လာဘ်ပိတ်ပြီး ဘုန်းကံနိမ့်စေသော အလေ့ဆိုးများ….
လာဘ်ပိတ်ပြီး ဘုန်းကံနိမ့်စေသော အလေ့ဆိုးများ….
အစဉ်ရှောင်ကြဉ်ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဘုရားခန်း တွင် လင်မယားနှစ်ယောက် မအိပ်ရ
(၂) ယောင်္ကျား၏ညာဘက်တွင်မိန်းမ မအိပ်ရ …။
(၃) နံနက်၄ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည် လူအများ၏ ကောင်းမှုမကောင်းမှုကို ကြည့်ရှုသော အချိန်ဖြစ်သည်။
ထို အချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည် …။
(၄) မိမိ အိပ်သောခုတင်ထက် သို့မဟုတ် အိပ်ရာထက်မြင့်သော နေရာတွင် ထဘီတန်းမပြုလုပ်ရ။ သားသမီးခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ …။
(၅) မိမိ အိပ်ရာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ …။
(၇) မိမိအိမ်ရှေ့ အပေါက်ဝတွင် မေးကို လက်ဆထာက်ပြီးမထိုင်ရ မမှိုင်ရ …။
(၈) မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ဆံပင်ဖားလားချ၍ သန်းဥ မဆွဲရ …။
(၉) မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ …။
(၁၀) နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ …။
(၁၁) နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့….အော့….အော့ ဟု မလုပ်ရ …။
(၁၂) ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသောအဝတ် လေပွေဖြင့်လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသော အဝတ် ၎င်းအဝတ်များကို လူတို့မဝတ်ကောင်းပါ …။
(၁၃) အိမ်ပေါ်တွင် လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက်ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ …။
(၁၄) ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍ လှုပ်၍ မစားရ ငြိမ်သက်စွာ ညီညာစွာထားပြီးမှ စားရမည် ထမင်းစားခုံကို လက်ထောက်၍ မစားရ …။
(၁၅) ထမင်းစား၍သော လည်းကောင်း အခြားအစားစာများ စား၍သော လည်းကောင်း
စားရာတွင် ပါးစပ်မှ ပလပ်…ပလပ် မည်အောင် ခွေးများ ထမင်းရည်သောက် သကဲ့သို့ အသံမမြည်စေရ …။
(၁၆) လမ်းလျှောက်စဉ်.. ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ …။
(၁၇) မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ …။
(၁၈) နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ …။
(၁၉) နံနက်စောစော နှင် ညဘက် တွင် လေမချွန်ရ …။
မိမိသိသော အရာလေးများကို ဝေမျှလိုက်ပါတယ်နော် …။crd
(၃) နံနက်၎ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည် လူအများ၏ ကောင်းမှုမကောင်းမှုကို ကြည့်ရှုသော အချိန်ဖြစ်သည်။
(၆) မိ မိေ နထိုင်ရာထက်မြင့်ေသာ နေရာတွင်ျဖာ ေမွ႕ရာ ေစာင်ျမား လွမ်းခြင်းမပြဳလုပ်ရ …။
Be the first to comment
Leave a Reply
Your email address will not be published.
*