
ထိုင်ရာကနေ ထလိုက်တဲ့အခါ မိုက်ခနဲ မူးဝေသွားတာမျိုး ဖြစ်ဖူးရင်….
ထိုင်ရာကနေ ရုတ်တရက် ထရပ်လိုက်တဲ့အခါ မိုက်ခနဲမူးသွားတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ …။
တခါတလေဆို မျက်စိတွေပြာဝေသွားပြီး ခန္ဓာကိုယ်ကယိုင်ထိုးသွားတာမျိုးအထိတောင် ဖြစ်တတ်ပါတယ် …။
ဒီလိုဘာလို့ဖြစ်တာလဲ၊ ဒီလိုဖြစ်တာဟာ ကိုယ့်အတွက်အန္တရာယ်ရှိလားဆိုတာ သိထားဖို့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ပေးပါနော် …။
မိုက်ခနဲမူးဝေခြင်းဟာ ….
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ် …။
ဒေါသကြီးတတ်တဲ့ စိတ်ကြောင့်ဖြစ်နိုင်တယ် …။
ကိုယ်စားတဲ့အစားအစာထဲမှာ မတည့်တာတစ်ခုခုပါသွားတာမျိုး၊ ကိုယ်နဲ့မတည့်တဲ့ဆေးတစ်ခုခုလိမ်းမိ၊ သောက်မိတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ် …။
သွေးတွင်းသကြားဓာတ်နည်းနေခြင်းကြောင့် ဖြစ်နိုင်တယ် …။
လှုပ်ရှားမှုများလို့ ချွေးထွက်များတာကြောင့်ဖြစ်နိုင်ပါတယ် …။
သွေးကျနေလို့လည်း ဖြစ်နိုင်တယ် …။
နှလုံးရောဂါ ဒါမှမဟုတ် လေဖြတ်တာရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ် …။
ရုတ်တရက်မူးဝေတာဟာ ဒီအချက်တွေထဲက တစ်ချက်တည်းကြောင့်ဖြစ်နိုင်သလို၊ အချက်တော်တော်များများကြောင့်လည်းဖြစ်နိုင်ပြီး အဆိုးဆုံးအခြေအနေအဖြစ် လေဖြတ်တာအထိဖြစ်နိုင်တာကြောင့် အဲ့ဒီလို မိုက်ခနဲမူးဝေတာမျိုး ခဏခဏဖြစ်နေရင် သေချာပေါက် ဆရာဝန်နဲ့ပြသ စစ်ဆေးကာ ဆေးကုသမှု ခံယူသင့်ရင် ယူရပါမယ် …။
ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆေးဝါးဖြစ်တာကြောင့် အခြေအနေသိပ်မဆိုးခင်မှာ ကျန်းမာရေးစစ်ဆေးကုသမှုခံယူပါ၊ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါလို့ အကြံပေးလိုက်ပါတယ်နော် …။ ။
Crd
ထိုင္ရာကေန ထလိုက္တဲ့အခါ မိုက္ခနဲ မူးေဝသြားတာမ်ိဳး ျဖစ္ဖူးရင္….
ထိုင္ရာကေန ႐ုတ္တရက္ ထရပ္လိုက္တဲ့အခါ မိုက္ခနဲမူးသြားတာမ်ိဳး ေတာ္ေတာ္မ်ားမ်ား ျဖစ္ဖူးၾကမွာပါ …။
တခါတေလဆို မ်က္စိေတြျပာေဝသြားၿပီး ခႏၶာကိုယ္ကယိုင္ထိုးသြားတာမ်ိဳးအထိေတာင္ ျဖစ္တတ္ပါတယ္ …။
ဒီလိုဘာလို႔ျဖစ္တာလဲ၊ ဒီလိုျဖစ္တာဟာ ကိုယ့္အတြက္အႏၲရာယ္ရွိလားဆိုတာ သိထားဖို႔ ဒီစာေလးကို ဆုံးေအာင္ဖတ္ၾကည့္ေပးပါေနာ္ …။
မိုက္ခနဲမူးေဝျခင္းဟာ ….
ခႏၶာကိုယ္မွာ ေရဓာတ္နည္းေနျခင္းေၾကာင့္ ျဖစ္နိုင္ပါတယ္ …။
ေဒါသႀကီးတတ္တဲ့ စိတ္ေၾကာင့္ျဖစ္နိုင္တယ္ …။
ကိုယ္စားတဲ့အစားအစာထဲမွာ မတည့္တာတစ္ခုခုပါသြားတာမ်ိဳး၊ ကိုယ္နဲ႔မတည့္တဲ့ေဆးတစ္ခုခုလိမ္းမိ၊ ေသာက္မိတာမ်ိဳးေၾကာင့္လည္း ျဖစ္နိုင္ပါတယ္ …။
ေသြးတြင္းသၾကားဓာတ္နည္းေနျခင္းေၾကာင့္ ျဖစ္နိုင္တယ္ …။
လႈပ္ရွားမႈမ်ားလို႔ ေခၽြးထြက္မ်ားတာေၾကာင့္ျဖစ္နိုင္ပါတယ္ …။
ေသြးက်ေနလို႔လည္း ျဖစ္နိုင္တယ္ …။
ႏွလုံးေရာဂါ ဒါမွမဟုတ္ ေလျဖတ္တာရဲ့ ေရွ႕ေျပးလကၡဏာျဖစ္နိုင္ပါတယ္ …။
႐ုတ္တရက္မူးေဝတာဟာ ဒီအခ်က္ေတြထဲက တစ္ခ်က္တည္းေၾကာင့္ျဖစ္နိုင္သလို၊ အခ်က္ေတာ္ေတာ္မ်ားမ်ားေၾကာင့္လည္းျဖစ္နိုင္ၿပီး အဆိုးဆုံးအေျခအေနအျဖစ္ ေလျဖတ္တာအထိျဖစ္နိုင္တာေၾကာင့္ အဲ့ဒီလို မိုက္ခနဲမူးေဝတာမ်ိဳး ခဏခဏျဖစ္ေနရင္ ေသခ်ာေပါက္ ဆရာဝန္နဲ႔ျပသ စစ္ေဆးကာ ေဆးကုသမႈ ခံယူသင့္ရင္ ယူရပါမယ္ …။
ႀကိဳတင္ကာကြယ္ျခင္းက အေကာင္းဆုံးေဆးဝါးျဖစ္တာေၾကာင့္ အေျခအေနသိပ္မဆိုးခင္မွာ က်န္းမာေရးစစ္ေဆးကုသမႈခံယူပါ၊ ဆရာဝန္ညႊန္ၾကားခ်က္အတိုင္းလိုက္နာၿပီး ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ပါလို႔ အႀကံေပးလိုက္ပါတယ္ေနာ္ …။ ။
Crd
Leave a Reply