အပျိုဖော်ဝင်ခါစ ဆယ်တန်းတက်နေတဲ့ ၁၆နှစ်အရွယ် သမီးအခန်းထဲကို အ‌ဖေဖြစ်သူ ဝင်ကြည့်လိုက်ရာမှ…

အပျိုဖော်ဝင်ခါစ ဆယ်တန်းတက်နေတဲ့ ၁၆နှစ်အရွယ် သမီးအခန်းထဲကို အ‌ဖေဖြစ်သူ ဝင်ကြည့်လိုက်ရာမှ…

အခန်းက သပ်ရပ်နေပြီးစားပွဲပေါ်မှာစာတစ်စောင်တင်ထားတာတွေ့လိုက်ပါတယ် စာကို ဖတ်ကြည့်တဲ့အခါ ချစ်သောဖေဖေ ဒီစာကိုရေးရတဲ့အတွက်စိတ်မကောင်းပါဘူး ။

ဖေဖေနဲ့ မေမေကို တကယ်ချစ်ပါတယ်။ သို့ပေမယ့် သမီးရဲ့ ချစ်သူနောက်ကို အပြီး လိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေသူကသမီးအပေါ် ကောင်းပါတယ်။အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေဘယ်လောက်ပဲများများ သူသမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။

သမီးထက် ၁၄ နှစ် ပိုကြီးတယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီလို့ ကတိပေး ထားတယ်။ သူကတိဖျက်တာ ၁၅ခါမကပေမယ့် ဒီတစ်ခါတော့နောက်ဆုံးဖြစ်မယ်လို့သမီး ယုံကြည်တယ်လေ။

သမီးမှာလည်း ကိုယ်ဝန် ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှမဖြစ်ပါဘူး။ ကလေးတွေ အများကြီးမွေးပြီး ဘဝတည်ေ ဆာက်ဖို့လည်း သမီးဆန္ဒရှိတယ်သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင် မရှိဘူးဆိုတာမှန်ပါတယ်။

သို့ပေမယ့် မြို့မှာ သူဆေး၆ ဖြန့်တော့မယ်လေ။ သမီးကို ချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့ တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူး ဆပ်မှာပါ။

ဖေဖေ့ကိုလည်း ချစ်တယ်။ ချစ်သူကိုလည် ချစ်တယ်။ ဒီတော့သမီးပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။ ချစ်ခြင်းများစွာဖြင့်အဖေ့ရဲ့ သမီးစာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်သူဟာ လက်တွေတောင်ကတုန်ကရင် ဖြစ်လာပါတယ် ။

စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ် PS: ဖေဖေရေ။ အပေါ်ကရေးထားသမျှ တစ်ခုမှမမှန်ပါဘူးနော်။

အခု သမီးဘေးက သူငယ်ချင်း အိမ်မှာ လောကမှာ ထင်ထားတာတွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေးတယ်

ဆိုတာကို သမီး ပြောပြချင်တာပါ…..လောလောဆယ် စားပွဲ အံဆွဲထဲမှာ ကျောင်းကပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထားတယ်ဖေဖေ။

အမှတ်နဲ့ အဆင့်ကို မကြည့်ပဲလက်မှတ် ထိုးပေးနော်။သမီးကို ချစ်လို့ စိတ်ဆိုးပြေရင်ဖုန်းဆက်ခေါ်လိုက်နော်….။

I love you Daddy ခရက်ဒစ်ရယ်မောပျော်ရွှင်နိုင်ကြပါစေ….။

အပ်ိဳေဖာ္ဝင္ခါစ ဆယ္တန္းတက္ေနတဲ့ ၁၆ႏွစ္အရြယ္ သမီးအခန္းထဲကို အ‌ေဖျဖစ္သူ ဝင္ၾကည့္လိုက္ရာမွ…

အခန္းက သပ္ရပ္ေနၿပီးစားပြဲေပၚမွာစာတစ္ေစာင္တင္ထားတာေတြ႕လိုက္ပါတယ္ စာကို ဖတ္ၾကည့္တဲ့အခါ ခ်စ္ေသာေဖေဖ ဒီစာကိုေရးရတဲ့အတြက္စိတ္မေကာင္းပါဘူး ။

ေဖေဖနဲ႔ ေမေမကို တကယ္ခ်စ္ပါတယ္။ သို႔ေပမယ့္ သမီးရဲ့ ခ်စ္သူေနာက္ကို အၿပီး လိုက္သြားပါၿပီ။ စိတ္မဆိုးပါနဲ႔ ေဖေဖသူကသမီးအေပၚ ေကာင္းပါတယ္။အျပင္ပန္းက တက္တူးေတြ၊ ေဆးမင္ေၾကာင္ေတြဘယ္ေလာက္ပဲမ်ားမ်ား သူသမီးကို တကယ္ခ်စ္တာ ခံစားမိပါတယ္။

သမီးထက္ ၁၄ ႏွစ္ ပိုႀကီးတယ္ေလ။ အိမ္ေထာင္ကြဲေပါ့။ သို႔ေပမယ့္ သူ႔ဇာတ္လမ္းေတြ ပ်က္သြားၿပီလို႔ ကတိေပး ထားတယ္။ သူကတိဖ်က္တာ ၁၅ခါမကေပမယ့္ ဒီတစ္ခါေတာ့ေနာက္ဆုံးျဖစ္မယ္လို႔သမီး ယုံၾကည္တယ္ေလ။

သမီးမွာလည္း ကိုယ္ဝန္ ရွိေနၿပီေလ။ ငယ္ေသးေပမယ့္ ဒီအရြယ္မွာ ေမြးလို႔ ဘာမွမျဖစ္ပါဘူး။ ကေလးေတြ အမ်ားႀကီးေမြးၿပီး ဘဝတည္ေ ဆာက္ဖို႔လည္း သမီးဆႏၵရွိတယ္သူလည္း ဒီတိုင္းပဲေလ။ ဒီအတြက္ ေဖေဖ စိတ္မပူပါနဲ႔။ သူ႔မွာ အလုပ္အကိုင္ မရွိဘူးဆိုတာမွန္ပါတယ္။

သို႔ေပမယ့္ ၿမိဳ႕မွာ သူေဆး၆ ျဖန႔္ေတာ့မယ္ေလ။ သမီးကို ခ်စ္ရင္ ဘယ္သူမွ မသိေစနဲ႔ေနာ္။ သမီးတို႔ ခ်မ္းသာတဲ့ တစ္ေန႔က် ေဖေဖတို႔ကို ျပန္ေက်းဇူး ဆပ္မွာပါ။

ေဖေဖ့ကိုလည္း ခ်စ္တယ္။ ခ်စ္သူကိုလည္ ခ်စ္တယ္။ ဒီေတာ့သမီးပိုခ်စ္ရတဲ့ ခ်စ္သူဆီကိုပဲ လိုက္သြားပါၿပီ အေဖ။ ခ်စ္ျခင္းမ်ားစြာျဖင့္အေဖ့ရဲ့ သမီးစာဖတ္ၿပီးခ်ိန္ ေဒါသႀကီးလွတဲ့ အေဖျဖစ္သူဟာ လက္ေတြေတာင္ကတုန္ကရင္ ျဖစ္လာပါတယ္ ။

စာကို ဆုပ္ျဖဲမယ္အလုပ္ ေအာက္နားမွာ စာနည္းနည္း ထပ္ေရးထားတာ ေတြ႕ေတာ့ ဆက္ဖတ္မိပါတယ္ PS: ေဖေဖေရ။ အေပၚကေရးထားသမၽွ တစ္ခုမွမမွန္ပါဘူးေနာ္။

အခု သမီးေဘးက သူငယ္ခ်င္း အိမ္မွာ ေလာကမွာ ထင္ထားတာေတြ (သမီး ရီပို႔ကဒ္) ထက္ အရမ္းဆိုးရြားတဲ့ အရာေတြ ရွိေသးတယ္

ဆိုတာကို သမီး ေျပာျပခ်င္တာပါ…..ေလာေလာဆယ္ စားပြဲ အံဆြဲထဲမွာ ေက်ာင္းကေပးတဲ့ ရီပို႔ကဒ္ ( Report card ) ထားထားတယ္ေဖေဖ။

အမွတ္နဲ႔ အဆင့္ကို မၾကည့္ပဲလက္မွတ္ ထိုးေပးေနာ္။သမီးကို ခ်စ္လို႔ စိတ္ဆိုးေျပရင္ဖုန္းဆက္ေခၚလိုက္ေနာ္….။

I love you Daddy ခရက္ဒစ္ရယ္ေမာေပ်ာ္ရႊင္နိုင္ၾကပါေစ….။

Be the first to comment

Leave a Reply

Your email address will not be published.


*