
ကွမ်းယာစားသူရော ကွမ်းဟာမစားသူတွေအတွက်ပါ ရည်ရွယ်ပြီး ဒီဆေးနည်းလေး ပြန်လည်မျှဝေပါရစေ…
ကွမ်းယာစားသူရော ကွမ်းဟာမစားသူတွေအတွက်ပါ ရည်ရွယ်ပြီး ဒီဆေးနည်းလေး ပြန်လည်မျှဝေပါရစေ။ ကိုယ်တွေ့ပျောက်ကင်းသူရဲ့ ပြောပြချက်အရ ဆေးနည်းကကောင်းတယ် ဆေးအနေနဲ့က လွယ်ကူတယ်။ စစ်ကိုင်းမြို့ ရွာထောင်မီးရထားရပ်ကွက်က ကိုစိုးပိုင်ဆံသ ဆိုရင် မသိသူ နည်းပါးပါမယ်။ သူကိုယ်တိုင်ကလည်း ဗမာဆေးကို တစိုက်မတ်မတ် ဖော်စပ်နေသူတစ်ဦးပါ။
ဆေးဝါးကုသတာ ဝါသနာထုံသူမို့ ကျောက်ကပ်ကျောက်တည်သူ ကိုကျော်သူရဲ့ကိုယ်တွေ့ ကျောက်ကပ်ကျောက်တည်ခြင်းမှ ခံစားခံရတဲ့ဒုက္ခကနေ သက်သာခဲ့တဲ့ဆေးနည်းလေး လာရောက်မျှဝေပေးခဲ့ပါတယ် ။
ခံံတက်ခေါက်နှင့် ဗမာသံပုရာသီးအစစ် ကို အရည်ညှစ်ပြီး စတီးဇွန်း တစ်ဇွန်းစာသွေးသောက်ပါ။ ဆီးကနေ … ကျောက် ကြွေကျလာတာ၃ လုံးခန်.ရကြောင်း၊ အကြီးဆုံးကျောက်ကို ဆေးနည်းပြောရအောင် သိမ်းဆည်းထားတာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ခံတက်ပင် ဖတ်လျှင် ဂဒတ်ပင်ဟု အသံထွက်ပါတယ်။ ခံတက်ချဉ်တို့စရာအဖြစ် လူသိများပါတယ်။
အပင်အမျိူးအစားမှာ အပင်ကြီးမျိုးနွယ်ဖြစ်ပြီးအရွက်မှာ ရာဘာရွက်နှင့်အတော်တူပါတယ်။တပုံစံထဲပါ။ အပင်အောက်ခြေမှာ ပင်ပွားများ ပေါက်နေတတ်ပါတယ်။ အမြစ်ကို တူးယူ၍စိုက်လျှင်အပင်ရှင်ပါတယ်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှာ ပေါများစွာ ပေါက်ရောက်ပါတယ်။ ခံတက်ခေါက်လို့ ရေးထားတာက ခံတက်အပင်၏ အခေါက်ကို ဆိုလိုပါတယ်။
ဆေးအညွန်းမှာ –
ခံံတက်ခေါက်ကို အကြမ်းပန်ကန်တဝက်ခန့် ရအောင်သွေး၍ သံပုရာသီးတစ်လုံး ညစ်ထဲ့၍ သောက်ပါ။ ရောဂါအနုအရင့်ကိုကြည့်၍ ချိန်သောက်ပါ။ ပိုသောက်၍လည်းအန္တရာယ်မရှိပါ။ကိုယ်ခန္ဓာဖောရောင်ခြင်းကိုလည်း သွေးသောက်ခြင်း သွေးလိမ်းခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
ခံတက်ပင်ကို ခြံဝင်းအတွင်း စိုက်ပျိုးခြင်းဖြင့် အတိတ်နမိတ်အရ စီးပွားတတ်စေပါတယ်ရှင်။ လူသားတွေ အားလုံး ရောဂါဘယ ကင်းဝေးစေဖို့ ဆေးနည်းကောင်းလေး မျှဝေပေးလိုက်တာပါ။
Credit
ကြမ္းယာစားသူေရာ ကြမ္းဟာမစားသူေတြအတြက္ပါ ရည္ရြယ္ၿပီး ဒီေဆးနည္းေလး ျပန္လည္မၽွေဝပါရေစ…
ကြမ္းယာစားသူေရာ ကြမ္းဟာမစားသူေတြအတြက္ပါ ရည္ရြယ္ၿပီး ဒီေဆးနည္းေလး ျပန္လည္မၽွေဝပါရေစ။ ကိုယ္ေတြ႕ေပ်ာက္ကင္းသူရဲ့ ေျပာျပခ်က္အရ ေဆးနည္းကေကာင္းတယ္ ေဆးအေနနဲ႔က လြယ္ကူတယ္။ စစ္ကိုင္းၿမိဳ႕ ရြာေထာင္မီးရထားရပ္ကြက္က ကိုစိုးပိုင္ဆံသ ဆိုရင္ မသိသူ နည္းပါးပါမယ္။ သူကိုယ္တိုင္ကလည္း ဗမာေဆးကို တစိုက္မတ္မတ္ ေဖာ္စပ္ေနသူတစ္ဦးပါ။
ေဆးဝါးကုသတာ ဝါသနာထုံသူမို႔ ေက်ာက္ကပ္ေက်ာက္တည္သူ ကိုေက်ာ္သူရဲ့ကိုယ္ေတြ႕ ေက်ာက္ကပ္ေက်ာက္တည္ျခင္းမွ ခံစားခံရတဲ့ဒုကၡကေန သက္သာခဲ့တဲ့ေဆးနည္းေလး လာေရာက္မၽွေဝေပးခဲ့ပါတယ္ ။
ခံံတက္ေခါက္ႏွင့္ ဗမာသံပုရာသီးအစစ္ ကို အရည္ညႇစ္ၿပီး စတီးဇြန္း တစ္ဇြန္းစာေသြးေသာက္ပါ။ ဆီးကေန … ေက်ာက္ ေႂကြက်လာတာ၃ လုံးခန္.ရေၾကာင္း၊ အႀကီးဆုံးေက်ာက္ကို ေဆးနည္းေျပာရေအာင္ သိမ္းဆည္းထားတာျဖစ္ေၾကာင္း ရွင္းျပခဲ့တယ္။ ခံတက္ပင္ ဖတ္လၽွင္ ဂဒတ္ပင္ဟု အသံထြက္ပါတယ္။ ခံတက္ခ်ဥ္တို႔စရာအျဖစ္ လူသိမ်ားပါတယ္။
အပင္အမ်ိဴးအစားမွာ အပင္ႀကီးမ်ိဳးႏြယ္ျဖစ္ၿပီးအရြက္မွာ ရာဘာရြက္ႏွင့္အေတာ္တူပါတယ္။တပုံစံထဲပါ။ အပင္ေအာက္ေျခမွာ ပင္ပြားမ်ား ေပါက္ေနတတ္ပါတယ္။ အျမစ္ကို တူးယူ၍စိုက္လၽွင္အပင္ရွင္ပါတယ္။ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းမွာ ေပါမ်ားစြာ ေပါက္ေရာက္ပါတယ္။ ခံတက္ေခါက္လို႔ ေရးထားတာက ခံတက္အပင္၏ အေခါက္ကို ဆိုလိုပါတယ္။
ေဆးအညြန္းမွာ –
ခံံတက္ေခါက္ကို အၾကမ္းပန္ကန္တဝက္ခန႔္ ရေအာင္ေသြး၍ သံပုရာသီးတစ္လုံး ညစ္ထဲ့၍ ေသာက္ပါ။ ေရာဂါအႏုအရင့္ကိုၾကည့္၍ ခ်ိန္ေသာက္ပါ။ ပိုေသာက္၍လည္းအႏၲရာယ္မရွိပါ။ကိုယ္ခႏၶာေဖာေရာင္ျခင္းကိုလည္း ေသြးေသာက္ျခင္း ေသြးလိမ္းျခင္းတို႔ျဖင့္ သက္သာေပ်ာက္ကင္းနိုင္ပါတယ္။
ခံတက္ပင္ကို ၿခံဝင္းအတြင္း စိုက္ပ်ိဳးျခင္းျဖင့္ အတိတ္နမိတ္အရ စီးပြားတတ္ေစပါတယ္ရွင္။ လူသားေတြ အားလုံး ေရာဂါဘယ ကင္းေဝးေစဖို႔ ေဆးနည္းေကာင္းေလး မၽွေဝေပးလိုက္တာပါ။
Credit
Leave a Reply