နာမည်ကြားလိုက် ရုံနဲ့ ကြက်သီး ထသွားေ စမယ့် မြန်မာနိုင်ငံ မှထူးထူးဆန်းဆန်းမြို့ရွာ များ….
၁။ လေရှီးမြို့။
စဉ်းစားတာက ကောင်းပါတယ်။ ဒါပေမယ့် တချို့အရာတွေကျ ပြောင်းပြန်လှန်ပြီး မစဉ်းစားသင့်ဘူးဆိုတာကို ဒီမြို့နာမည်က သက်သေပြနေပါတယ်။
၂။ စက်စက်ယိုကျေးရွာ။
ဆံရစ်ဝိုင်းကျေးရွာလို့လည်း နာမည်ကြီးတာနဲ့ စက်စက်ယိုကျေးရွာကလည်း နာမည်ဆန်းဆန်းလေးနဲ့ တည်ရှိနေတာပေါ့။ လှချင်လျက် စက်စက်ယိုဆိုတဲ့အတိုင်းပဲ ဒီရွာလေးကတော့ သူတို့ရဲ့အမှတ်အသားနဲ့ သူတို့ လှပနေပါတယ်။
၃။ မိန်းမမြို့။
မြို့နာမည်ကို ဒီတိုင်းနားထောင်ရင်းနဲ့ပဲ ဒီမြို့ကို သွားချင်တဲ့ ယောက်ျားလေးတွေ တော်တော်များမှာပဲနော်။ တကယ်တမ်းမြို့နာမည်အတိုင်း မိန်းမတွေချည်းရှိရင် ဘယ်လောက်တောင် နားငြီးမလဲ စဉ်းစားကြည့်ပေါ့။
၄။ ဘီလူးမြို့။
ဒီမြို့ကတော့ နာမည်နဲ့တင် ယောက်ျားမိန်းမ,မရွေး ကလေးလူကြီးပါမကျန် မြို့ထဲဝင်ချင်စိတ် ပျောက်သွားနိုင်ပါတယ်။
၅။ ထမင်းမစားကျေးရွာ။
အဲ့ဒီရွာကလူတွေ ဘာများစားချင်လဲ သိချင်ပါရဲ့နော်ဆိုပြီး တွေးနေကြမှာပါ။။ ပင်လယ်နဲ့နီးတော့ ငါးတွေ၊ ပုစွန်တွေပဲစားမလား။ ဒါမှမဟုတ် ခေတ်ဆန်ဆန်ပဲ ပါစတာတို့ ဆူရှီတို့စားမလားပေါ့။
၆။ မုန်းမြို့။
ရာဇဝင်ထဲက ဘယ်သူများအသည်းကွဲပြီး အမုန်းတရားတွေနဲ့ ဒီမြို့ကို တည်ခဲ့လားဆိုပြီး စဉ်းစားနေမှာပါ။ မုန်းမြို့သူ၊ မြို့သားတွေကရော မချစ်တတ်ကြဘူးလား။
၇။ အပျိုကြီးတဲစုကျေးရွာ။
ကဲ…. လူပျိုကြီးတို့ရေ ….။ စိတ်ဓာတ်မကျနဲ့တော့နော်။ ဒီကျေးရွာလေးကိုသာ အရောက်သွားလိုက်ရင် တစ်ခုခုတော့ ထူးခြားလာမှာပေါ့။
၈။ ချစ်သူရွာ။
တစ်နည်းအားဖြင့် ပြောရရင်တော့ FA တွေသွားရင် မျက်နှာငယ်ရမယ့်ရွာပေါ့။ တစ်ရွာလုံးချစ်သူတွေ၊ အတွဲတွေချည်းပဲလား??? ရောက်ဖူးတဲ့သူတွေရှိရင် ပြောပြကြပါဦး။
၉။ မီးလောင်ကျေးရွာ။
ဒီရွာထဲကသူတွေ သူတို့ရွာနာမည်နဲ့တင် ညညအိပ်ပျော်မှာမဟုတ်ပါဘူး။ ရှာရှာကြံကြံ မီးလောင်အုပ်စုက မီးလောင်ကျေးရွာတဲ့။
၁၀။ ကြိုက်တာချရွာ။
သားကြီး။ လာ …. ကြိုက်တာချကွာဆိုတဲ့စကားကို ဘီယာဆိုင်မှာပဲ ကြားရမယ်ထင်တာ။ အခုတော့ ရွာလိုက်ကြီးကို ရှိနေတော့တာပဲ။
၁၁။ ပြန်လှည့်ရွာ။
ရောက်တောင်မရောက်သေးဘူး၊ ပြန်လှည့်ခိုင်းနေပြီလား ဒီရွာက။ ပြန်မလှည့်ဘဲ အတင်းများဝင်သွားရင် ဘာတွေများဖြစ်နိုင်မလဲ ချောချောလေးတစ်ယောက်က လာပြောပြပေးပါလား။
၁၂။ လုပ်ပါရွာ။
ဟင့်အင်း… မလုပ်ပါဘူး။ ဘာလုပ်ရမှာလဲ။ ရွာနာမည်နဲ့တင်ကို ကြက်သီးထနေပြီနော်။ အဟင်း အဟင်း….။
၁၃။ ဖုတ်ကုန်းရွာ။
နာမည်နဲ့တင်ကြောက်ဖို့ကောင်းနေတာနော်။ ဒီမြို့ဝင်ဆိုင်းဘုတ်နဲ့ ဓာတ်ပုံလေးဘာလေးသွားရိုက်ထားမှပါ။
၁၄။ ခံဘူးကျေးရွာ။
အင်းပါ။ ရပါတယ်။ ရွာနာမည်ကို ဖတ်လိုက်တာနဲ့ နှုတ်ခမ်းကြီးစူပြီး ပြောနေတာကို မြင်ယောင်၊ ကြားယောင်မိသလို ဖြစ်သွားတာ တော်ရုံစကေးတော့မဟုတ်ဘူး။
၁၅။ ဂွေးပင်လယ်ရွာ။
ရွှေပင်လယ်ကြီးတို့ ငွေပင်လယ်ကြီးတို့ပဲ ကြားဖူးပါတယ်။ ဒီပင်လယ်ကြီးကတော့ ကြောက်ဖို့ကောင်းတယ်နော်။
၁၆။ ပါးရိုက်ကျေးရွာ။
ရွာထဲတောင် မလာရဲတော့ဘူး။ ရွာလုံးကျွတ်များ ပါးရိုက်ပက်စက်လို့ ဒီလိုနာမည်ပေးထားတာလား စဉ်းစားစရာရှိနေပါပြီ။
၁၇။ လင်မလိုကျေးရွာ။
တကယ်လားသေချာတယ်နော်။ အဲ့ဒါဆို ယောက်ျားလေးတွေ အဲ့ဒီရွာကို သွားမလည်ဖို့ ပြောပေးလိုက်မယ်။
၁၈။ ဘောကျေးရွာ။
ရွာထဲတောင် မဝင်ရသေးဘူး၊ ရွာထိပ်ကဆီးကြိုပြီး အဆဲခံရတယ်ဆိုတာ ဒါမျိုးမှအစစ်နော်။
၁၉။ ဘဲကြီးစံပြကျေးရွာ။
ဘဲကြီးရေ…. ကောင်းတာတွေ ဘယ်လောက်အထိများ လုပ်ထားလို့ စံပြဖြစ်နေရတာလဲ။
၂၀။ ဖာဆန်ရွာ။
ဆန်ချင်တာဆန်၊ အဲ့ဒါတော့ မဆန်နဲ့နော် ဆိုသလိုပေါ့။ ဘယ်လိုစိတ်ကူးနဲ့ ရွာနာမည်ကို ဒီလိုပေးထားလဲ သိချင်လိုက်တာနော်။ကျန်နေ သေးလို့ ဘာရွာလဲတော့ မသိဘူး ကြည့်လိုက်တော့ပရိသတ်ကြီးရေ…။
အခုဖော်ပြခဲ့တဲ့ မြို့တွေနဲ့ရွာတွေရဲ့ နာမည်လေးေ တွကတော့ မြန်မာနိုင်ငံအ တွင်းမှာပဲ ရှိနေတာပါနော်။ နာမည်လေးက ဆန်းဆန်းလေးတွေလည်းဖြစ်၊ အခြားအဓိပ္ပါယ် လည်းကောက်လို့ရ၊ ဟာသလ ည်းဆန်တာကြောင့် ပရိသတ်ကြီး အပန်းပြေရယ်မောနိုင်ဖို့အ တွက် အရွှန်းဖောက်ပြီး တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။
credit
၁။ လေရှီးမြို့။
၂။ စက်စက်ယိုကျေးရွာ။
၃။ မိန်းမမြို့။
၎။ ဘီလူးမြို့။
၅။ ထမင်းမစားကျေးရွာ။
၆။ မုန်းမြို့။
၈။ ချစ်သူရွာ။
၉။ မီးလောင်ကျေးရွာ။
၁၀။ ကြိုက်တာချရွာ။
၁၁။ ပြန်လှည့်ရွာ။
၁၂။ လုပ်ပါရွာ။
၁၃။ ဖုတ်ကုန်းရွာ။
၁၄။ ခံဘူးကျေးရွာ။
၁၅။ ဂွေးပင်လယ်ရွာ။
၁၆။ ပါးရိုက်ကျေးရွာ။
၁၇။ လင်မလိုကျေးရွာ။
၁၈။ ဘောကျေးရွာ။
၁၉။ ဘဲကြီးစံပြကျေးရွာ။
၂၀။ ဖာဆန်ရွာ။
credit
Leave a Reply