ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့်အချက်များ…

ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့်အချက်များ…

၁ နေရာလွတ်ပြည့်နေခြင်း

Storage 16GB လောက်ကို 500MB လောက်ပဲ ကျန်အောင် ပြွတ်သိပ်သွင်းထားမယ်ဆိုရင်တော့ သင့်ဖုန်းလေးလံလာမှာအမှန်ပါပဲဖုန်းထဲမှာ ရှိနေတဲ့ App cache တွေကလည်း နေရာအများကြီးယူပါတယ်။ ဒီတော့ အသုံးမလိုတဲ့ App တွေကိုဖျက်ပစ်ပါ Junk File တွေ Cache file တွေကို နေ့စဉ် ဖုန်းမှာ နဂိုပာဝင်တဲ့ Cleaner နဲ့ရှင်းလင်းပေးပါ

၂ Live wallpaper

Live wallpaper တွေဟာ background မှာ အစဉ်အမြဲအလုပ်လုပ်နေတာဖြစ်တဲ့အတွက် Ram ထဲမှာ တစ်ချိန်လုံးနေရာယူထားပြီး ဘတ္တရီကိုလည်း အချိန်နဲ့အမျှစားသုံးနေပါတယ်

ဒီတော့ live wallpaper ကအမြဲတမ်း Ram ထဲမှာနေရာယူထားတဲ့အတွက် အခြား app တွေ ဖွင့်မယ်ဆိုရင် ဖုန်းကလိုအပ်တဲ့ Ram ပမာဏထက်ကိုပိုသုံးစွဲနေမှာဖြစ်ပါတယ်ဒီတော့ ဖြစ်နိုင်ရင် Live wallpaper အစား သာမန်Wallpaper လေးတစ်ခုတင်ထားတာက သင့်ဖုန်းကို ပိုမို သွက်လက်စေပါလိမ့်မယ်

၃ Update လုပ်ပါ

System ပဲ ဖြစ်ဖြစ် ၊ App တွေ ပဲ ဖြစ်ဖြစ် နောက်ဆုံးထွက် ဗားရှင်းကို update လုပ်ပေးပါ
update လုပ်ခြင်းဟာ စနစ်ရဲ့ယိုယွင်းနေတဲ့ နေရာတွေကို ပြင်ဆင်ပြီးသားဖြစ်တဲ့အပြင် ဘတ္ထရီစားနှုန်းနဲ့ Ram သုံးစွဲမှုနှုန်းကိုလည်းလျော့ကျစေပါတယ်

၄ Cleaner နဲ Battery ဆော့ဝဲများ

နဂိုပါရှိတဲ့ Cleaner ကလွဲ ပြီး အခြား Cleaner တွေထပ်မထည့်ပါနဲ့။Third Parties software တွေဖြစ်တဲ့ DU cleaner တို့ DX Booster တို့ အစရှိတဲ့ဆော့ဝဲတွေဟာ ဖုန်းမြန်ဆန်စေတယ်လို့ကြေငြာထားပေမယ့်

တကယ်တမ်းမှာတော့ Background မှာ အမြဲတမ်းအလုပ်လုပ်နေတဲ့ဆော့ဝဲတွေ ဖြစ်တဲ့အတွက် ဖုန်းအားကုန်နှုန်းပိုမြန်လာမှာဖြစ်ပြီးRam ပမာဏအချို့ကို နေရာယူထားတာကြောင့် ဖုန်းလည်း လေးလံလာပါလိမ့်မယ်။ Battery အားအမြန်ပြည့်တဲ့ဆော့ဝဲတွေဆိုတာလည်း

ဒီနည်းအတိုင်းတီထွင်ထားတဲ့ဆော့ဝဲတွေပါပဲ။ တကယ်လို့ ဖုန်းအားအမြန်ပြည့်ချင်ရင်တော့ ဘာဆော့ဝဲမှ မသုံးပဲ Flight mode ချပြီးတော့ screen off ထားကာ အားသွင်းထားပါ

၅ Lite software

Lite sotfware တွေဟာ ဖုန်းထဲမှာနေရာအနည်းငယ်သာယူတဲ့အပြင် လုပ်ဆောင်နှုန်းအလွန်မြန်တဲ့ဆော့ဝဲတွေဖြစ်ကြပ်တယ်။Facebook App သုံးတာက သင့်အတွက် Facebook ကိုရာနှုန်းပြည့် ခံစားနိုင်စွမ်းပေးစွမ်းနိုင်တယ်ဆိုပေမယ့်လည်း နေရာ အလွန်ယူတဲ့ဆော့ဝဲတစ်ခုပါ

ဒီအစား Facebook lite သုံးမယ်ဆိုရင်တော့ storage နေရာယူမှု အလွန်လျော့ကျသွားမယ့်အပြင် Ram သုံးစွဲမှုလည်း နည်းပါးလာမှာဖြစ်ပြီးအင်တာနက်အသုံးစရိတ်လည်းလျော့ကျလာမှာဖြစ်ပါတယ်။

credit

ဖုန္းသုံးသူတိုင္းသိထားသင့္တဲ့ ဖုန္းေလးလံျခင္းကို ေျဖရွင္းေပးနိုင္မယ့္အခ်က္မ်ား…

၁ ေနရာလြတ္ျပည့္ေနျခင္း

Storage 16GB ေလာက္ကို 500MB ေလာက္ပဲ က်န္ေအာင္ ႁပြတ္သိပ္သြင္းထားမယ္ဆိုရင္ေတာ့ သင့္ဖုန္းေလးလံလာမွာအမွန္ပါပဲဖုန္းထဲမွာ ရွိေနတဲ့ App cache ေတြကလည္း ေနရာအမ်ားႀကီးယူပါတယ္။ ဒီေတာ့ အသုံးမလိုတဲ့ App ေတြကိုဖ်က္ပစ္ပါ Junk File ေတြ Cache file ေတြကို ေန႔စဥ္ ဖုန္းမွာ နဂိုပာဝင္တဲ့ Cleaner နဲ႔ရွင္းလင္းေပးပါ

၂ Live wallpaper

Live wallpaper ေတြဟာ background မွာ အစဥ္အျမဲအလုပ္လုပ္ေနတာျဖစ္တဲ့အတြက္ Ram ထဲမွာ တစ္ခ်ိန္လုံးေနရာယူထားၿပီး ဘတၱရီကိုလည္း အခ်ိန္နဲ႔အမၽွစားသုံးေနပါတယ္

ဒီေတာ့ live wallpaper ကအျမဲတမ္း Ram ထဲမွာေနရာယူထားတဲ့အတြက္ အျခား app ေတြ ဖြင့္မယ္ဆိုရင္ ဖုန္းကလိုအပ္တဲ့ Ram ပမာဏထက္ကိုပိုသုံးစြဲေနမွာျဖစ္ပါတယ္ဒီေတာ့ ျဖစ္နိုင္ရင္ Live wallpaper အစား သာမန္Wallpaper ေလးတစ္ခုတင္ထားတာက သင့္ဖုန္းကို ပိုမို သြက္လက္ေစပါလိမ့္မယ္

၃ Update လုပ္ပါ

System ပဲ ျဖစ္ျဖစ္ ၊ App ေတြ ပဲ ျဖစ္ျဖစ္ ေနာက္ဆုံးထြက္ ဗားရွင္းကို update လုပ္ေပးပါ
update လုပ္ျခင္းဟာ စနစ္ရဲ့ယိုယြင္းေနတဲ့ ေနရာေတြကို ျပင္ဆင္ၿပီးသားျဖစ္တဲ့အျပင္ ဘတၳရီစားႏႈန္းနဲ႔ Ram သုံးစြဲမႈႏႈန္းကိုလည္းေလ်ာ့က်ေစပါတယ္

၄ Cleaner နဲ Battery ေဆာ့ဝဲမ်ား

နဂိုပါရွိတဲ့ Cleaner ကလြဲ ၿပီး အျခား Cleaner ေတြထပ္မထည့္ပါနဲ႔။Third Parties software ေတြျဖစ္တဲ့ DU cleaner တို႔ DX Booster တို႔ အစရွိတဲ့ေဆာ့ဝဲေတြဟာ ဖုန္းျမန္ဆန္ေစတယ္လို႔ေၾကျငာထားေပမယ့္

တကယ္တမ္းမွာေတာ့ Background မွာ အျမဲတမ္းအလုပ္လုပ္ေနတဲ့ေဆာ့ဝဲေတြ ျဖစ္တဲ့အတြက္ ဖုန္းအားကုန္ႏႈန္းပိုျမန္လာမွာျဖစ္ၿပီးRam ပမာဏအခ်ိဳ႕ကို ေနရာယူထားတာေၾကာင့္ ဖုန္းလည္း ေလးလံလာပါလိမ့္မယ္။ Battery အားအျမန္ျပည့္တဲ့ေဆာ့ဝဲေတြဆိုတာလည္း

ဒီနည္းအတိုင္းတီထြင္ထားတဲ့ေဆာ့ဝဲေတြပါပဲ။ တကယ္လို႔ ဖုန္းအားအျမန္ျပည့္ခ်င္ရင္ေတာ့ ဘာေဆာ့ဝဲမွ မသုံးပဲ Flight mode ခ်ၿပီးေတာ့ screen off ထားကာ အားသြင္းထားပါ

၅ Lite software

Lite sotfware ေတြဟာ ဖုန္းထဲမွာေနရာအနည္းငယ္သာယူတဲ့အျပင္ လုပ္ေဆာင္ႏႈန္းအလြန္ျမန္တဲ့ေဆာ့ဝဲေတြျဖစ္ၾကပ္တယ္။Facebook App သုံးတာက သင့္အတြက္ Facebook ကိုရာႏႈန္းျပည့္ ခံစားနိုင္စြမ္းေပးစြမ္းနိုင္တယ္ဆိုေပမယ့္လည္း ေနရာ အလြန္ယူတဲ့ေဆာ့ဝဲတစ္ခုပါ

ဒီအစား Facebook lite သုံးမယ္ဆိုရင္ေတာ့ storage ေနရာယူမႈ အလြန္ေလ်ာ့က်သြားမယ့္အျပင္ Ram သုံးစြဲမႈလည္း နည္းပါးလာမွာျဖစ္ၿပီးအင္တာနက္အသုံးစရိတ္လည္းေလ်ာ့က်လာမွာျဖစ္ပါတယ္။

credit

Be the first to comment

Leave a Reply

Your email address will not be published.


*