ကိုယ်တို့ မမွေးခင် က အဖြစ်အပျက်တခု “ဟယ်ရီတန်အရေးအခင်း”…

ကိုယ်တို့ မမွေးခင် က အဖြစ်အပျက်တခု “ဟယ်ရီတန်အရေးအခင်း”…

၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံမှာ အရေးအခင်း တစ်ခု ဖြစ်ခဲ့ဖူးတယ်။

အဲဒီတုန်းက အစိုးရစစ် စာမေးပွဲ ဖြစ်တဲ့ သတ္တမတန်း စာမေးပွဲရဲ့ မေးခွန်းက မဖြေရသေးခင် ဗမာ့ခေတ် သတင်းစာထဲ ပါလာတယ်။

ဒါကြောင့် မေးခွန်း ပေါက်ကြားလို့ ဆိုပြီး အဲဒီနှစ် စာမေးပွဲ ဖျက်သိမ်း ခဲ့တယ်။

အဲဒါကို မကျေနပ်လို့ ကျောင်းသားတွေ ဆန္ဒပြတာကို သေနတ်နဲ့ ပစ်ခတ် နှိမ်နင်း တာကြောင့် စိန်ပေါလ်က ၇တန်း ကျောင်းသား ဟယ်ရီတန် သေဆုံးခဲ့တယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက ဗမာ့ခေတ် သတင်းစာ အယ်ဒီတာတွေကို အရေးယူတာ၊ ကျောင်းသား-ရဲ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဖွဲ့တာတွေ လုပ်ပေးခဲ့ပြီး

အဲဒီနှစ် သတ္တမတန်း စာမေးပွဲကို ဆက်မစစ်တော့ဘဲ ကျောင်းသားတွေ ဝိုင်းရှံ့ချနေတဲ့ ကြားက ဖြေဆိုသူ အားလုံးကို စာမေးပွဲ အအောင် ပေးခဲ့တယ်။

အဲဒီ အချိန်က စပြီး ဟယ်ရီတန် အရေးအခင်း ဖြစ်တဲ့နှစ် ၇ တန်း အောင်တဲ့သူ ဆိုရင် လှောင်စရာ၊ ပြောင်စရာ၊ နှိမ်စရာလို ဖြစ်သွားခဲ့တယ်။

အလုပ် ခန့်တာပဲ ဖြစ်ဖြစ်၊ တခြား အောင်လက်မှတ် ပြရတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဟယ်ရီတန် ၇ တန်းအောင် ဆိုရင် သိပ်ပြီး အရာမသွင်း ချင်ဘူး။

သူ့ဘာသာ ဘယ်လိုပဲ တကယ့် အရည်အချင်းနဲ့ ဖြေခဲ့တာ ပြောပြော အုတ်ရောရော ကျောက်ရောရော ခုနှစ်မှာ ဖြေပြီး အောင်လာတဲ့သူ ဖြစ်လို့ အထင်မကြီး ကြတာ။

ဒါတောင် အဲဒီတုန်းက ကျောင်းသားတွေမှာ ဘာအပြစ်မှ မရှိဘူးနော်။

အစိုးရ စီမံ ခန့်ခွဲမှု အလွဲကြောင့် တကယ် ကြိုးစားခဲ့တဲ့ သူတွေပါ နစ်နာရတာ။

Credit

ကိုယ္တို႔ မေမြးခင္ က အျဖစ္အပ်က္တခု “ဟယ္ရီတန္အေရးအခင္း”…

၁၉၅၆ ခုႏွစ္က ျမန္မာနိုင္ငံမွာ အေရးအခင္း တစ္ခု ျဖစ္ခဲ့ဖူးတယ္။

အဲဒီတုန္းက အစိုးရစစ္ စာေမးပြဲ ျဖစ္တဲ့ သတၱမတန္း စာေမးပြဲရဲ့ ေမးခြန္းက မေျဖရေသးခင္ ဗမာ့ေခတ္ သတင္းစာထဲ ပါလာတယ္။

ဒါေၾကာင့္ ေမးခြန္း ေပါက္ၾကားလို႔ ဆိုၿပီး အဲဒီႏွစ္ စာေမးပြဲ ဖ်က္သိမ္း ခဲ့တယ္။

အဲဒါကို မေက်နပ္လို႔ ေက်ာင္းသားေတြ ဆႏၵျပတာကို ေသနတ္နဲ႔ ပစ္ခတ္ ႏွိမ္နင္း တာေၾကာင့္ စိန္ေပါလ္က ၇တန္း ေက်ာင္းသား ဟယ္ရီတန္ ေသဆုံးခဲ့တယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အစိုးရက ဗမာ့ေခတ္ သတင္းစာ အယ္ဒီတာေတြကို အေရးယူတာ၊ ေက်ာင္းသား-ရဲ ပဋိပကၡ စုံစမ္းေရး ေကာ္မရွင္ ဖြဲ႕တာေတြ လုပ္ေပးခဲ့ၿပီး

အဲဒီႏွစ္ သတၱမတန္း စာေမးပြဲကို ဆက္မစစ္ေတာ့ဘဲ ေက်ာင္းသားေတြ ဝိုင္းရွံ့ခ်ေနတဲ့ ၾကားက ေျဖဆိုသူ အားလုံးကို စာေမးပြဲ အေအာင္ ေပးခဲ့တယ္။

အဲဒီ အခ်ိန္က စၿပီး ဟယ္ရီတန္ အေရးအခင္း ျဖစ္တဲ့ႏွစ္ ၇ တန္း ေအာင္တဲ့သူ ဆိုရင္ ေလွာင္စရာ၊ ေျပာင္စရာ၊ ႏွိမ္စရာလို ျဖစ္သြားခဲ့တယ္။

အလုပ္ ခန႔္တာပဲ ျဖစ္ျဖစ္၊ တျခား ေအာင္လက္မွတ္ ျပရတဲ့ ေနရာမွာပဲ ျဖစ္ျဖစ္ ဟယ္ရီတန္ ၇ တန္းေအာင္ ဆိုရင္ သိပ္ၿပီး အရာမသြင္း ခ်င္ဘူး။

သူ႔ဘာသာ ဘယ္လိုပဲ တကယ့္ အရည္အခ်င္းနဲ႔ ေျဖခဲ့တာ ေျပာေျပာ အုတ္ေရာေရာ ေက်ာက္ေရာေရာ ခုႏွစ္မွာ ေျဖၿပီး ေအာင္လာတဲ့သူ ျဖစ္လို႔ အထင္မႀကီး ၾကတာ။

ဒါေတာင္ အဲဒီတုန္းက ေက်ာင္းသားေတြမွာ ဘာအျပစ္မွ မရွိဘူးေနာ္။

အစိုးရ စီမံ ခန႔္ခြဲမႈ အလြဲေၾကာင့္ တကယ္ ႀကိဳးစားခဲ့တဲ့ သူေတြပါ နစ္နာရတာ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*