မန္တလေးကဦးပိန်တံထားထက် (၇၅) နှစ်ပိုစောတဲ့ “မအူတံတား”….

မန္တလေးကဦးပိန်တံထားထက် (၇၅) နှစ်ပိုစောတဲ့ “မအူတံတား”….

ရတ်တရက်ကြည့်လိုက်ရင် ဦးပိန်တံတားနဲ့သိပ်တူတယ်။ ဒါပေမယ့် ဦးပိန်တံတားလို နာမည်မကြီးသလို လူသိလည်းမများပါဘူး။ မှတ်တမ်းတွေအရ ဦးပိန်တံတားထက် (၇၅) နှစ်ခန့်ပိုစောပြီး ရှေးဟောင်းပိုကျတယ်လို့ဆိုရပါမယ်။ တံတားနာမည်လေးက “မအူတံတား” တဲ့။

မအူတံတားကို “ရေစကြိုမြို့” အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာမှာတည်ရှိပြီး “မအူအလယ်ရွာနဲ့မအူငယ်ရွာ” ကြား အင်းကိုဖြတ်ပြီး တည်ဆောက်ထားတာပါ။

မအူငယ်ရွာကိုတော့ ရှေးက “ရန်အောင်မြေတောင်ရွာ” လို့ခေါ်ခဲ့ပါတယ်။ “ဆင်ဖြူရှင်မင်း” လက်ထက် မြန်မာသက္ကရာဇ် (၁၁၂၅ – ၁၁၃၈) ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။

“ဆင်ဖြူရှင်မင်း” မြန်မာသက္ကရာဇ် (၁၀၉၈ – ၁၁၃၈) မှာ ချင်းတွင်းမြစ်တစ်လျှောက် ဘုရားပုထိုးတွေကို လှည့်လည်ဖူးမျှော်ခဲ့ပါတယ်။ အဲ့ဒီအခါ ရန်အောင်မြေမြောက်ရွာမှာ တည်ထားတဲ့ ရန်အောင်မြေဘုရားကိုဖူးမျှော်ဖို့ ယာယီတဲနန်းဆောက်ပြီး (၄၉)ရက်ကြာစံမြန်းခဲ့ပါတယ်။

ဒါကြောင့် အနီးအနားက ရွာသူ ၊ ရွာသားတွေက ဆင်ဖြူရှင်မင်းကိုဖူးမျှော်ဖို့ လာရောက်ကြပါတယ်။ ဘုရင်ကို လာရောက်ဖူးးမျှော်သူတွေထဲမှာ ရန်အောင်မြေတောင်ရွာက တောင်သူဦးမှော်ရဲ့သမီး အလွန်ချောမောလှပတဲ့ အသက်(၁၆)နှစ်အရွယ် “မဥ”လည်းပါလာပါတယ် ။

“ဆင်ဖြူရှင်မင်း” ဟာ “မဥ” ကို စိတ်ဝင်စားသွားမိရာမှ မိဖုရားအဖြစ် သိမ်းပိုက်လိုက်ပါတော့တယ်။ မိဖုရား “မဥ” ကို ချစ်မြတ်နိုးလှတာကြောင့် ရန်အောင်မြင်တောင်ရွာ ၊ ရန်အောင်မြေမြောက်ရွာ ၊ ရွှေဘုံသာတောင်ရွာ နဲ့ ရွှေဘုံသာမြောက်ရွာတွေကို အပိုင်စားပေးသနားခဲ့ပါတယ်။

အဲ့ဒီအချိန်ှက အစပြုပြီး “ရွှေဘုံသာတောင်ရွာ” ကို “မဥတောင်ရွာ”လို့ခေါ်ခဲ့ရာမက နှစ်တွေကြာလာတော့ “မအူတောင်ရွာ” လို့ခေါ်လာကြပါတယ်။ ​“ရွှေဘုံသာမြောက်ရွာ” ကိုလည်း “မဥအလယ်ရွာ” ၊

နှစ်တွေကြာလာတော့ “မအူအလယ်ရွာ” လို့ ယနေ့တိုင်ခေါ်ဝေါ်နေကြပါတယ်။ “ရန်အောင်မြေမြောက်ရွာ” ကို “မဥမြောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ “မအူအောက်ဆိပ်ရွာ”၊“ရန်အောင်မြေတောင်ရွာ”ကိုလည်း “မဥငယ်ရွာ” ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်း ‘မအူငယ်ရွာ’ ဟုပြောင်းလဲခေါ်ခဲ့ကြပါတယ်။

ထိုရွာလေးကိုခြုံငုံပြီး “မဥလေးရွာ” လို့ခေါ်ခဲ့ရာက နှစ်ကာလကြာမြင့်လာတဲ့အခါမှာတော့ “မအူလေးရွာ”လို့ ပြောင်းလဲခေါ်ခဲ့ကြပါတယ်။ နောက်ထပ်ဆင်ဖြူရှင်ဘုရင်ကြီးက သူ့အချစ်တွေကို သက်သေထူဖို့အတွက်မဥလေးကို “လိုရာဆုကိုတောင်းစေ” လို့ ဆိုလာပြန်ပါတယ်။

မိဖုရားမဥက ရန်အောင်မြေရွာနဲ့ ရွှေဘုံသာရွာကြားမှာ အင်းကြီးတစ်ခုရှိတဲ့အတွက် ရွာသူ ၊ ရွာသားတွေ သွားရေးလာရေးနဲ့ ရောင်းဝယ်နိုင်ဖို့အတွက် တံတားတစ်ခုလိုအပ်တယ်လို့ လျှောက်တင်လိုက်ပါတော့တယ်။

မဥလေးလျှောက်တင်လိုက်တာနဲ့ ဘုရင်ကြီးဟာ တံတားကြီးကို တစ်နေ့တည်းနဲ့အပြီးဆောက်ရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။တံတားရဲ့အမြင့်ကတော့ (၇)ပေခန့်ရှိပြီး တိုင်ပေါင်း (၃၄၄)တိုင်နဲ့ အရှည်ပေ (၂၀၀၀)ရှိပါတယ်။

အခန်းပေါင်း (၁၇၄)ခန်းရှိပြီး အဲ့ဒီခေတ်ကာလက တံတားကြီးရဲ့တန်ဖိုးက (၅၄၇၅၅) ငွေဒင်္ဂါးကုန်ကျခဲ့ပါတယ်။ တံတားအမည်ကိုလည်း “မိဖုရားမဥတံတား” လို့ အမည်ပေးခဲ့ပြီး ကာလများစွာလွန်ခဲ့တဲ့အခါ “မအူတံတား” ရယ်လို့ ခုချိန်ထိတိုင်အောင် အမည်တွင်နေခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အခေါ်တွေကတော့ {မဥတံတား} လား {မအူ တံတား} လားတော့အတိအကျမသိပါ

Credit

မႏၲေလးကဦးပိန္တံထားထက္ (၇၅) ႏွစ္ပိုေစာတဲ့ “မအူတံတား”….

ရတ္တရက္ၾကည့္လိုက္ရင္ ဦးပိန္တံတားနဲ႔သိပ္တူတယ္။ ဒါေပမယ့္ ဦးပိန္တံတားလို နာမည္မႀကီးသလို လူသိလည္းမမ်ားပါဘူး။ မွတ္တမ္းေတြအရ ဦးပိန္တံတားထက္ (၇၅) ႏွစ္ခန္႔ပိုေစာၿပီး ေရွးေဟာင္းပိုက်တယ္လို႔ဆိုရပါမယ္။ တံတားနာမည္ေလးက “မအူတံတား” တဲ့။

မအူတံတားကို “ေရစႀကိဳၿမိဳ႕” အေနာက္ေျမာက္ဘက္ ငါးမိုင္ခန္႔အကြာမွာတည္ရွိၿပီး “မအူအလယ္ရြာနဲ႔မအူငယ္ရြာ” ၾကား အင္းကိုျဖတ္ၿပီး တည္ေဆာက္ထားတာပါ။

မအူငယ္ရြာကိုေတာ့ ေရွးက “ရန္ေအာင္ေျမေတာင္ရြာ” လို႔ေခၚခဲ့ပါတယ္။ “ဆင္ျဖဴရွင္မင္း” လက္ထက္ ျမန္မာသကၠရာဇ္ (၁၁၂၅ – ၁၁၃၈) ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာလို႔ သိရပါတယ္။

“ဆင္ျဖဴရွင္မင္း” ျမန္မာသကၠရာဇ္ (၁၀၉၈ – ၁၁၃၈) မွာ ခ်င္းတြင္းျမစ္တစ္ေလၽွာက္ ဘုရားပုထိုးေတြကို လွည့္လည္ဖူးေမၽွာ္ခဲ့ပါတယ္။ အဲ့ဒီအခါ ရန္ေအာင္ေျမေျမာက္ရြာမွာ တည္ထားတဲ့ ရန္ေအာင္ေျမဘုရားကိုဖူးေမၽွာ္ဖို႔ ယာယီတဲနန္းေဆာက္ၿပီး (၄၉)ရက္ၾကာစံျမန္းခဲ့ပါတယ္။

ဒါေၾကာင့္ အနီးအနားက ရြာသူ ၊ ရြာသားေတြက ဆင္ျဖဴရွင္မင္းကိုဖူးေမၽွာ္ဖို႔ လာေရာက္ၾကပါတယ္။ ဘုရင္ကို လာေရာက္ဖူးးေမၽွာ္သူေတြထဲမွာ ရန္ေအာင္ေျမေတာင္ရြာက ေတာင္သူဦးေမွာ္ရဲ့သမီး အလြန္ေခ်ာေမာလွပတဲ့ အသက္(၁၆)ႏွစ္အရြယ္ “မဥ”လည္းပါလာပါတယ္ ။

“ဆင္ျဖဴရွင္မင္း” ဟာ “မဥ” ကို စိတ္ဝင္စားသြားမိရာမွ မိဖုရားအျဖစ္ သိမ္းပိုက္လိုက္ပါေတာ့တယ္။ မိဖုရား “မဥ” ကို ခ်စ္ျမတ္နိုးလွတာေၾကာင့္ ရန္ေအာင္ျမင္ေတာင္ရြာ ၊ ရန္ေအာင္ေျမေျမာက္ရြာ ၊ ေရႊဘုံသာေတာင္ရြာ နဲ႔ ေရႊဘုံသာေျမာက္ရြာေတြကို အပိုင္စားေပးသနားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္ွက အစျပဳၿပီး “ေရႊဘုံသာေတာင္ရြာ” ကို “မဥေတာင္ရြာ”လို႔ေခၚခဲ့ရာမက ႏွစ္ေတြၾကာလာေတာ့ “မအူေတာင္ရြာ” လို႔ေခၚလာၾကပါတယ္။ ​“ေရႊဘုံသာေျမာက္ရြာ” ကိုလည္း “မဥအလယ္ရြာ” ၊

ႏွစ္ေတြၾကာလာေတာ့ “မအူအလယ္ရြာ” လို႔ ယေန႔တိုင္ေခၚေဝၚေနၾကပါတယ္။ “ရန္ေအာင္ေျမေျမာက္ရြာ” ကို “မဥေျမာက္ရြာ” ဟုေခၚေဝၚခဲ့ရာမွ ယခုအခါ “မအူေအာက္ဆိပ္ရြာ”၊“ရန္ေအာင္ေျမေတာင္ရြာ”ကိုလည္း “မဥငယ္ရြာ” ဟု ေခၚခဲ့ၾကရာမွ ေနာက္ပိုင္း ‘မအူငယ္ရြာ’ ဟုေျပာင္းလဲေခၚခဲ့ၾကပါတယ္။

ထိုရြာေလးကိုျခဳံငုံၿပီး “မဥေလးရြာ” လို႔ေခၚခဲ့ရာက ႏွစ္ကာလၾကာျမင့္လာတဲ့အခါမွာေတာ့ “မအူေလးရြာ”လို႔ ေျပာင္းလဲေခၚခဲ့ၾကပါတယ္။ ေနာက္ထပ္ဆင္ျဖဴရွင္ဘုရင္ႀကီးက သူ႔အခ်စ္ေတြကို သက္ေသထူဖို႔အတြက္မဥေလးကို “လိုရာဆုကိုေတာင္းေစ” လို႔ ဆိုလာျပန္ပါတယ္။

မိဖုရားမဥက ရန္ေအာင္ေျမရြာနဲ႔ ေရႊဘုံသာရြာၾကားမွာ အင္းႀကီးတစ္ခုရွိတဲ့အတြက္ ရြာသူ ၊ ရြာသားေတြ သြားေရးလာေရးနဲ႔ ေရာင္းဝယ္နိုင္ဖို႔အတြက္ တံတားတစ္ခုလိုအပ္တယ္လို႔ ေလၽွာက္တင္လိုက္ပါေတာ့တယ္။

မဥေလးေလၽွာက္တင္လိုက္တာနဲ႔ ဘုရင္ႀကီးဟာ တံတားႀကီးကို တစ္ေန႔တည္းနဲ႔အၿပီးေဆာက္ရမယ္လို႔ မိန္႔ေတာ္မူခဲ့ပါတယ္။တံတားရဲ့အျမင့္ကေတာ့ (၇)ေပခန္႔ရွိၿပီး တိုင္ေပါင္း (၃၄၄)တိုင္နဲ႔ အရွည္ေပ (၂၀၀၀)ရွိပါတယ္။

အခန္းေပါင္း (၁၇၄)ခန္းရွိၿပီး အဲ့ဒီေခတ္ကာလက တံတားႀကီးရဲ့တန္ဖိုးက (၅၄၇၅၅) ေငြဒဂၤါးကုန္က်ခဲ့ပါတယ္။ တံတားအမည္ကိုလည္း “မိဖုရားမဥတံတား” လို႔ အမည္ေပးခဲ့ၿပီး ကာလမ်ားစြာလြန္ခဲ့တဲ့အခါ “မအူတံတား” ရယ္လို႔ ခုခ်ိန္ထိတိုင္ေအာင္ အမည္တြင္ေနခဲ့ပါေတာ့တယ္။

မွတ္ခ်က္။ ။ အေခၚေတြကေတာ့ {မဥတံတား} လား {မအူ တံတား} လားေတာ့အတိအက်မသိပါ

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*