မိန်းမဆိုတာ “မယားကြီးလိုလည်း နေတတ်ရမယ်မယားငယ်လိုလည်း နေတတ်ရမယ်.နော်”….

မိန်းမဆိုတာ “မယားကြီးလိုလည်း နေတတ်ရမယ်မယားငယ်လိုလည်း နေတတ်ရမယ်.နော်”….

မိန်းမဆိုတာ… မယားကြီးလိုလည်း နေတတ်ရမယ်၊ မယားငယ်လိုလည်း နေတတ်ရမယ်… ဒါကိုမြင်ပြီး လန့်မသွားနဲ့ဦး… မယားကြီးလိုနေတတ်ရမယ်ဆိုတာက… မယားကြီးတွေဟာ အိမ်ထောင့်တာဝန် ချက်ရေးပြုတ်ရေး ၊လျှော်ရေးဖွတ်ရေးကအစ ကလေး

တာဝန်နောက်ဆုံး နှစ်ဖက်မိဘ ဆွေမျိုးယောက္ခမတွေအတွက်ပါ… သိတတ် လိမ္မာတတ်နဲ့ လင်ယောကျ်ား စီးပွားရှာချိန်မှာ နောက်ဆံမတင်းရလေအောင် သိပ်ကိုတော်ကြတဲ့ အမျိုးသမီးတွေဖြစ်တယ်။ အဲ့လိုယောကျ်ားပေါ် အလိုက်သိလွန်းပြီး အိမ်ထောင့

်တာဝန်၊ ကလေးတာဝန်၊ မိဘတာဝန်တွေကျေပွန်လွန်းတဲ့အခါ “အော် ငါ့အပေါ် … သူသိတတ်လွန်းပါလား၊ ငါ့ကြောင့်ပင်ပန်းလွန်းပါလား ၊သူ့ကြောင့်သာ ငါစိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါလား” လို့တွေးပြီး ကျေးဇူးတင်တတ်တဲ့ ယောကျ်ားမျိုးရှိပေမယ့် ရှားတယ်။

အများစုက… သူ့ကြောင့် ကိုယ်အေးဆေးစီးပွားရှာနိုင်တာကို မတွေးပဲ အိမ်ထောင့်တာဝန်ပိပြီး အလှမပြင်နိုင် သာမာန်ထက် ဆယ်ဆလောက် အိုမင်းနေတဲ့ အိမ်သူသက်ထားကို ပိုက်ဆံအပ်ရတာ သူတို့အတွက် မဟာနစ်နာမှုကြီးလို ထင်မြင်တတ်ကြတာပဲအဲ့အခါ အိမ်အပြင်ထွက်ပြီး အပျော်ရှာတယ်အငယ်အနှောင်းထားတယ်ပေါ့။ အမှောင်ထဲ တိုးဝင်စမှာ မသိကြပေမယ့်… တဖြည်းဖြ

ည်းနဲ့ အိမ်ကမိန်းမလောက် အနွံတာ မခံဘူး၊ မိန်းမမပီသဘူး ဆိုတာတွေ သိလာကြပေမယ့် မှားပြီးသားအခြေအနေကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အနေအထားတွေကြောင့် သိရက်နဲ့ ဆက်မိုက်ကြတဲ့ ယောကျ်ားတွေလည်းရှိတယ်။

အဓိကပြောချင်တာကတော့… လင်ယောကျ်ားကို စိတ်အေးချမ်းသာစွာ ထားနိုင်တဲ့ အိမ်ထောင်မှု မလစ်ဟင်းတဲ့ မယားကြီးလိုနေပါလို့ ။

မယားငယ်လိုနေပါဆိုတာ… များသောအားဖြင့် ယောကျ်ားတွေဟာ သူတို့အလှအပကို မက်မောလို့ ချိုသာတဲ့ အပြောအဆိုတွေကို နှစ်သက်လို့ သူတို့အနားရောက်လာတာလို့ မယားငယ်အများစုက လက်ခံထားတဲ့အတွက် အိမ်ထောင်မှုနိုင်နင်းဖို့ဆိုတာ သူတို့အတွက် သိပ်မလိုဘူးလို့ တွေးမြင်တတ်ကြတယ်။

သူတို့အလုပ်က မလှတဲ့မျက်နှာကို လှအောင်ပြင်မယ်၊ ရွဲနေတဲ့ဘော်ဒီကို ပိုမရွဲေ

အာင် လေ့ကျင့်ခန်းတွေ လုပ်မယ်၊ အလှပြင်ဆိုင်သွားမယ်၊ လျှပ်ပေါ်လော်လီတဲ့ အဝတ်တွေ sexy ကျမယ့် အဝတ်တွေ ရှာဝယ်ကြမယ် ဒီလောက်ပဲသူတို့သိတယ်။

ယောကျ်ားက ပင်ပင်ပန်းပန်း ရှာထားတဲ့ပိုက်ဆံတွေကို မယားကြီးကသာ ချွေတာတန်ဖိုးထားပြီး သုံးကြပေမယ့်… မယားငယ်တွေကတော့ အလှအပအတွက် အဲ့ပိုက်ဆံတွေကို အလကားရသလို သုံးပစ်နိုင်စွမ်းရှိကြတယ်။

ယောကျ်ားတွေကလည်း အိမ်ပြန်လာချိန်မှာ ဆံပင်စုတ်ဖွား ဟင်းနံ့တနံနံနဲ့ ကလေးတာဝန် လူမှုရေး စီးပွားရေး တိုင်ပင်တတ်တဲ့ မယားကြီးထက်… အချိုရည် အေးအေးလေးဖျော်ပြီး အပြုံးနဲ့ဆီးကြိုတတ်တဲ့၊ အမြဲလှနေတဲ့ မယားငယ်ကို ပိုသာယာတတ်ကြတယ်။

မယားကြီးဆီကရနေတဲ့မေတ္တာတွေ၊ သစ္စာတွေ သူမမြင်တော့ဘူး။ အလကားလို ရနေတာကိုး။ မယားငယ်ကျတော့ ဟိုဟာ

ပူဆာ ဒီဟာ ချူစားလုပ်နေပေမယ့် မငြိုငြင်ကြဘူး၊ လက်မတွန့်ကြဘူး။ မယားငယ်က ပိုတန်ဖိုးရှိသယောင် ထင်မြင်ကြတယ်။

မယားငယ်ကလည်း ဆန်ပေးမှဆီရမယ့် အချိုးမျိုးချိုးထားတာကိုး။ယောကျ်ားတွေကလည်း ခက်ခက်ခဲခဲရမှ တန်ဖိုးရှိတယ် ထင်ကြလေတော့… မယားငယ်က တန်ဖိုးရှိပြီးရင်းရှိ… မယားကြီးက တန်ဖိုးမဲ့ပြီးရင်းမဲ့ဖြစ်လာတာပဲ။

ပြောချင်တာကတော့… မယားငယ်လိုလည်း လှတပတနေ… တခါတလေ ယောကျ်ားကို အပူပေးတန်တာလည်း ပေး၊ ဆိုးသင့်တာလည်းဆိုးပေါ့။

အပူမရှိတဲ့ယောကျ်ားက အပူရှာချင်ကြလွန်းလို့ မယုံမရှိလေနဲ့… ကိုယ့်ယောကျ်ား ကိုယ့်ချစ်သူကို ချစ်ရင် သူများနောက် မပါစေချင်ရင်… “မယားကြီးလိုလည်းနေတတ်ရမယ်… မယားငယ်လိုလည်းနေတတ်ရမယ်” လွယ်တော့မလွယ်ဘူး သရုပ်ဆောင်နိုင်ရမှာပေါ့…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*