာကတော့ မယားငယ်လိုလည်း လှတပတနေ တခါတလေ ယောက်ျားကို အပူပေးတန်တာလည်းပေး ဆိုးသင့်တာလည်းဆိုးပေါ့အပူမရှိတဲ့ယောက်ျားက အပူရှာချင်ကြလွန်းလို့ မယုံမရှိလေနဲ့ ကိုယ့်ယောက်ျား ကိုယ့်ချစ်သူကို ချစ်ရင် သူများနောက်မပါစေချင်ရင်#မယားကြီးလိုလည်းနေတတ်ရမယ်
#Credit
“ မိန်းမဆိုတာ ” မယားကြီးလိုလည်း နေတတ်ရမယ်၊မယားငယ်လိုလည်း နေတတ်ရမယ်
ဒါကိုမြင်ပြီးလန့်မသွားနဲ့ဦးမယားကြီးလိုနေတတ်ရမယ်ဆိုတာက မယားကြီးတွေဟာ အိမ်ထောင့်တာဝန် ချက်ရေးပြုတ်ရေး၊လျှော်ရေးဖွတ်ရေးကအစ ကလေးတာဝန်နောက်ဆုံး နှစ်ဖက်မိဘ ဆွေမျိုးယောက္ခမတွေအတွက်ပါ သိတတ် လိမ္မာတတ်နဲ့လင်ယောကျ်ား စီးပွားရှာချိန်မှာ နောက်ဆံမတင်းရလေအောင် သိပ်ကိုတော်ကြတဲ့ အမျိုးသမီးတွေဖြစ်တယ်။
အဲ့လို ယောကျ်ားပေါ်အလိုက်သိလွန်းပြီး အိမ်ထောင့်တာဝန် ကလေးတာဝန် မိဘတာဝန်တွေကျေပွန်လွန်းတဲ့အခါ“အော်… ငါ့အပေါ် သူသိတတ်လွန်းပါလား ငါ့ကြောင့်ပင်ပန်းလွန်းပါလား သူ့ကြောင့်သာ ငါစိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါလား” လို့တွေးပြီး ကျေးဇူးတင်တတ်တဲ့ယောကျ်ားမျိုးရှိပေမယ့် ရှားတယ်။
အများစုက သူ့ကြောင့်ကိုယ်အေးဆေးစီးပွားရှာနိုင်တာကို မတွေးပဲအိမ်ထောင့်တာဝန်ပိပြီး အလှမပြင်နိုင် သာမာန်ထက် ဆယ်ဆလောက်အိုမင်းနေတဲ့ အိမ်သူသက်ထားကို ပိုက်ဆံအပ်ရတာသူတို့အတွက် မဟာနစ်နာမှုကြီးလို ထင်မြင်တတ်ကြတာပဲ အဲ့အခါ အိမ်အပြင်ထွက်ပြီး အပျော်ရှာတယ်အငယ်အနှောင်းထားတယ်ပေါ့။
အမှောင်ထဲတိုးဝင်စမှာ မသိကြပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ကမိန်းမလောက် အနွံတာမခံဘူး မိန်းမမပီသဘူးဆိုတာတွေ သိလာကြပေမယ့်မှားပြီးသားအခြေအနေကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အနေအထားတွေကြောင့် သိရက်နဲ့ ဆက်မိုက်ကြတဲ့ယောကျ်ားတွေလည်းရှိတယ်
အဓိကပြောချင်တာကတော့ လင်ယောကျ်ားကို စိတ်အေးချမ်းသာစွာ ထားနိုင်တဲ့ အိမ်ထောင်မှုမလစ်ဟင်းတဲ့ မယားကြီးလိုနေပါလို့မယားငယ်လိုနေပါဆိုတာ များသောအားဖြင့် ယောကျ်ားတွေဟာ သူတို့အလှအပကို မက်မောလို့ ချိုသာတဲ့အပြောအဆိုတွေကို နှစ်သက်လို့သူတို့အနားရောက်လာတာလို့ မယားငယ်အများစုက လက်ခံထားတဲ့အတွက် အိမ်ထောင်မှုနိုင်နင်းဖို့ဆိုတာ သူတို့အတွက် သိပ်မလိုဘူးလို့ တွေးမြင်တတ်ကြတယ်။
သူတို့အလုပ်က မလှတဲ့မျက်နှာကို လှအောင်ပြင်မယ် ရွဲနေတဲ့ဘော်ဒီကို ပိုမရွဲအောင်လေ့ကျင့်ခန်းတွေလုပ်မယ် အလှပြင်ဆိုင်သွားမယ်။
လျှပ်ပေါ်လော်လီတဲ့ အဝတ်တွေ sexy ကျမယ့် အဝတ်တွေ ရှာဝယ်ကြမယ် ဒီလောက်ပဲသူတို့သိတယ်။
ယောကျ်ားကပင်ပင်ပန်းပန်း ရှာထားတဲ့ပိုက်ဆံတွေကို မယားကြီးကသာ ချွေတာတန်ဖိုးထားပြီး သုံးကြပေမယ့် မယားငယ်တွေကတော့အလှအပအတွက် အဲ့ပိုက်ဆံတွေကို အလကားရသလို သုံးပစ်နိုင်စွမ်းရှိကြတယ်။
ယောကျ်ားတွေကလည်း အိမ်ပြန်လာချိန်မှာဆံပင်စုတ်ဖွား ဟင်းနံ့တနံနံနဲ့ ကလေးတာဝန် လူမှုရေး စီးပွားရေး တိုင်ပင်တတ်တဲ့ မယားကြီးထက် အချိုရည်အေးအေးလေးဖျော်ပြီးအပြုံးနဲ့ဆီးကြိုတတ်တဲ့ အမြဲလှနေတဲ့ မယားငယ်ကို ပိုသာယာတတ်ကြတယ်။မယားကြီးဆီကရနေတဲ့ မေတ္တာတွေ သစ္စာတွေ သူမမြင်တော့ဘူး
အလကားလိုရနေတာကိုး မယားငယ်ကျတော့ ဟိုဟာပူဆာ ဒီဟာချူစားလုပ်နေပေမယ့် မငြိုငြင်ကြဘူး လက်မတွန့်ကြဘူး။
မယားငယ်ကပိုတန်ဖိုးရှိသယောင် ထင်မြင်ကြတယ် မယားငယ်ကလည်း ဆန်ပေးမှဆီရမယ့် အချိုးမျိုးချိုးထားတာကိုးယောကျ်ားတွေကလည်း ခက်ခက်ခဲခဲရမှ တန်ဖိုးရှိတယ်ထင်ကြလေတော့ မယားငယ်က တန်ဖိုးရှိပြီးရင်းရှိ မယားကြီးက တန်ဖိုးမဲ့ပြီးရင်းမဲ့ဖြစ်လာတာပဲ။
ပြောချင်တာကတော့ မယားငယ်လိုလည်း လှတပတနေ တခါတလေ ယောကျ်ားကို အပူပေးတန်တာလည်းပေး ဆိုးသင့်တာလည်းဆိုးပေါ့အပူမရှိတဲ့ယောကျ်ားက အပူရှာချင်ကြလွန်းလို့ မယုံမရှိလေနဲ့ ကိုယ့်ယောကျ်ား ကိုယ့်ချစ်သူကို ချစ်ရင် သူများနောက်မပါစေချင်ရင်#မယားကြီးလိုလည်းနေတတ်ရမယ်
#မယားငယ်လိုလည်းနေတတ်ရမယ်။လွယ်တော့မလွယ်ဘူး သရုပ်ဆောင်နိုင်ရမှာပေါ့…။
#Credit
Be the first to comment
Leave a Reply
Your email address will not be published.
*