သမီးရှိတဲ့မိခင်များ ငယ်စဉ်ကတည်းက ကိုယ့်သမီးတွေကိုပြောပြထားသင့်တဲ့ အကြောင်းအရာ(၄)ခု…
မိခင်ဖြစ်သူကသမီးလေးတွေကိုငယ်စဉ်ကတည်းက ပြောပြထားသင့်တဲ့အကြောင်းအရာ(၄)ခုအမေဆိုတာသမီးတွေရဲ့အရင်းနှီးဆုံးသူငယ်ချင်းကောင်းလို့လည်း ပြောလို့ရပါတယ်မိန်းကလေးတွေရဲ့ဘဝကထိလွယ်ရှလွယ်တာကြောင့်တချို့
အရာတွေကိုသမီးတွေငယ်စဉ်ကတည်းကနေ ပြောပြထားပေးသင့်ပါတယ်နော်အဲဒီလိုမှသာအရွယ်ရောက်လာတဲ့အခါစိတ်ဓါတ်ခိုင်မာပြီး ပျော်ရွှင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ။ ငြင်းဆန်တတ်ဖို့မိဘတွေကကလေးတွေကို
ယဉ်ကျေးအောင်တခြားသူတွေကို လေးစားမှုထားတတ်အောင်သင်ပေးပါတယ်ယဉ်ကျေးတတ်ဖို့၊ လေးစားတတ်ဖို့အပြင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်အောင်သင်ကြားပေးဖို့လည်းအရေးကြီးပါတယ်ကမ္ဘာတစ်ဝှမ်းလုံးမှာကလေး
တွေကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောနေ့စဉ်စော်ကားခံနေရပါတယ်စိတ်ပညာရှင်တွေရဲ့အဆိုအရကလေးတွေရဲ့လုံခြုံရေးအတွက် ငြင်းဆန်တတ်တဲ့စကားတွေသင်ပေးဖို့တိုက်တွန်းထားပါတယ်၂။အလှအပအပေါ်တန်ဖိုးထားမှု
လေ့လာချက်တွေအရအမေကမျိုးရိုးကြောင့်မဟုတ်ဘဲအဝလွန်နေရင်သမီးတွေကလည်းကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်တတ်ကြတယ်လို့ဆိုပါတယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းရာကနေစိတ်ဖိစီးမှုတွေပါဖြစ်လာစေပါတယ်
အဲဒါကြောင့်အမေကိုယ်တိုင်ကသမီးတွေအားကျရလောက်အောင်လှပနေသင့်ပါတယ်ဘာ့ကြောင့်လဲဆိုတော့မိန်းကလေး တစ်ယောက်အတွက်အလှအပကလည်းအရေးပါလို့ပါ၃။လိုအပ်တဲ့အချိန်မှာအကူအညီတောင်းတတ်ဖို့ထက်မြက်တဲ့
အမျိုးသမီးတွေကကိုယ့်အားကိုယ်ကိုးပြီးနှစ်ပေါင်းများစွာရပ်တည်နိုင်ကြပါတယ်ဒါပေမယ့်ကလေးအရွယ်မှာတော့အကူအညီတောင်းတတ်ဖို့ကလိုအပ်ပါတယ်အကူအညီတောင်းတယ်ဆိုတိုင်းအမြဲတမ်းသူများကိုအားကိုးတာကိုဆိုလိုတာမဟုတ်ပါဘူး
အကူအညီတောင်းတာကအားနည်းချက်တစ်ခုလည်းမဟုတ်ပါဘူးတစ်ခါတရံမှာကိုယ်တိုင်မလုပ်နိုင်တဲ့အရာတွေရှိတဲ့အခါအကူအညီတောင်းဖို့လိုသလိုကိုယ်ကလည်းပြန်ကူညီပေးဖို့လိုအပ်ကြောင်းပြောပြထားသင့်ပါတယ်၄။ပျော်ရွှင်မှုကိုရှာဖွေ
မယ့်အစားကိုယ်တိုင်ဖန်တီးယူတတ်ဖိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသူတွေကပျော်ရွှင်မှုကိုသူများကပေးမှရမယ်လို့ထင်တတ်ကြပါတယ်အဲဒီအခါပျော်ရွှင်မှုအတွက်တစ်ဖက်သားကို အမြဲတမ်းမှီခိုသွားတတ်ကြပါတယ်တကယ်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကိုယ်တိုင်ပဲဖန်တီးနိုင်တာပါအဲဒါကြောင့်
အကောင်းမြင်စိတ်ကျေးဇူးသိတတ်ခြင်းနဲ့လေးစားမှုရှိခြင်းပျော်ပျော်နေတတ်ခြင်းလိုက်လျောညီထွေနေတတ်ခြင်းနေ့စဉ်လေ့ကျင့်ခန်းနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစတာတွေကလူတစ်ယောက်မှာမဖြစ်မနေလိုအပ်ကြောင်းသင်ပေးပါသင့်ရဲ့ကလေးကိုဘယ်အရာပဲသင်ပေးသင်ပေးသင်ကကလေးရဲ့စံပြလူသားဖြစ်နေမှာပါပဲ …crd